Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို စစ်ရာဇဝတ်မှုအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တီမောမှာ စတင်တရားစွဲ

မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို စစ်ရာဇဝတ်မှုအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တီမောမှာ စတင်တရားစွဲ

0
By Editor on January 13, 2026 Headline

(006SV)

ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်အပါအဝင် ကျူးလွန်သူ ၁၀ ဦးကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တီမောလစ်စတေးနိုင်ငံတွင် စတင်တရားစွဲဆို နိုင်ရေးအတွက် ယနေ့မှာ လျှောက်ထားပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် တီမောလစ်စတေးနိုင်ငံ၊ ဒီလီမြို့ရှိ Justice Department တွင် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု၏ ချင်းပြည်နယ်တွင်း ကျူးလွန်သော စစ်ရာဇတ်မှု အမှု ၅ ခုဖြင့် တရားစွဲဆိုမှု စတင်တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမာန်ဟရလျန်က ပြောသည်။

“အခုက Department of Justice ကတော့ ကျနော်တို့ရဲ့ အမှုတွဲကို လက်ခံပြီးပြီ။ ပြီးတော့ သူတို့က စိစစ်မှုတွေ လုပ်မယ်။ ပြီးတော့ သူတို့ အမှုကို လက်ခံ၊ မခံကို ၃ လကနေ ၆ လအတွင်းမှာ ကျနော်တို့ကို ပြန်ကြားဖို့ မျှော်လင့် ထားပါတယ်၊၊ အဲဒီထဲမှာ မင်းအောင်လှိုင်အပါအဝင် လူ ၁၀ ဦးပါတယ်။ အဲဒီထဲမှာမှ လေကြောင်းစစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်လည်း ပါတယ်။ မတူပီက အရင်က သတ်ဖြတ်မှုမှာ ပါတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲကျော်အပါအဝင် ၊ ခလရ ၁၄၀ က တပ်ရင်းမှူးရယ်၊ ခလရ ၃၀၄ က တပ်ရင်းမှူး၊ နမခတိုင်းမှူးရယ်၊ အထူးစစ်ဆင်ရေး စကထ က ဒုတိယဗိုလ်ချုပ်ကြီး ဇေယျာကျော်ပေါ့နော်။ ပါစတာနဲ့ ပတ်သက်ပြီးတော့ သတ်ဖြတ်မှုမှာပါဝင်တဲ့ ဗိုလ်မှူး ကျော်ကြည်ဟန်၊ သူကတော့ မတူပီဗျူဟာက တစ်ယောက်ပေါ့လေ။ ကျနော်တို့ လူ ၁၀ ယောက်ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်” ဟု ဆလိုင်းမာန်ဟရလျန်က ပြောသည်။

စစ်ကော်မရှင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် ထိခိုက် နစ်နာခဲ့ရသူများကို ကိုယ်စားပြု၍ တီမောလက်စတေးနိုင်ငံရှိ ပြည်သူ့အစိုးရ ရှေ့နေရုံးသို့ စုံစမ်းစစ်ဆေးမှု စတင်ရန် တောင်း ဆိုသော ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတစ်စောင်ကို တင်သွင်းခြင်းလည်း ပြုလုပ်ထားသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ဂျာနယ်လစ် တစ်ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦးကို အစုအပြုံလိုက် သတ်ဖြတ်မှု (၎င်းတို့အနက် ၈ ဦးကို လည်လှီးသတ်ဖြတ်သည်) ၊ တီးတိန်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ခရစ်ယာန်သိက္ခတော်ရ ဆရာတော် တစ်ပါးနှင့် သင်းထောက်ဆရာတော် သုံးပါးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ မင်းတပ်ဝမ္မသူးဆေးရုံကို အရပ်ဘက်စစ်ဘက် ခွဲမှု မရှိဘဲ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု၊ ချင်းမှာ ဘုရားကျောင်းများကို စနစ်တကျ တိုက်ခိုက်မှု ကျူးလွန်ခြင်းတို့ကြောင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတို့ဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။

မင်းအောင်လှိုင်နှင့် အပေါင်းအပါ ၁၀ ဦးကို တရားစွဲဆိုနိုင်ရေးအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၊ လန်ဒန်အခြေစိုက် Myanmar Accountability Project နှင့် တီမောအခြေစိုက် Da Silva Teixeira & Associados Lda ဥပဒေရေးရာအဖွဲ့ တို့ ပူးပေါင်းတရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

