Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ်တွင် ဒေသခံပြည်သူ ၂ ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြ

ဖလမ်းမြို့နယ်တွင် ဒေသခံပြည်သူ ၂ ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြ

0
By Editor on October 19, 2021 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါး လမ်းမကြီးပေါ်တွင်တည်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲကာ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ လူနေအိမ်အဆောက်အဦးများ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသည့်အတွက် ကျေးရွာ ၇ ရွာမှ လူဦးရေ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“စစ်ဘေးရှောင်ရွာက ၇ ရွာရှိတယ်၊ သူတို့က နီးစပ်ရာတောထဲမှာ များတယ် ခိုလှုံကြတာ။ တလန်ရွန်တို့၊ တာလ်တို့က ရွာလုံးကျွတ်ရှောင်ကြတယ်၊ ရီရဲလ်သီးရွာဆိုရင် အိမ်တောင်မှ မရှိတော့တာ၊ လုံးဝအိမ်တစ်လုံးမှ မကျန်တော့ဘူး။ အခုနီးစပ်ရာတောထဲမှာ ရှောင်ပုန်းကြတယ် အခုလူဦးရေက ၂ ထောင်ကျော်ခန့်မှန်းလို့ရမယ်။” ဖလမ်းမြို့က ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖလမ်း-ဟားခါးလမ်းမကြီးပေါ်ရှိ Lungpi/Lungrang၊ Zalai၊ Rialti, Thlanrawn ရွာသစ်၊ ရွာဟောင်း၊ Taal ရွာ၊ Tlangzar စသည့်ကျေးရွာတို့တွင်နေထိုင်သူပြည်သူများသည် နေအိမ်စွန့်ခွာထွက်ပြေးနေကြရပြီးနောက်ထပ်ထွက်ပြေးတိမ်းရှောင် မည့်ရွာလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။

ယခုလက်ရှိ စစ်ဘေးရှောင်များသည် နီးစပ်ရာတောထဲတောင်ထဲတွင် စစ်ဘေးခိုလုံနေကြရပြီး ၎င်းတို့အတွက် အစားအသောက်ပိုင်းနှင့် မိုးကာ၊စောင်များ လိုအပ်နေသည်ဟု လည်း သိရသည်။

“စားဖို့သောက်ဖို့ကျတော့ သူတို့နည်းနည်းပါးသွားတာတွေရှိတယ်၊ ဒါပေမယ့် ရေရှည်အတွက်တော့အဆင်မပြေေ လာက်ဘူး” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

စစ်ကောင်စီသည် အနောက်မြောက်ပိုင်းစစ်တိုင်းမှုးအပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ချင်းပြည်နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် စစ်အင်အားများအလုံးအရင်းဖြင့် တိုးချဲလာနေပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီ၏ သံချက်ကာနှင့် စစ်ကားအစီး ၅၀ ကျော်ဖလမ်းမြို့သို့ရောက်ရှိခဲ့သည်။

ဖလမ်းမြို့မှ ဟားခါးမြို့သို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီစစ်ကားများ ဆက်လက်ချီတက်ရာတွင် ဖလမ်းမြို့နယ် ရီရဲလ်သီး (Rialti) ကျေးရွာရှိလူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် ချင်းအမျိူးသားတပ်ဦး (CNF) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ တလန်ရွန်ရွာသစ်က ဘုရားကျောင်းနှင့်လူနေအိမ် ၁၀ အိမ်ထက်မနည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဖလမ်း-ဟားခါးအကြားတွင် စစ်ကောင်စီနှင့် ချင်းအမျိူးသားတပ်ဦး (CNF)၊ CDF၊ CNDF ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကား ၁၆ စီးဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်သားအမြောက်အများ သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

Zawgyi

ခ်င္းျပည္နယ္၊ ဖလမ္းျမိဳ႕နယ္ ဖလမ္း-ဟားခါး လမ္းမၾကီးေပၚတြင္တည္ရွိေသာ ေက်းရြာမ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ား တပ္စြဲကာ လက္နက္ႀကီးမ်ားရမ္းသမ္းပစ္ခတ္ျခင္း၊ လူေနအိမ္အေဆာက္အဦးမ်ား မီးရိႈ႕ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ေနသည့္ အတြက္ ေက်းရြာ ၇ ရြာမွ လူဦးေရ ႏွစ္ေထာင္ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။

