Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နယ်မှာ ဖယောင်တိုင်းမီးမှတဆင့် နေအိမ်တစ်လုံး မီးလောင်ပြာကျ၊ ၉ နှစ်ရွယ်ကလေးငယ် သေဆုံး

ဖလမ်းမြို့နယ်မှာ ဖယောင်တိုင်းမီးမှတဆင့် နေအိမ်တစ်လုံး မီးလောင်ပြာကျ၊ ၉ နှစ်ရွယ်ကလေးငယ် သေဆုံး

0
By Editor on August 1, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် လုမ်သဲကျေးရွာတွင် ညီအမ ၃ ဦး ဖယောင်းတိုင်မီးထွန်း၍ စာကြည့်နေစဉ် မတော်တဆ မီးလောင်မှုဖြစ်ပွားကာ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အသက် ၁၁ နှစ်အရွယ် အမဖြစ်သူ ဒါဏ်ရာရရှိခဲ့ကြောင်း ‌ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၉ နှစ်အရွယ် မိုင်ကိမ်းရဲမ်းဆွီးဖြစ်ပြီး ညီမ ၃ ယောက်အနက် အငယ်ဆုံးဖြစ်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ည ၉နာရီဝန်းကျင်တွင် ညီကိုမောင်နှမ ၃ ယောက်အနက် အကြီးဆုံးမှာ ရွာထဲသို့ စာအုပ်ငှားရန်သွားနေစဉ် ညီမ ၂ ယောက်က ကျောင်း၏ ပထမအစမ်းစာမေးပွဲအတွက် ဖယောင်းတိုင်မီးထွန်းကာ စာကြည့်ရင်း အိပ်ငိုက်မိရာကနေ ဖယောင်းတိုင်မီးမှ ပလပ်စတစ်စားပွဲသို့ ကူးစက်ပြီး နေအိမ်တစ်ခုလုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် မိဘနှစ်ပါးမှာ တောင်ယာအလုပ်များကြောင့် တောင်ယာသို့ ညအိပ်နေကြသည့်အချိန် ဖြစ်သည်။

ဒေသခံများက မီးလောင်မှုသတင်းသိရှိပြီး ၉:၃၀ နာရီခန့်တွင် ရောက်ရှိလာကြသော်လည်း မီးအလွန်ပြင်းထန်သောကြောင့် မီးမငြိမ်းသတ်နိုင်ခဲ့ကြကြောင်း ကိုယ်တိုင် သွားရောက်ကူညီပေးသူ ဒေသခံအမျိုးသားက ‌ပြောသည်။

“ကျွန်တော်တို့ သိလို့သွားတဲ့အချိန်မှာ ၉ နာရီခွဲလောက်ရှိပြီ။ ရောက်တော့ မီးကတော်တော်ကို လောင်နေပြီ။ အရမ်းပူတယ်။ အိမ်က ထင်းရှူးသားမို့လို့လားမသိဘူး အရမ်းတောက်တာ။ အနားကပ်လို့တောင်မရဘူး။ ကျွန်တော်တို့ မီးတောင်မငြိမ်းနိုင်ပဲ စောင့်ကြည့်ဖို့သာ တတ်နိုင်‌တော့တယ်။ တော်သေးတာက အဲဒီနေ့ လေလဲမတိုက်ဘူး။ နောက် ဘေးအိမ်တွေကို ရေလောင်းထားတော့ မီးကဆက်မကူးတာ၊ တခြားအိမ်ထိခိုက်တာမရှိပါဘူး” ဟု ၎င်းပြောသည်။

မိုင်ကိမ်းရဲမ်းဆွီး၏ အလောင်းကိုမူ ည ၁၁ နာရီခန့်တွင်သာ ရှာဖွေတွေ့ရှိခဲ့ရာ ဦးခေါင်းနှင့် ကိုယ်ထည်အပိုင်းအစများသာ ကျန်ရှိခဲ့သည်ဟု ဒေသခံအမျိုးသားက ပြောသည်။

“ကျွန်တော်တို့ အလောင်းကို ၁၁ နာရီလောက်မှ ရတယ်။ အိမ်ကတော့ဘာမှရစရာမရှိဘူး။ သမီးလေးရဲ့ အလောင်းကလဲ ဦးခေါင်းပိုင်းရယ်၊ သူ့ရဲ့ ကိုယ်ထည်ပိုင်းပဲ ကျန်တယ် တခြားအပိုင်းကတော့ ဘာမှ မကျန်တော့ဘူး။ ဒီနေ့ သဂြိုလ်လိုက်ပါပြီ” ဟု ၎င်းကပြောသည်။

အသက် ၁၁ နှစ်အရွယ် အမဖြစ်သူမှာ မီးလောင်မှုဖြစ်စဉ်အတွင်း ပြတင်း ပေါက်မှ ခုန်ချထွက်ပြေးကာ မျက်နှာ၊ လက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ မီးပူဟပ်ဒါဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရဘဲ ရွာထဲတွင်သာ ကုသမှုခံယူနေသည်ဟု သိရသည်။

အသက်ဘေးမှလွတ်ခဲ့သူ အမဖြစ်သူ၏ ပြောပြချက်အရ ညီမငယ်သည် မီးစလောင်သည့်အချိန်တွင် အမဖြစ်သူထံ “အမ ပူလွန်းနေပြီ” ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း၊ ထိုအချိန်တွင် အမဖြစ်သူနှင့်အတူ ထရပ်ပြီး လွတ်မြောက်ရန် နည်းလမ်းရှာခဲ့ကြသော်လည်း မီးလောင်မှုပိုမိုပြင်းထန်လာခဲ့ကြောင်း ဆိုသည်။

ထို့နောက် အမဖြစ်သူက ပြတင်းပေါက်မှ ခုန်ချရန် ညီမငယ်အားပြောသော်လည်း ညီမငယ်မှာ ကြောက်ရွံ့၍ ခုန်ချရန် မဝံ့မရဲဖြစ်နေခဲ့တာကြောင့် အမဖြစ်သူက အရင် ခုန်ချပြီး “ညီမလာခုန်၊ အမဖမ်းထားမယ်” ဟု အော်ခေါ်ခဲ့သော်လည်း ညီမငယ်မှာ ခုန်ချမလာဘဲ မီးထဲသို့ လုံးဝပါသွားခဲ့ရခြင်းဟု ပြောဆိုကြောင်း သိရသည်။

ကလေးငယ်၏ အလောင်းကို ယမန်နေ့ နေ့လည်က သဂြိုလ်ခဲ့ကြပြီး လက်ရှိတွင် ၎င်းတို့သည် အမျိုးနေအိမ်တွင် ခေတ္တတည်းခိုနေရပြီး ၎င်းတို့အတွက် ‌နေအိမ်အပြင် နေ့စဉ် စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်လျက်‌ရှိနေပြီး အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းပေးကြရန် လုမ်သဲရွာ တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.