Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝနယ်မြေ စိုးမိုးထိန်းချုပ်နိုင်ရေး Project Kimo ကမ်ပိန်း သတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ပြည့်မီသေး၊ ဆက်လက်ပါဝင်အားဖြည့်ရန် ဖိတ်ခေါ်

ပလက်ဝနယ်မြေ စိုးမိုးထိန်းချုပ်နိုင်ရေး Project Kimo ကမ်ပိန်း သတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ပြည့်မီသေး၊ ဆက်လက်ပါဝင်အားဖြည့်ရန် ဖိတ်ခေါ်

0
By Editor on November 24, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် Project Kimo သိန်း ၅၀၀၀ ကမ်ပိန်းသည် သတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ပြည့်မီသေးပြီး ပြည်သူများအနေဖြင့် ဆက်လက်ပါဝင်အားဖြည့်ပေးကြရန် ဦးဆောင်စီစဉ်သူများက ဖိတ်ခေါ်တောင်းဆိုထားသည်။

ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ဦးဆောင်မှုဖြင့်ဆောင်ရွက်သော Project Kimo သည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Paletwa မှ နယ်မြေစိုးမိုးထိန်းချုပ်လာစေရေး အားဖြည့်ရန်နှင့် ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သော ငွေကြေးများထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေသော ပရောဂျက်ဖြစ်သည်။

ယခုပြုလုပ်လျက်ရှိသော Project Kimo သည် လာမည့်ဒီဇင်ဘာ ၁၁ ရက်အထိ သတ်မှတ်ထားသည်ဟုသိရပြီး ကမ်ပိန်းသတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ရရှိသေးသည့်အတွက် ပြည်တွင်း/ပြည်ပက တိုင်းရင်းသားညီအကိုများအနေဖြင့် အားဖြည့်ပါဝင်ပေးကြရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီ Project Kimo က ပလက်ဝနယ်မြေရှိ တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးနိုင်ဖို့အတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်တယ်၊ ကျန်တဲ့အရာတွေက လူမှုဝန်ဆောင်မှုလုပ်ငန်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကမ်ပိန်း သိန်း ၅၀၀၀ ကို ပြည့်မီနိုင်အောင်အတွက် ဝိုင်းဝန်းပြီးမှ ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကပြောသည်။

Project Kimo သည် အလှူငွေထည့်ဝင်သည့် Donation ပုံစံဖြစ်သည်နှင့်အညီ အလှူရှင်များ၏ မေတ္တာ စေတနာကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အလှူငွေအမေရိကန်ဒေါ်လာ ၂၀ နှင့်အထက် လှူဒါန်းသူများအတွက် ကံစမ်းမဲအစီစဉ်လည်း စီစဉ်ထားသည်။

ယင်းကံစမ်းမဲအစီစဉ်တွင် ပထမဆုအနေဖြင့် စီးဆင်းနေသည့် ကုလားတန်မြစ်ကို စီးမိုးပြီးမြင့်နေရသည့် ဆမီးမြို့နယ်တောင်ပေါ်ဒေသက မြေကွက်တစ်ကွက်၊ ဒုတိယဆုအနေဖြင့် အချက်အချာကျသော ပလက်ဝ မြို့ပြစီမံကိန်းမှ မြေကွက်တစ်ကွက်နှင့် တတိယဆုအနေဖြင့် ခူမီးချင်းရိုးရာဝတ်စုံ ငါးစုံ စသည်ဖြင့် ဆုမဲအသီးသီးသတ်မှတ်ထားပြီး အခြား အထူးကံစမ်းမဲအစီစဉ်လည်းရှိကြောင်း သိရသည်။

ပလက်ဝမြို့သည် ချင်းပြည်နယ်၏ တစ်ခုတည်းသော ပင်လယ်ထွက်ပေါက်ဖြစ်သည်နှင့်အညီ မြန်မာနှင့်အိန္ဒိယ ပူးတွဲဖေါ်ဆောင်နေသော “ကုလားတန်ဘက်စုံစီမံကိန်း” တည်ရှိသည့်နေရာလည်းဖြစ်ပြီး ယင်းစီမံကိန်းသည် ချင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသလို အိန္ဒိယနိုင်ငံအတွက်လည်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအတွက် အလွန်အရေးပါသော မဟာဗျုဟာမြောက် စီမံကိန်းတစ်ခုဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ပလက်ဝမြို့နယ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော CDF-Paletwa က စိုးမိုးထားနိုင်ပါက နွေဦးတော်လှန်ရေးအတွက် အလွန်လေးနက်သော အကျိုးအမြတ်များရရှိလာနိုင်မှာဖြစ်သလို အထူးသဖြင့် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးမှာ လက်တွေ့ကျသော သက်ရောက်မှုကို ရရှိစေနိုင်မှာဖြစ်သည်ဟု Project Kimo ဦးဆောင်သူများက ဆိုသည်။

ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီအနေဖြင့် ပလက်ဝမြို့နယ်ကို ပလက်ဝ၊ ဆမီး၊ မီးဇာနှင့် ဖုန်းလောင် စသည့် ဇုန်နယ် (၄) ခုခွဲပြီး ပြည်သူ့အုပ်ချုပ်မှုယန္တရား တည်ဆောက်လျှက်ရှိသည်ဟု သိရသည်။

Project Kimo အတွက် လှူဒါန်းလိုပါက အောက်ပါ Linkမှာ လှူဒါန်းနိုင်ပါသည်။
https://chuffed.org/project/projectkimo
https://www.facebook.com/profile.php?id=100083261084988

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.