Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ပေါ် ၂ နေရာ ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်ခံရ၊ နေအိမ် ၇ လုံးပျက်စီး

မင်းတပ်မြို့ပေါ် ၂ နေရာ ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်ခံရ၊ နေအိမ် ၇ လုံးပျက်စီး

0
By Editor on September 22, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၊ စံပြရပ်ကွက်ထဲကို ယမန်နေ့ညတွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၁ ရက် ည ၉ နာရီ ၄၀ ဝန်းကျင်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးကို အသုံးပြု၍ မင်းတပ်မြို့ပေါ် စံပြရပ်ကွက်ထဲရှိ ၂ နေရာကို ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံက ပြောသည်။

“ကနဦးကတော့ အရပ်သားပြည်သူတွေက ထိခိုက်မှု မရှိဘူးလို့ သိပါတယ်။ လေကြောင်းကနေ စံပြရပ်ကွက်ထဲကို တိုက်ခိုက်သွားတာပါ။ နေအိမ်တွေကတော့ ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးသွားတယ်” ဟု မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့ပေါ်ရှိ နေရာများကို စစ်ကော်မရှင်သည် နေပြည်တော်၊ အေလာလေတပ်မှ ဂျက်ဖိုက်တာများကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုမှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်ကလည်း ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် – ၅ ၊ ခါပန်းကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၂ လုံးကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ချင်းတောင်ပိုင်းရှိ မင်းတပ်အပါအဝင် မြို့များကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်တပ်များကို တိုက်ထုတ်၍ သိမ်းပိုက်ပြီး မြို့အုပ်ချုပ်ရေးယန္တရားများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်နေကြောင်းသိရသည်။
Photo- Hkl Mindat

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.