Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်စဉ် ဆေး၀ါးမလုံလောက်မှုကြောင့် မီးတွင်း မိခင်သေဆုံးမှုနှင့် မွေးကင်းစကလေး သေဆုံးမှု ၂၀ ၀န်းကျင်ရှိ
Photo - (ယခင်ပုံဟောင်း) မင်းတပ်မြို့နယ်က စစ်ဘေးရှောင်များ

မင်းတပ်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်စဉ် ဆေး၀ါးမလုံလောက်မှုကြောင့် မီးတွင်း မိခင်သေဆုံးမှုနှင့် မွေးကင်းစကလေး သေဆုံးမှု ၂၀ ၀န်းကျင်ရှိ

0
By Editor on February 24, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်စဉ် ဆေးဝါးပြတ်လပ်မှုနှင့် ဆေး၀◌ါးမလုံလောက်မှု တို့ကြောင့် ၃ နှစ်တာကာလအတွင်း မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု ( ၂၀) ၀◌န်းကျင်ထိ ရှိခဲ့သည်ဟု မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီသည် မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ် ရေးကြေညာကာ ဆေး၀◌ါးသယ်ယူခွင့်ကန့်သတ်ပိတ်ထားသည့်အတွက် မင်းတပ်မြို့နယ်အတွင်း စစ်ရေးကြောင့် ထွက် ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များသည် ဆေး၀◌ါးပြတ်လပ်မှုနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆရာဝန်များ မရှိခဲ့ သည့်အတွက်အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလောရင့်က ပြောသည်။

“အိမ်ထောင်သည်အမျိုးသမီးတွေကိုယ်ဝန်ဆောင်တဲ့အခါ၊ ကလေးမွေးတဲ့အခါ ဆေးဝါးပြသာနာ၊ ဆေးဝါးလုံလောက်မှု မရှိဘူး၊ သင့်တင့်လျောက်ပတ်တဲ့ အာဟာရဖြည့်စွပ်မှု တော်တော်လေးလိုပါတယ် ကျွမ်းကျင်ဆရာဝန်၊ သက်ဆိုင်ရာ ဆရာဝန်တွေ လုံလောက်မှုမရှိတဲ့အခါကျတော့ သေဆုံးမှုကလည်းတော်တော် လေးမြင့်တက်နေသေးတယ်။ ကိုယ်ဝန် ဆောင်တွေဆိုရင် ရွာလက်သည်နဲ့ပဲ မွေးတာ။ သယ်ယူပို့ဆောင်ရေးက လည်းလိုတာကိုး ဒီတိုင်းဆိုင်ကယ်နဲ့ သွားဖို့ လမ်းကြမ်းမှာသွားဖို့ကလည်း အဆင်မပြေပြန်ဘူး” ဟု ကိုလောရင့်ကပြောသည်။

မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနစ်မှ ၂၀၂၃ ခုနစ်အထိ စစ်ဘေးရှောင်ပြည်သူများထဲမှ မီးတွင်းသေဆုံးသူ အမျိုးသမီး (၁၂) ဦးနှင့် မွေးကင်းစကလေးသေဆုံးသူ (၂၀) ဦးအထိ ရှိခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ သေဆုံးမှုမှာ ယခုထက်ပိုများနိုင်သော်လည်း ဆက်သွယ်ရေးဖုန်းလိုင်း အခက်အခဲများကြောင့် အသေးစိတ် စာရင်းများကောက်ယူရန် ခက်ခဲနေသည်ဟု ကိုလောရင့်ကပြောသည်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့်စစ်ရှောင်သည့်ကာလအတွင်း ငွေကြေးခက်ခဲမူတို့ကြောင့် စစ်ရှောင်အမျိုးသမီး များသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း လိုအပ်သည့် အစာအာဟာရဓာတ်များနှင့် ဖြည့်စွက်ဆေးဝါးများလည်း နေ့စဥ်မှီဝဲ သုံးစွဲရန် အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ က ကျန်းမာရေးမှူးကပြောပါတယ်။

