Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးအား CDF-Matupi က ရှင်းလင်းသတ်ဖြတ်မှုအပေါ် နိုင်ငံတကာ Dai အဖွဲ့က ကန့်ကွက်ရှုတ်ချ

မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးအား CDF-Matupi က ရှင်းလင်းသတ်ဖြတ်မှုအပေါ် နိုင်ငံတကာ Dai အဖွဲ့က ကန့်ကွက်ရှုတ်ချ

0
By Editor on November 1, 2022 Headline

ချင်းပြည်နယ် မတူပီမြို့၊ မြို့နယ်ပညာရေးမှူး ဦးတင်လွေးအား CDF-Matupi တပ်ဖွဲ့မှ ဆင်ခြင်တုံတရားကင်းမဲ့စွာ ရှင်းလင်း သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု International CDF Dai Supporting Committee နှင့် North America Dai Community က အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့မှ ဆရာကြီး ဦးတင်လွေးအား မည်သို့မည်မျှ ပြစ်မှုကျူးလွန်ခြင်းများရှိကြောင်းကို အများပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာဖြင့် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိသည့်အပြင် အကြောင်းပြချက် ခိုင်လုံသည့် သက်သေအထောက်အထားများမရှိဘဲ ဆရာကြီးဦးတင်လွေးအား Non-CDM အဖြစ်နှင့်သာ ဒလန်ဟု စွပ်စွဲကာ အာဏာရှင်ဆန်စွာဖြင့် သက်ဖြတ်ခြင်းဖြစ်သည်ဟု ယင်းပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေးစစ်သည်တော်များလိုက်နာရမည့် ကျင့်ဝတ်(Code of conduct) နှင့်အညီ လူသားဆန်စွာဖမ်းဆီးခေါ်ဆောင်စစ်ဆေးရန် အခွင့်အရေးရှိသော်လည်း ထိုကဲ့သို့ မပြုဘဲ ဆရာကြီးဦးတင်လွေးအား ၎င်း၏ မိသားစုဝင်းများရှေ့မှောက်တွင် သတ်ဖြတ်ခြင်းသည် Non-CDM ဝန်ထမ်းများ အား အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ(၄) ရက်နေ့က ကြေညာချက်အမှတ် (၁/၂၀၂၂) အပိုဒ်(၄) နှင့်လည်း ဆန့်ကျင်သည်ဟု ဆိုသည်။

ထို့ကြောင့် CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်သည့်အပေါ် ၎င်းတို့အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု International CDF Dai Supporting Committee နှင့် North America Dai Community က အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

Non-CDM တစ်ဦးဖြစ်သည့် မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးကို အောက်တိုဘာလ ၁၆ ရက်ညက မတူပီမြို့ရှိ ၎င်း၏ နေအိမ်တွင် CDF-Matupi တပ်ဖွဲ့က ရှင်းလင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ CDF-Matupi ဘက်ကတော့ ဦးတင်လွေးသည် စစ်ကောင်စီ၏ ပညာရေးယန္တရားကို အဓိကလ ည်ပတ်စေသည့် Non-CDM တစ်ဦးဖြစ်ပြီး CDM သမားများကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လည်ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း အချိူ့သော CDM သမားများ၏ စာရင်းကိုလျှိ့ဝှက်ပြီး စစ်ကောင်စီအငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်နှင့် ပူးပေါင်းကာ CDM သမားများ၏ လစာကိုထုတ်ယူကြောင်း ဦးတင်လွေးကို စာအားဖြင့် ၃ ကြိမ်၊ နှုတ်အားဖြင့်အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လုံးဝလိုက် နာခြင်းမရှိပဲ CDF-Matupi ကို ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

CDF-Matupi ၏ အသိပေးထုတ်ပြန်ချက်များဖြစ်သည့် ကြေညာချက်စာအမှတ် (၂/၂၂) နှင့် စာအမှတ်( ၄/၂၂) အရ ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ကာ စစ်အာဏာရှင်စနစ်ဖြိုခွင်းရာတွင် စစ်ကောင်စီ၏ အဓိကထောက်တိုင်အဖြစ် ရပ်တည်သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ၏ အောက်တိုဘာလ ၁၇ ရက်နေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.