“စစ္ေဘးေရွာင္ရြာက ၇ ရြာရွိတယ္၊ သူတုိ႔က နီးစပ္ရာေတာထဲမွာ မ်ားတယ္ ခုိလႈံၾကတာ။ တလန္ရြန္တို႔၊ တာလ္တုိ႔က ရြာလုံးကြ်တ္ေရွာင္ၾကတယ္၊ ရီရဲလ္သီးရြာဆုိရင္ အိမ္ေတာင္မွ မရွိေတာ့တာ၊ လုံးဝအိမ္တစ္လုံးမွ မက်န္ေတာ့ဘူး။ အခုနီးစပ္ရာေတာထဲမွာ ေရွာင္ပုန္းၾကတယ္ အခုလူဦးေရက ၂ေထာင္ေက်ာ္ခန္႔မွန္းလုိ႔ရမယ္။” ဖလမ္းျမိဳ႕က ၎တုိ႔ႏွင့္ နီးစပ္သူ တစ္ဦးကေျပာသည္။

ဖလမ္း-ဟားခါးလမ္းမႀကီးေပၚရွိ Lungpi/Lungrang၊ Zalai၊ Rialti, Thlanrawn ရြာသစ္၊ ရြာေဟာင္း၊ Taal ရြာ၊ Tlangzar စသည့္ေက်းရြာတုိ႔တြင္ေနထုိင္သူျပည္သူမ်ားသည္ ေနအိမ္စြန္႔ခြာထြက္ေျပးေနၾကရၿပီးေနာက္ထပ္ထြက္ေျပးတိမ္းေရွာင္ မည့္ရြာလည္းရွိသည္ဟု ၎ကဆက္ေျပာသည္။

ယခုလက္ရွိ စစ္ေဘးေရွာင္မ်ားသည္ နီးစပ္ရာေတာထဲေတာင္ထဲတြင္ စစ္ေဘးခုိလုံေနၾကရျပီး ၎တုိ႔အတြက္ အစား အေသာက္ပုိင္းႏွင့္ မုိးကား၊ေစာင္မ်ား လုိအပ္ေနသည္ဟု လည္း သိရသည္။

“စားဖို႔ေသာက္ဖို႔က်ေတာ့ သူတို႔နည္းနည္းပါးသြားတာေတြရွိတယ္၊ ဒါေပမယ့္ ေရရွည္အတြက္ေတာ့အဆင္မေျပေ လာက္ဘူး’’ ဟု အထက္ပါပုဂၢိဳလ္ကေျပာသည္။

စစ္ေကာင္စီသည္ အေနာက္ေျမာက္ပိုင္းစစ္တုိင္းမႈးအေျပာင္းအလဲျပဳလုပ္ခဲ့ျပီးေနာက္ ခ်င္းျပည္နယ္၏ ေျမာက္ပို္င္းႏွင့္ ေတာင္ပိုင္းတုိ႔တြင္ စစ္အင္အားမ်ားအလံုးအရင္းျဖင့္ တိုးခ်ဲလာေနၿပီး ေအာက္တိုဘာလ ၁၂ ရက္ေန႔တြင္ စစ္ေကာင္စီ၏ သံခ်က္ကာႏွင့္ စစ္ကားအစီး ၅၀ ေက်ာ္ဖလမ္းၿမိဳ႕သို႔ေရာက္ရွိခဲ့သည္။

ဖလမ္းၿမိဳ႕မွ ဟားခါးၿမိဳ႕သို႔ ေအာက္တိုဘာလ ၁၃ ရက္ေန႔တြင္ စစ္ေကာင္စီစစ္ကားမ်ား ဆက္လက္ခ်ီတက္ရာတြင္ ဖလမ္းၿမိဳ႕နယ္ ရီရဲလ္သီး (Rialti) ေက်းရြာရွိလူေနအိမ္မ်ား မီးရွိဳ႕ဖ်က္ဆီးခဲ့ၾကၿပီးေနာက္ ခ်င္းအမ်ဴိးသားတပ္ဦး (CNF) ႏွင့္ ခ်င္းေဒသကာကြယ္ေရးတပ္ဖြဲ႔(CDF) ပူးေပါင္းတပ္ဖြဲ႔မ်ားႏွင့္ တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ၾကသည္။

စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားသည္ ေအာက္တိုဘာလ ၁၄ ရက္ေန႔တြင္ ဖလမ္း-ဟားခါးလမ္းမေပၚရွိ တလန္ရြန္ရြာသစ္က ဘုရားေက်ာင္းႏွင့္လူေနအိမ္ ၁၀ အိမ္ထက္မနည္း ထပ္မံမီးရိႈ႕ဖ်က္ဆီးခဲ့ၾကသည္။

ဖလမ္း-ဟားခါးအၾကားတြင္ စစ္ေကာင္စီ ႏွင့္ ခ်င္းအမ်ဴိးသားတပ္ဦး (CNF)၊ CDF၊ CNDF ပူးေပါင္းတပ္တို႔ တိုက္ပြဲအတြင္း စစ္ေကာင္စီစစ္ကား ၁၆ စီးဖ်က္ဆီးခံရၿပီး စစ္ေကာင္စီတပ္သားအေျမာက္အမ်ားေသဆံုးမႈရွိခဲ့သည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.