Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ၊ နေအိမ် ၂ လုံးမီးလောင်

ဖလမ်းမြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ၊ နေအိမ် ၂ လုံးမီးလောင်

0
By Editor on November 8, 2024 Khonumthung

(002MG)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ပေါ် တလန်လိုရပ်ကွက်တွင် စစ်ကောင်စီ တပ်နှင့် ချင်းအမျိုသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား ယနေ့မနက် (၁၀) နာရီမှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု လက်ရှိ ဖလမ်း မြို့တွင်း နေထိုင်သူ ဒေသခံတစ်ဦးထံမှ သိရသည်။

“အခုထိဖြစ်နေသေးတယ်၊ မနက် (၁၀) နာရီလောက်ကဖြစ်တာ (၃)နာရီလောက် ဖြစ်သွားပြီ။ လက်နက်ကြီး ပစ်ခတ်မှု ကများတယ်၊ လူငယ်တွေက စခန်းချတဲ့နေရာအထိ တပ်ဖက်ကသွားပြီးတော့ ထိတွေ့မှုဖြစ်တာ၊ အိမ်က နှစ်လုံးမီး လောင်တယ်၊ အိမ်ဆိုင်ဆိုတော့ ဓာတ်ဆီတွေလည်း ရောင်းတယ်ဆိုတော့ လောင်စေတတ်တဲ့ပစ္စည်း ကြောင့်လား၊ ပစ်ခတ်ရင်းနဲ့ လောင်တာလား မသိရသေးဘူး သွားလည်းမကြည့်နိုင်သေးဘူး” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာ တလန်လိုရပ်ကွက်က နေအိမ် ၂ လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်သတ်ရန် အိမ်ပြင်မထွက်ရဲကြသည့်အတွက် မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ အကုန်မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ မီးလောင်သည့် အကြောင်းရင်းကိုမသိရသော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့်ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလကုန်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု ကြောင့် အရပ်သားအနည်းဆုံး ၄ ဦးဒဏ်ရာရရှိကာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သည်။

လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြသည့် ဖလမ်းမြို့တွင် ဒေသခံပြည်သူအများစုသည် ဖလမ်း မြို့အနီးအနား ကျေးရွာများ၊ ဟားခါး၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် စစ်ဘေး တိမ်းရှောင်နေကြရကာ ယခုလက်ရှိ ဖလမ်းမြို့မှာ လူဦးရ (၂၀၀) ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.