“ကိုယ်ဝန်ဆောင်အမျိုးသမီး၊နို့တိုက်မိခင်အတွက်လည်း ဆေးဝါးအာဟာရတွေ လိုတယ် ရှိတဲ့ဆေးခန်းမှာပေးပေမယ့် ရာခိုင်းနုန်းအနေနဲ့နည်းနည်းလေးပဲလုပ်ပေးနိုင်သေးတယ်။ ဒါကြောင့် သူတို့အတွက် ကိုယ်ဝန်ဆောင်ဗီတာမင်တွေ၊ ဆေးဝါးလေးတွေကတော့ အများကြီးလိုအပ်ချက်ရှိနေသေးတယ်” ဟု သူကပြောသည်။

ယခုလက်ရှိမှာ မင်းတပ်မြို့ပေါ်ကလွဲ၍ မင်းတပ်မြို့နယ်ဒေသတစ်ခုလုံကို CDF-Mindat ကစိုးမိုးထိန်းချုပ်ထားပြီး မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က စစ်ရှောင်များနေထိုင်နေရာဒေသ၊ စခန်းများတွင် ကျန်းမာရေးဆေးပေးခန်း များဖွင့်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများခန့်အပ်ပေးခြင်း၊ မီးဖွားခါစ အမျိုးသမီးများငွေသား ထောက်ပံ့ပေးခြင်း၊ ဆေးဝါးများကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေး နေသော်လည်း လိုအပ်ချက်များရှိနေသေးကာ အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်သည်ဟု ကျန်းမာရေးမှူးကပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု အချိန်မှီဆေးကုသမှုမရရှိနိုင်သည့်အတွက် ကိုယ်၀◌န်ပျက် ကျမှု ကလေးအသေမွေးဖွား မှုများလည်း ရှိနေသည်ဟု ကိုလောရင့်ကပြောသည်။

“ဒီရက်ပိုင်းမှာပဲ မွေးကင်းစ ကလေးလေးမြေမြုပ်သဂြိုလ်ခဲ့ရတယ်။ မိခင်က မွေးတာက (၃) ယောက်မြောက် သူက တိုက်နယ် အမှတ်(၁၄) ရှစ်ကလူးကျေးရွာကနေလာတာ တော်တော်လေးဝေးတယ်။ နေ့စေ့လစေ့ရောက်တော့ မွေးတယ် မမွေးနိုင်ဘူး သွေးတွေက ဆင်းလာတယ်၊ သူတို့က ဆိုင်ကယ်ငှါးလိုက် ကားငှါးလိုက်နဲ့ရောက်လာကြတာ အလ်ထာ စောင်းနဲ့ကြည့်တော့ ကလေးကသေသွားပြီ။ ကလေးအမေပြောတာတော့ ဆေးရုံကိုရောက်တဲ့အချိန်ကလေးက တချက်လှုပ်သေးတယ်ပြောတယ် အသက်ထွက်သွားတာနေမှာ။ ကျွန်တော်တို့မှာ ဆေးကုသမူနဲ့ ဆေးရုံ၊ ဆေးခန်းလည် ပတ်မူရှိပေမယ့်လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် တော်တော်လေးကို ဝေးလံတာပေါ့နော်။ဆေးဝါးလိုအပ် ပြီးတော့ ဆေးဝါးကျွမ်းကျင်ဝန်းထမ်း ဆရာဝန် ဆရာမတွေလိုအပ်နေသေးတယ်” ဟု ကိုလောရင့်ကပြောသည်။

တိုက်နယ်အမှတ်(၉) ခုဖြင့်ဖွဲ့စည်းထားတဲ့ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူ ဦးရေတစ်သောင်းကျော် စစ်ဘေးခိုလုံနေကြဆဲ ဖြစ် သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.