Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မရာလက်နက်ကိုင် ၂ ဖွဲ့ ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးအတွက် တွေ့ဆုံဆွေးနွေး၊ နှစ်ဖက်သဘောတူညီမှုရရှိ

မရာလက်နက်ကိုင် ၂ ဖွဲ့ ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးအတွက် တွေ့ဆုံဆွေးနွေး၊ နှစ်ဖက်သဘောတူညီမှုရရှိ

0
By Editor on May 24, 2024 Khonumthung

(004SS)

မရာလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သည့် မရာဒေသကာကွယ်ရေးတပ်ဖွဲ့ MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးတွေ့ဆုံဆွေးနွေးမှုကို ဘာသာရေးအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ပြုလုပ်ကာ နှစ်ဖက်သဘောတူညီမှုရရှိကြောင်းသိရသည်။

မရာဧဝံဂေလိအသင်းတော် (Mara Evangelical Church) ၏ ဦးဆောင်မှုဖြင့် MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တာဝန်ရှိ သူများသည် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ဇောင်းလိန်ရွာ၌ မေလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင်တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးသဘောတူညီမှုရရှိခဲ့ကြသည်ဟု MDF/MTC ပြန်ကြားရေးဌာန အတွင်းရေးမှူး ကပြောသည်။

“အဓိကတော့ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းရေးအတွက် ဘာသာရေးအဖွဲ့အစည်းကနေ လုပ်ပေးတာဖြစ်ပါတယ်။ ငြိမ်းချမ်း ရေးကတော့ အဆင်ပြေတယ်ပေါ့နော်၊ ပေါင်းစည်းရေးအတွက်က ပြန်ပြီး ကော်မတီဖွဲ့၊ တဖြည်းဖြည်း ချဉ်းကပ်ရမှာ ဖြစ်ပါတယ်၊ အနည်းဆုံး ၂/၃ လလောက်အချိန်ပေးပြီးလုပ်ရမှာပေါ့နော် အလုံးစုံပူးပေါင်းနိုင်ဖို့ကို၊ မရာမြေမှာ အုပ်ချုပ်ရေး တစ်ခု၊ စစ်တပ်တစ်ခုတည်းပဲရှိရမယ်ဆိုတဲ့မူကို ကိုင်ဆွဲပြီး ချဉ်းကပ်နေတာပါ” ၎င်းကပြောသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် MDF နှင့် CDF-Mara အကြား အပြုသဘောဆောင်သောရှေ့လုပ်ငန်းစဥ် (၈) ရပ်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

ယင်းသဘောတူညီချက်ထဲတွင် နှစ်ဖက်တပ်ဖွဲ့မှ ကိုယ်စားလှယ် ၅ ယောက်စီ၊ ဘာသာရေးဆရာ၊ မြို့မိမြို့ဖဘက်က ကိုယ်စားလှယ် ၅ ယောက်ဖြင့် ပြန်လည်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းကာ ပေါ်လစီရေးဆွဲရန်၊ ပြန်လည်ပေါင်းစည်းရေး ကော်မတီက မရာလူထုကောင်စီညီလာခံခေါ်ယူပြီး မူကြမ်းအတည်ပြုကာ ရွေးကောက်ပွဲလုပ်ရန်၊ ရွေးကောက်ပွဲကျင်းပပြီး ၁၄ ရက်အတွင်း နှစ်ဖက်တပ်ဖွဲ့မှ ဖမ်းဆီးထားသော စစ်သုံ့ပန်းများ ပြန်လွှတ်ရန်တို့ပါဝင်ကြောင်း သိရသည်။

ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက်သဘော ထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။

မရာမျိုးနွယ်စုအချင်းချင်းကြားသွေးထွက်သံယိုမှုဖြစ်ပွားလာသည့်နောက်ပိုင်းတွင် မရာဧဝံဂေလိအသင်းတော်မှ ဘာသာရေး ခေါင်းဆောင်များက Peace Commission ကိုဖွဲ့စည်းကာ ငြိမ်းချမ်းရေးကြားဝင်ညှိနှိုင်းဆောင်ရွက်လာခဲ့ရာမှ ယခုအခြေ အနေထိရောက်ရှိလာနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

“အဓိက ကမကဌပြုတာက မရာဧဝံဂေလိရုံးချုပ်ကနေ လက်နက်ကိုင် ၂ ဖွဲ့ရှိတာ လုံးဝအဆင်မပြေဘူးဆိုပြီး သူတို့ကနေ MBA, BAM, UPC အဲဒီအသင်းတော်တွေကို ဖိတ်ခေါ် ပြီး Peace Commission ကို ဖွဲ့လိုက်ပြီး လုပ်လိုက်တာ ဖြစ်ပါတယ်။ အဲတော့ Peace Commission ကနေ တစ်ဖွဲ့ကို ၄/၅ ကြိမ်တွေ့ပြီးမှပဲ အခုလို တွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်” ဟု MDF/MTC ပြန်ကြားရေးဌာန အတွင်းရေးမှူးက ပြောသည်။

ယခုလက်ရှိတွင် CDF-Mara သည် ချင်းလဲန်းကောင်စီတွင်ပါဝင်သော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး MDF မှာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.