Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ထွက်ပြေးရင် သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် အရိုးစု ၁၅ စုထက်မနည်း တွေ့ရှိ
ပုံစာ - မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများ ဓာတ်ပုံ/ရုပ်သံ - (မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်)

မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ထွက်ပြေးရင် သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် အရိုးစု ၁၅ စုထက်မနည်း တွေ့ရှိ

0
By Editor on March 14, 2025 Headline

(006SV)

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများကို ၈ လအကြာမှာ ရှာဖွေ့တွေ့ရှိခဲ့ပြီး ကလေး၊ အမျိုးသမီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရိုးစု ၁၅ စုထက်မနည်းကို တွေ့ရှိရသည်။

၂၀၂၄ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲတွင် မတူပီမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့ မိသား စုဝင်များ၊ Non-CDM ဝန်ထမ်များ အင်အားရာချီသည် စခန်းစွန့်ခွာထွက်ပြေးကြရာ ၎င်းတို့ထဲမှ သေဆုံးသူများ၏ အရိုးစုများကို ၂၀၂၅ မတ်လ ၁၁ ရက်က မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်စပ်က တိုက်နယ် ၁၄ ထဲတွင် အစုလိုက် နေရာအများအပြားမှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အရိုးစုတွေ ကျနော်ကိုယ်တိုင် မျက်မြင် မြင်တွေ့ခဲ့တာက ၁၅ ခုလောက် တွေ့ခဲ့ပါတယ်။ ဒေသခံတွေ ပြောတာကတော့ ၁၂၀ လောက် ရှိနိုင်တယ်ပေါ့။ ရှာဖို့ကလည်း ခက်သွားပြီ။ အချိန်ကလည်း ကြာသွားပြီးဆိုတော့ တချို့က တောမီးလောင်တဲ့အထဲ ပါတယ်။ တချို့က ချောင်းထဲမှာ ရှိတယ်။ ရေထဲမှာ တွေ့ရှိတယ်။ တချို့က စခန်းဘေးနားက တွေ့ရှိခဲ့တာတော့ ပုံစံမျိုးစုံပေါ့” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်က ပြောသည်။

တောထဲတွင်‌ သောက်စရာ ရေမရှိခြင်း၊ စားစရာများ ပြတ်လပ်ပြီး တလကျော် ထွက်ပြေးနေရင်း ဝမ်းရောဂါများဖြင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု သိရသည်။

မြင်တွေ့ရသည့် အရိုးစုရုပ်အလောင်းများတွင် ကလေးငယ် ရုပ်အလောင်း ၂ ခု၊ အမျိုးသမီးဟူ၍ သေချာသော ရုပ်အလောင်း အရိုးစု ၁ ခု၊ တချို့အရိုးစုများမှာ အမျိုုးသား၊ အမျိုးသမီး ခွဲခြားရန် ခက်ခဲခဲ့ကြောင်း၊ အရိုးစုရုပ်အလောင်း အများစုသည် ၎င်းတို့စခန်းချခဲ့သော ဘေးအနားတွင် အများဆုံးတွေ့ရှိရသည်ဟု သိရသည်။

“ကျနော်တွေ့ခဲ့တဲ့အထဲမှာ ကလေးလေးတွေလည်း ပါတယ်။ ကလေးရုပ်အလောင်းက ၂ ခုတွေ့ခဲ့တယ်။ အမျိုးသမီး သေချာတဲ့ ရုပ်အလောင်းက ၁ ခုတွေ့ခဲ့တယ်။ တော်တော်များများက မသိသာတော့ဘူး။ ဆံပင်တွေ တချို့ကျန်ခဲ့တယ်။ အရိုးခေါင်းခွံတွေပဲ ကျန်တော့တယ်ဆိုတော့ တော်တော်များများက မသိသာတော့ဘူး”ဟု ကိုလောရင့်စ်က ပြောသည်။

အခင်းဖြစ်ရပ်နေရာသည် တောင်စွယ်တွေ များပြားသောကြောင့် ချောက်ထဲ ပြုတ်ကျပြီး သေဆုံးမှုများလည်း ရှိနိုင်ကြောင်း၊ တောမှာ အလွန်နက်သောကြောင့် ကျားမျိုးနွယ်ဝင်များ၊ ဝက်ဝံ၊ တောခွေးများလည်း ရှိကြောင်း သိရသည်။

