Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်၀မြို့နယ်က တောင်ယာစပါးများ ယခင်နှစ်ထက် အထွက်ကောင်းဟုဆို

ပလက်၀မြို့နယ်က တောင်ယာစပါးများ ယခင်နှစ်ထက် အထွက်ကောင်းဟုဆို

0
By Editor on October 20, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စပါးစိုက်တောင်သူများ၏ စပါးခင်များသည် ယခင်နှစ်ထက် ပိုမိုအောင်မြင်ဖြစ်ထွန်းကြ သည်ဟု ဒေသခံများက ပြောသည်။

“ဒီနှစ်က အဆင်ပြေတယ်။ စပါးအထွက်နှုန်းလည်း အရင်နှစ်ထက်စာရင် ကောင်းကြတယ်လို့ ပြောကြတယ်။ စပါးအထွက်နှုန်းက တရွာနဲ့တရွာတော့ မတူဘူးပေါ့နော်။ တချို့ နေရာတွေမှာ သိပ်မကောင်းဘူးပေါ့။ အဆင်ပြေတဲ့ ရွာတွေက တော်တော်လေး များတယ်” ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ပလက်၀မြို့နယ်၊ ကုလာတန်းမြစ်အထက်ပိုင်း နှင့် ဆမီးနယ်ဘက်တို့တွင် စပါးခင်အများစုမှာ အောင်မြင်ဖြစ်ထွန်းကြပြီး လေးမြို့ နယ်ဘက်တွင် စပါးခင်တချို့မှာ ဝါးပွင့်ချိန်နှင့် တိုက်ဆိုင်နေ၍ ကြွက်ကိုက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပလက်oမြို့နယ်ထဲတွင် ယခုနှစ် စိုက်ပျိုးရာသီတွင် မိုးနှောင်းကောင်းသောကြောင့် စပါးများ ကောင်းမွန်ကြပြီး ယမန်နှစ်က စပါးပွင့်ချိန်တွင် မိုးနှောင်း အားနည်းသောကြောင့် စပါးစိုက်တောင်သူများ အခက်အခဲဖြစ်ပေါခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ်၏ တချို့ကျေးရွာများတွင် ဆန်တအိတ်ကို အနည်းဆုံး ၇ သောင်းနှင့်အထက်ဈေးဖြင့် ဒေသခံအချင်းချင်း ရောင်းပေးကြပြီး တချို့ကျေးရွာများနှင့် ကုလားတန်မြစ် အနောက်ခြမ်းတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ပုံစာ -ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တောင်ယာစပါးခင်း

Photo: Ah Win

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.