Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ချင်းတပ်ဖွဲ့များအပါအဝင် ၁၉ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းကြောင်း ကြေညာ

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ချင်းတပ်ဖွဲ့များအပါအဝင် ၁၉ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းကြောင်း ကြေညာ

0
By Editor on December 16, 2025 Headline

တပ်ပေါင်းစုအဖွဲ့ဝင်များ တော်လှန်ရေးကတိကဝတ် ၄ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ဟုဆို

(006SV)

စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေးတပ်ပေါင်စုတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ချင်းညီနောင် (CB)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ကို စတင်ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

၂၀၂၅ ခုနှစ် မေလတွင် စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် တပ်ဖွဲ့ဝင် ၁၄ ဖွဲ့ဖြင့် ကနဦး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကာ ဘုံသဘောတူညီချက်များ ရရှိလာသည်ဟု စတင်ဖွဲ့စည်းသော ဒီဇင်ဘာလ ၁၅ ရက်က ကြေညာချက်တွင် ထုတ်ပြန်သည်။

“ကျနော်တို့ ပါဝင်တယ်ဆိုတာက ကျနော်တို့ အဖွဲ့အစည်း အချင်းချင်းကြားထဲမှာ ပြန်တိုင်ပင်ပြီးမှ တစ်ယောက်နဲ့ တစ်ယောက် ပြန်မေးကြပြီး၊ အားလုံးကလည်း တက်တက်ကြွကြွပါပဲ၊ ကျနော်တို့ ချင်းညီနောင်မှ မဟုတ်ပါဘူး။ ဒီမှာ ပါဝင်တဲ့ အဖွဲ့တွေ အကုန်လုံးကလည်း တက်တက်ကြွကြွနဲ့ ဒါဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်၊ ခရီးရဲ့ လိုအပ်ချက်လည်း ဖြစ်တယ်ပေါ့။ အဲဒီအတွက်ကြောင့်လည်း တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်လာကြတာပါ။ တဆက်ထဲမှာလည်း အရွေ့ဖြစ်အောင် ၊ အလုပ်ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ၊ ကိုင်ကြမလဲဆိုတာ အဲဒါလည်း ကြိုးစားအားထုတ်ကြဖို့ ရှိပါတယ်။ ဒါဟာ သိမ်မွေ့၊ ရှုပ်ထွေးတဲ့ ခက်ခဲတဲ့ ပူးပေါင်းမှု တစ်ခုပါ။ တကယ် အလုပ်ဖြစ်အောင်တော့ ကြိုးစားအားထုတ်ဖို့ အများကြီး လိုဦးမှာပါ။ အသေးစိတ် သိလိုတဲ့ အချက်အလက်တွေကိုတော့ အဲဒီက ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းစေလိုပါတယ်” ဟု SRA တပ်ပေါင်းစုမှာ ပါဝင်သည့် ချင်းညီနောင်မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်မှ စတင်၍ ထပ်မံဖိတ်ကြားသင့်သော အဖွဲ့များကို ဖိတ်ခေါ်လျက် တပ်ပေါင်းစု ဖြစ်မြောက်ရေး ညီလာခံတစ်ရပ်ကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် ၃ ရက်တာ ကျင်းပနိုင်ခဲ့ပြီး SRA ကို အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

တပ်ပေါင်းစုအတွင်းသို့ မပါဝင်နိုင်သေးသည့် အခြားသော နွေဦးတော်လှန်ရေးအင်အားစုများကိုလည်း မူဝါဒသတ်မှတ်ချက်များနှင့်အညီ ထပ်မံဖိတ်ခေါ်သွားမည်ဟု သိရသည်။

တပ်ပေါင်းစုညီလာခံတွင် တပ်ပေါင်းစု၏ ဖွဲ့စည်းပုံ စည်းမျဉ်းများ ဆွေးနွေးအတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ တပ်ပေါင်းစု၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SRA က ကြေညာသည်။

SRA တပ်ပေါင်းစုအဖွဲ့ဝင်များသည် တော်လှန်ရေး ကတိကဝတ် ၄ ချက်ကိုလည်း ၂၀၂၅ နိုဝင်ဘာလ ၂၃ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ပထမအချက်မှာ ခေတ်အဆက်ဆက် လူထုတောင်းဆိုချက်နှင့် တော်လှန်ရေး ရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်လာရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမည်ဟု သိရသည်။

ဒုတိယအချက်မှာ လက်ရှိကာလတွင် လူထုအပေါ် စစ်အုပ်စုက နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသဖြင့် တနိုင်ငံလုံး အထွေထွေ လူမှုစီးပွား အကြပ်အတည်းများ ရင်ဆိုင်နေရပြီး ထိုအကြပ်အတည်းမှ လူထုတစ်ရပ်လုံး အမြန်ဆုံး လွတ်မြောက်ရန် တပ်ပေါင်းစုအားဖြင့် တိုက်ပွဲဝင်သွားမည်ဟု သိရသည်။

တတိယအချက်မှာ နွေဦးတော်လှန်ရေး၏ လွှမ်းခြုံကွပ်ကဲမှုနှင့် ချိတ်ဆက်မှု အားနည်းချက်များကို ပြင်ဆင်ပြီး မိမိတို့အဖွဲ့အစည်းများသည် ခိုင်မာကျယ်ပြန့်သော မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့် ရပ်တည်သွားရန်နှင့် ရှင်းလင်း၍ ထိရောက်အားကောင်းသော ကွပ်ကွဲမှု ယန္တရားတရပ် ပေါ်ပေါက်လာရန် လုပ်ဆောင်မည်ဟု သိရသည်။

နောက်ဆုံးအချက်မှာ နွေဦးတော်လှန်‌ရေး မဟာမိတ်တပ်ပေါင်းစု၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို စုစည်းညီညွတ်မှုအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

SRA တပ်ပေါင်းစုသည် စစ်ကော်မရှင်လုပ်ရပ်များကို ဗျူဟာမြောက် ခုခံတွန်းလှန်သွားနိုင်ရန် နွေဦးတော်လှန်ရေး တပ်ဖွဲ့များအကြား စုစည်းညီညွတ်မှုအားကို အခြေပြု၍ တော်လှန်ရေး ကျင့်ဝတ်အပြည့်ဖြင့် လူထု၏ ဖက်ဒရယ် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေး လိုလားချက်များ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဟု သိရသည်။

SRA တပ်ပေါင်းစုအဖွဲ့ဝင် ချင်းညီနောင် – CB ၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော်-BPLA ၊ ဗမာ့တပ်တော် – BA ၊ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ – KNDF ၊ 96 Soldiers PDF ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ၊ ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်တော် – DPLF ၊ Force for Federal Democracy – FFD ၊ Generation Z Army- GZA ၊ ကလေးဒေသတော်လှန်ရေးတပ် – KRF ၊ မကွေးပြည်သူ့ကာကွယ်ရေးမတော် – Magway PDF ၊ မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ အမျိုးသားလတ်မြောက်ရေးတပ်တော် – NLA ၊ ပြည်သူ့လွတ်မြောက်ရေဂတပ်တော် – PIA ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေး တပ် (ခမ်းဒေါင်)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် – Sagaing PDF ၊ ကျောင်းသားလက်ရုံးတပ်တော် – SAF ၊ ယောတပ်တော် – YA နှင့် ယောကာကွယ်ရေးတပ် – YDF တို့ ပါဝင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.