Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့မှာ တိုက်ပွဲများ ပြင်းထန်နေ

ဖလမ်းမြို့မှာ တိုက်ပွဲများ ပြင်းထန်နေ

0
By Editor on March 12, 2025 Headline

စစ်ကောင်စီက ဖလမ်းမကျစေရေး လေကြောင်းပစ်ကူ အများပြားဖြင့် ခုခံ

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ခလရ – ၂၆၈ တပ်ကုန်းတွင် ယနေ့ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ပစ်ကူအများအပြားဖြင့် ခုခံလျက်ရှိသည်ဟု သိရသည်။

ယနေ့ မတ်လ ၁၂ ရက်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီက မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာများ၊ Y -12 နှင့် Y – 8 လေယာဉ်များအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ တနေကုန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

“ဒီနေ့ကတော့ နှစ်ဖက်တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်။ ပြင်းထန်တော့ တနေ့ကုန်ပါပဲ။ မနက်မိုးလင်းကတည်းကနေ အခုထိ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ချပြီး တိုက်ခိုက်နေတယ်။ တော်တော်လေး များပါတယ်။ ဂျက်အစီးရေနဲ့ လာနေ တာတောင် ၁၀ ခေါက်ထက် ကျော်တယ်။ Y- 12 နဲ့ရော၊ ကင်းထောက်လေယာဉ်တွေ Y – 8 တို့လည်း အခုထိ လာနေတုန်းပါ။ တော်တော်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်၍ ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်ထိုးစစ်ဆင်နေရာ နောက်ဆုံးလက်ကျန်စခန်းကုန်ကို သိမ်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

ချင်းပူးပေါင်းတပ်ဖွဲ့သည် ဖလမ်းမြို့ပေါ်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး တောင်ကုန်းပေါ်တွင် တည်ရှိသော ခလရ – ၂၆၈ တပ်ရင်းသာ ကျန်ရှိသောကြောင့် ၎င်းစခန်းကို သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက် နေခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ရဟတ်ယာဉ်ဖြင့် နောက်ဆုံးကျန်ရှိနေသော ခလရ – ၂၆၈ တပ်ကုန်းကို ပြီးခဲ့သည့် ဇန်နဝါရီလတုန်းက စစ်ကူအင်အား ပေးပို့ခဲ့သည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီး ရမိထားပြီး နိုင်ငံတကာ ဥပဒေများအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CDF – မင်းတပ်နှင့် PDF – Zoland အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော်များ ထိခိုက် ကျဆုံးမှုများ ရှိကြောင်း၊ စစ်ကောင်စီဘက်မှလည်း ထိခိုက်အကျအဆုံး များပြားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.