Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းတချို့ကို ချင်းညီနောင်သိမ်းပိုက်၊ တိုက်ပွဲများဆက်လက်ဖြစ်ပွား

မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းတချို့ကို ချင်းညီနောင်သိမ်းပိုက်၊ တိုက်ပွဲများဆက်လက်ဖြစ်ပွား

0
By Editor on June 14, 2024 Headline

(006SV)

ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မတူပီမြို့ပေါ်နှင့် စစ်ကောင်စီစခန်းနေရာတချို့ကို ချင်းတော် လှန်ရေး အင်အားစုများက သိမ်းပိုက်ထားပြီး တပ်ရင်းစခန်းကြီးများကိုလည်း ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

“စစ်ခွေး (စစ်ကောင်စီ) ကင်းစင်ရေးအတွက်ပါ။ နှစ်ဖက် ထိခိုက်သေးဆုံးရှိပါတယ်။ စကစ က တပ်ထပ်ဖြည့်တာရှိသလို ဝေဟင်ကနေ မနားတမ်း ပစ်ကူပေးနေပါတယ်။ မတူပီမြို့ပေါ်နဲ့ စခန်းနေရာတချို့တော့ သိမ်းပြီးသွားပြီ အားလုံးတော့ မရသေးပါ” ဟု မတူပီ – CDF တပ်မဟာ – ၁ မှ ပြန်ကြားရေးမှူးက ပြောသည်။

မတူပီမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးများအပါအဝင် မတူပီမြို့ပေါ်နေရာတချို့ကို ချင်းပူးပေါင်းများက သိမ်းယူထားပြီး အာလုံးကိုတော့ မသိမ်းနိုင်သေးကြောင်း သိရသည်။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို ဖော်ပြ၍မရသေးကြောင်း ပြန်ကြားရေးမှူးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တပ်အင်အားများ ထပ်မံဖြည့်တင်းနေပြီး လေကြောင်းမှလည်း တိုက်ပွဲဖြစ်ပွားနေသည့် ၆ ရက်သာအတွင်း အကြိမ်ကြိမ် လာရောက်ပစ်ကူပေးနေကြောင်း သိရသည်။

မတူပီမြို့တွင် တပ်ရင်း (၂) ရင်းနှင့် စစ်ဗျူဟာ အခြေချတပ်တို့ တည်ရှိပြီး လက်ရှိတွင် ခလရ (၃၀၄) တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေကြောင်း၊ မတူပီမြို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

“အခုက မတူပီက တပ်ရင်းစခန်းကြီးတွေကိုလည်း အပြင်းအထန် ထိုးစစ်ဆင်ဆဲဖြစ်ပြီး အပြီးအပိုင် မသိမ်းရသေးပါ” ဟု မတူပီ – CDF တပ်မဟာ – ၁ မှ ပြန်ကြားရေးမှူးက ပြောသည်။

ဇွန်လ ၉ ရက် မနက်ပိုင်းမှ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်၍ CDF – မတူပီ တပ်မဟာ – ၁၊ ချင်းညီနောင် တပ်ဖွဲ့များ၊ မကွေးအခြေစိုက် Yaw Army (YA) အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များက စတင်၍ မတူပီမြို့ စစ်ကောင်စီစခန်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတူပီမြို့က တိုက်ပွဲများတွင် အာရက္ခတပ်တော် (ULA/AA) လည်း စစ်ကူများပေးလျက် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

CDF- မတူပီ တပ်မဟာ – ၁ က မတူပီမြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေချိန်တွင် CDF- မတူပီ၊ တပ်မဟာ – ၂ ကလည်း မတူပီမြို့ပြင်က စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

မတူပီမြို့ပေါ်မှ ဒေသခံပြည်သူများသည် တိုက်ပွဲမဖောင်ဆောင်မီကပင် မြို့နယ်အတွင်းက ကျေးရွာများ၊ မကွေးတိုင်းနှင့် အိန္ဒိယဘက်သို့ စစ်ဘေးရှောင်ထားပြီးဖြစ်ကြောင်း သိရသည်။

မေလ ၃၀ ရက်ကလည်း မတူပီ- ဟားခါး လမ်းမပေါ်က အင်အား ၃၀ ကျော် တပ်စွဲထားသော မတူပီခရိုင် အုပ်ချုပ်ရေးမှူးရုံးကိုလည်း CDF- မတူပီ – တပ်မဟာ – ၂ က သိမ်းပိုက်ခဲ့သည်။

မတူပီမြို့နယ်အတွင်းက လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ချင်းတော်လှန်ရေးအင်အားစုများ က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၀၄၊ ၁၄၀၊ ဗျူဟာကုန်းတို့သည် မတူပီမြို့၏ တောင်နှင့်မြောက်တို့တွင် အထိုင်ချတပ်စွဲထားကြောင်း သိရသည်။

မတူပီမြို့သည် အရှေ့ဘက်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် မင်းတပ်မြို့ နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊ အနောက်မြောက်တွင် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ထန်တလန်၊ ဟားခါးတို့နှင့် ထိစပ်နေသည်။

ချင်းပြည်နယ်တွင် ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ကျင်ဒွေး၊ ကျီခါးနှင့် တွန်းဇံမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ စခန်းစွန့်ခဲ့ရသော ဝေဘူလ၊ နှာရိန်၊ မကွီအိမ်နူးနှင့် ဆူခွာရ်မြို့တို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.