Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြားတော့မည်

မီဇိုရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြားတော့မည်

0
By Editor on September 22, 2022 Khonumthung

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် မြန်မာဘာသာရပ်သင်ကြားမှုကို ချင်းရေးရာအဖွဲ့ချုပ် (ICA) နင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်သင်ကြားနိုင်တော့မည်ဟု သိရသည်။

မီဇိုရမ်တက္ကိသိုလ်တွင် မြန်မာဘာသာရပ်သင်ကြားမှုကို လာမည့်အောက်တိုဘာလမှ စတင်မည်ဖြစ်ပြီး မြန်မာဘာသာ ရပ်ဒီပလိုမာနှင့် Communication Skill တို့ သင်ကြားပေးမည်ဟု ICA နှင့် MZU တို့ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mizoram University မှ ပါမောက္ခတစ်ဦးဖြစ်သော Prof. Lalnilawma က “ကျနော်တို့အဓိကရည်ရွယ်ချက်ကေတာ့ တက္ကသိုလ်ကျောင်းသားတွေအပြင် အခြားသော ဌာနဆိုင်ရာသီးသီးက သင်ယူချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်၊ သင်ကြားချင်တဲ့သူတိုင်း စရင်းသွင်းပေးသွင်းနိုင်ပါတယ်။ မြန်မာဘာသာရပ်သင်ကြားပေးမယ့် သူကရှိပြီးဖြ စ်ပါတယ် သူကသင်ကြားပေးပါလိမ့်မယ်၊ ဒီလို မြန်မာဘာသာစကား တတ်မြောက်ထားခြင်းအားဖြင့် နယ်စပ်ကုန်သွယ်ရေး အခန်းကဏ္ဍမှာဖြစ်ဖြစ်၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံလည်း ပြန်ကောင်းလာပြီဆိုရင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO မှာလုပ်တဲ့ အခါမှာဖြစ်ဖြစ် မြန်မာစာတတ်မြောက်ထားရင် အလုပ်ကိုင်အခွင့်အလမ်းတွေရှိလာနိုင်တယ် ဒါကြောင့် နိုင်ငံတကာဆက်ဆံ ရေးမှာဖြစ်ဖြစ် တခြားစီမံကိန်းလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မြန်မာဘာသာရပ်ကို တတ်မြောက်ထားရင်ကောင်းမယ်ဆိုပြီး ခုလိုစီစဉ်ရတာဖြစ်တယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

မြန်မာစာပေသင်ကြားပေမည့် ဆရာမမှာ မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိထားသူ Dr. Elis Thangi ဖြစ်ပြီး မြန်မာဘာသာနင့် မီဇိုးဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။

အဆိုပါတက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မြန်မာအက္ခရာ၊ ဝေါဟာရ၊ သဒ္ဒါဖွဲ့စည်းပုံနှင့် စကားပြော၊ စကားပြေအရေးအသားတို့ကို လေ့ကျင့်သင်ကြားပေးသွားမည်ဟု သိရသည်။

ယင်းသင်တန်းတွင် Semester နှစ်ခုရှိပြီး၊ သင်ကြားမည့်ကာလသည် ၁၀ လကြာမြင့်မည်ဖြစ်ကာ နာရီပေါင်း ၁၂၀ ကို စသင်ခန်းအတန်းတွင် သင်ကြားပို့ချမည်ဖြစ်ပြီး ကျန် ၃၀ နာရီအား မိမိကိုယ်ကိုလက်တွေ့ လေ့လာသင်ယူရန်ဖြစ်ကြောင်း သိရသည်။

ထိုဘာသာရပ်၏ သင်ယူကြေးမှာ အိန္ဒိယရူပီးငွေ တစ်ထောင်ဖြစ်ပြီး သင်တန်းတစ်ခုလုံးအတွက် သင်ကြားရေးပစ္စည်းဖတ်စာအုပ်နင့် အသံဖိုင် စသည့်ကုန်ကျစရိတ်မှာ ရူပီး ၁၂၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.