Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးအား CDF-Matupi က ရှင်းလင်းသတ်ဖြတ်မှုအပေါ် နိုင်ငံတကာ Dai အဖွဲ့က ကန့်ကွက်ရှုတ်ချ

မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးအား CDF-Matupi က ရှင်းလင်းသတ်ဖြတ်မှုအပေါ် နိုင်ငံတကာ Dai အဖွဲ့က ကန့်ကွက်ရှုတ်ချ

0
By Editor on November 1, 2022 Headline

ချင်းပြည်နယ် မတူပီမြို့၊ မြို့နယ်ပညာရေးမှူး ဦးတင်လွေးအား CDF-Matupi တပ်ဖွဲ့မှ ဆင်ခြင်တုံတရားကင်းမဲ့စွာ ရှင်းလင်း သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု International CDF Dai Supporting Committee နှင့် North America Dai Community က အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့မှ ဆရာကြီး ဦးတင်လွေးအား မည်သို့မည်မျှ ပြစ်မှုကျူးလွန်ခြင်းများရှိကြောင်းကို အများပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာဖြင့် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိသည့်အပြင် အကြောင်းပြချက် ခိုင်လုံသည့် သက်သေအထောက်အထားများမရှိဘဲ ဆရာကြီးဦးတင်လွေးအား Non-CDM အဖြစ်နှင့်သာ ဒလန်ဟု စွပ်စွဲကာ အာဏာရှင်ဆန်စွာဖြင့် သက်ဖြတ်ခြင်းဖြစ်သည်ဟု ယင်းပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေးစစ်သည်တော်များလိုက်နာရမည့် ကျင့်ဝတ်(Code of conduct) နှင့်အညီ လူသားဆန်စွာဖမ်းဆီးခေါ်ဆောင်စစ်ဆေးရန် အခွင့်အရေးရှိသော်လည်း ထိုကဲ့သို့ မပြုဘဲ ဆရာကြီးဦးတင်လွေးအား ၎င်း၏ မိသားစုဝင်းများရှေ့မှောက်တွင် သတ်ဖြတ်ခြင်းသည် Non-CDM ဝန်ထမ်းများ အား အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ(၄) ရက်နေ့က ကြေညာချက်အမှတ် (၁/၂၀၂၂) အပိုဒ်(၄) နှင့်လည်း ဆန့်ကျင်သည်ဟု ဆိုသည်။

ထို့ကြောင့် CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်သည့်အပေါ် ၎င်းတို့အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု International CDF Dai Supporting Committee နှင့် North America Dai Community က အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

Non-CDM တစ်ဦးဖြစ်သည့် မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးကို အောက်တိုဘာလ ၁၆ ရက်ညက မတူပီမြို့ရှိ ၎င်း၏ နေအိမ်တွင် CDF-Matupi တပ်ဖွဲ့က ရှင်းလင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ CDF-Matupi ဘက်ကတော့ ဦးတင်လွေးသည် စစ်ကောင်စီ၏ ပညာရေးယန္တရားကို အဓိကလ ည်ပတ်စေသည့် Non-CDM တစ်ဦးဖြစ်ပြီး CDM သမားများကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လည်ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း အချိူ့သော CDM သမားများ၏ စာရင်းကိုလျှိ့ဝှက်ပြီး စစ်ကောင်စီအငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်နှင့် ပူးပေါင်းကာ CDM သမားများ၏ လစာကိုထုတ်ယူကြောင်း ဦးတင်လွေးကို စာအားဖြင့် ၃ ကြိမ်၊ နှုတ်အားဖြင့်အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လုံးဝလိုက် နာခြင်းမရှိပဲ CDF-Matupi ကို ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

CDF-Matupi ၏ အသိပေးထုတ်ပြန်ချက်များဖြစ်သည့် ကြေညာချက်စာအမှတ် (၂/၂၂) နှင့် စာအမှတ်( ၄/၂၂) အရ ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ကာ စစ်အာဏာရှင်စနစ်ဖြိုခွင်းရာတွင် စစ်ကောင်စီ၏ အဓိကထောက်တိုင်အဖြစ် ရပ်တည်သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ၏ အောက်တိုဘာလ ၁၇ ရက်နေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.