“တီမောလစ်တစ်က သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတကာဥပဒေတွေကို တီမောလစ်တေးရဲ့ တရားဥပဒေ ခုံရုံးမှာ တရားစွဲဆိုအမှုကို ခွင့်ပြုထားတယ်။ တီမောလစ်တေး နိုင်ငံကနေ မဟုတ်ပဲနဲ့ တခြားနိုင်ငံကနေလည်း သူတို့နိုင်ငံမှာ တရားစွဲဆိုခွင့် ရှိတယ်ဆိုတာကို သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၂ မှာ အသေးစိတ် ရေးထားတယ်။ တီမောလစ်တေးမှာ တရားစွဲဆိုခြင်းအားဖြင့် စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို သူတို့နိုင်ငံရဲ့ စည်းအတွင်းမှာ အရေးယူဆောင်ရွက်မှုတွေ ၊ သူတို့ကို သူတို့ရဲ့ ဥပဒေနဲ့အညီ နောက်နောင်မှာ တရားရုံးကနေ တရားစီရင်ချက် ချတဲ့အတွက် အရေးယူဆောင်ရွက်မှုတွေ ရှိမယ်ပေါ့နော်။ နောက်တစ်ခုက တီမောလစ်တေးကနေ ဒီနှစ်မှာဆိုရင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တယ်။ ဒီတော့ သူတို့ အာဆီယံ ဥက္ကဌ တာဝန်ယူရတာလည်း ရှိလာလိ့မ်မယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ တီမောနိုင်ငံက မင်းအောင်လှိုင်နဲ့ တရားစွဲခံရတဲ့ လူတွေကို အမှုကို ဖွင့်ထားတယ်ဆိုရင် သူတို့နိုင်ငံနယ်မြေအတွင်းမှာ သူတို့ကို အရေးယူဆောင်ရွက်မှုတွေ လုပ်လို့ ရတယ်” ဟု ဆလိုင်းမာန်ဟရလျန်က ပြောသည်။

တီးမောလစ်စတေးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကျင်းသုံးသည့်အတွက် မြန်မာနိုင်ငံက ရာဇဝတ်မှု များကို တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိလာစေရန် ဆောင်ရွက်ခွင့်ရှိသည်ဟု သိရသည်။

ကျူးလွန်သူများကို တရားစွဲအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂက ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ထံကနေလည်း စိစစ်အတည်ပြုထားသော သက်သေ အထောက် အထားများကိုလည်း တီမောအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုတွင် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

“တီမောလက်စတေးမှာ ကျနော်တို့ တရားစွဲဆိုတာက တီမောလက်စတေးဟာ မကြာသေးတဲ့ ကာလကပဲ အင်ဒိုနီးရှားနိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတယ်။ သူတို့ကလည်း ခရစ်ယာန်ဘာသာကို အများစု ကိုးကွယ်တဲ့ နိုင်ငံဖြစ်တယ်။ သူတို့အတွေ့ အကြုံအရ သူတို့ဟာ ဖိနှိပ်ခံရတဲ့ နိုင်ငံလည်း ဖြစ်ပြီး ဒီလိုစစ်ရာဇဝတ်မှုကို ကျူးလွန်ခံရဖူးတဲ့ နိုင်ငံဖြစ်တဲ့အခါမှာ တီမောလက် စတေးပြည်သူလူထုက ကျနော်တို့ရဲ့ ဖြစ်စဉ်၊ ကျနော်တို့ရဲ့ ဘာသာရေးနဲ့ လူမျိုးအလိုက်သော်လည်းကောင်း စစ်ကော်မရှင်ကနေ စစ်ရာဇတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို သူတို့နိုင်ငံသားတွေကလည်း နားလည်စာနာမှု ထားပြီးတော့ ဒီလိုကျနော်တို့ရဲ့ အသံကို နားထောင်ပေးပြီးတော့ တရားမျှတမှု ရရှိနိုင်အောင် ကူညီပေးမယ်လို့ ယုံကြည်အတွက် တီမောလစ်တေး မှာ တရားစွဲဆိုမှုကို တင်သွင်းရခြင်းဖြစ်ပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမာန်ဟရလျန်က ပြောသည်။

CHRO ၏ စာရင်းများအရ စစ်ကော်မရှင်တပ်များသည် ချင်းပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၀၀၀ ခန့် ပြုလုပ်ခဲ့ပြီး နေအိမ်ပေါင်း ၄,၆၀၀ ကျော်ကို ရည်ရွယ်ချက် ရှိရှိ မီးရှို့ဖျက်စီးခဲ့ကြောင်း၊ အမျိုးသမီး ၉၁ ဦးနှင့် ကလေးငယ် ၇၉ ဦးအပါအဝင် အရပ်သား ၄၇၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်က ဆေးရုံး၊ ဆေးခန်းအဆောက်အအုံ အနည်းဆုံး ၁၉ ခု၊ စာသင်ကျောင်း ၂၅ ကျောင်းနှင့် ဘုရားကျောင်း ၈၈ ကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၁၂၇ ခုကို ဖျက်စီးခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သူ ၁၀ ဦးကို တီမောလက်စတေးတွင် တရားစွဲအရေးယူနိုင်ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကက်သလစ်သာသနာနှင့် တီမောပြည်သူများ ကူညီပေးပါရန်လည်း တရားစွဲအဖွဲ့အစည်းက တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.