အရိုးစုအလောင်းများ တွေ့ရှိရသော နေရာသည် လူနေရပ်ရွာများနှင့် ဝေးကွာသောကြောင့် မီးရှို့သဂြိုလ်ပေးရန် ဆန္ဒရှိသော်လည်း ခက်ခဲနေကြောင်း၊ အရိုးစုများကို ရှာဖွေနိုင်ရန် လူင်အား ၂၀ ကျော်၊ ၃၀ နီးပါးဖြင့် တောနင်းရှာဖွေမှုကို ၂ ရက်၊ ၃ ရက် လုပ်ရမည့် အနေအထားဖြစ်သည်ဟု ကိုလောရင့်စ်က ပြောသည်။

“ရှိတဲ့ အရိုးစုတွေကို ကျနော် အချိန်ရလို့ ရှိရင် မီးရှို့ပေးဖို့ ဆန္ဒရှိခဲ့တာပါ။ သို့သော် သွားရတဲ့ ခရီးရဲ့ မြေပြင်အနေအထားကို အရင်ဆုံးသိချင်တာပေါ့။ ဖြစ်နိုင်၊ မဖြစ်နိုင် သွားကြတော့ အဲဒါ လိုက်လုပ်ဖို့က တော်တော်လေး ခက်ခဲတယ်။ ဝေးတယ်။ အရိုးစုတော်တော်များများကလည်း ပြန့်ကျဲနေတယ်။ နောက်ဆုံးပြောချင်တာကတော့ သူတို့ကို ဂုဏ်သိက္ခာရှိရှိ သူတို့ကို အဆုံးသတ်ပေးချင်တာပေါ့။ သူတို့က သေဆုံးသွားပြီး ဖြစ်သော်လည်း ရန်သူပဲ ဖြစ်ဖြစ်၊ မိတ်ဆွေပဲ ဖြစ်ဖြစ် အဲလို ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့ရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်ပေးတာဖြစ်ဖြစ်၊ မြေမြုပ်ပေးတာဖြစ်ဖြစ် လုပ်ပေးချင်ပါတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်က ပြောသည်။

အရိုးစုများ အနီးဝန်းကျင်တွင် ကြယ် ၃ ပွင့်ပါသော အရာရှိအမှတ်တံဆိပ်၊ ဦးပိုင်ကုမ္ပဏီမှ စစ်သားများ စုဆောင်းထားသော အစုရှယ်ယာငွေရပြေစာများ၊ ကျည်ကာအင်္ကျီများအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လူအသုံးအဆောင်ပစ္စည်းများကို ရုပ်သံဖိုင်များတွင် တွေ့မြင်ရသည်။

ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များသည် ပူးတွဲစစ်ဆင်ရေး တရပ်အဖြစ် မတူပီမြို့ရှိ ခမရ – ၃၀၄ ၊ ခလရ – ၁၄၀နှင့် မတူပီ အခြေချ စစ်ဗျူဟာတို့ကို ဇွန်လ ၉ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ဇွန်လ ၂၉ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်။

မတူပီမြို့သိမ်းတိုက်ပွဲများမှ စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များနှင့် အရပ်ဖက်ဝန်ထမ်းများ ရာချီသည် စခန်းစွန့်ခွာ ထွက်ပြေးကြရာ သုံးပတ်နီးပါးအကြာ ၂၀၂၄ ဇူလိုင်လ ၁၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်၊ တပ်မိသားစုဝင်များ၊ အရပ်ဘက် ဝန်ထမ်းများ ၁၂၀ ဝန်းကျင်းကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များ ပါဝင်သော စစ်ကြောင်းနှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုတိယအသုတ်အဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF – မတူပီ၊ တပ်မဟာ ၂ တို့လည်း စစ်ကောင်စီတပ်သား၊ တပ်မိသားစုဝင်များ အပါအဝင် စစ်သုံ့ပန်း ၈၀ ဝန်းကျင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့မိသားစုဝင်များလည်း ရှိနေခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.