Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

0
By Editor on June 30, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် Sairang/Sihhmui မှ အိန္ဒိယ-မြန်မာနယ်စပ် Zorinpui အထိ ရထားလမ်းဖောက်လုပ်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီးစီးပြီဟု မီဇိုရမ်အထက်လွတ်တော်အမတ် Pu K.Vanlalvena ကပြောသည်။

မီဇိုရမ်အထက်လွတ်တော်အမတ် Pu K. Vanlalvena သည် ပြည်နယ်၏ မြို့တော်အနီး Sairang/Sihhmui ရထား ဘူတာမှတဆင့် မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် မြန်မာနယ်စပ် Zorinpui အထိ ရထားလမ်း ဖောက်လုပ်ရန် အိန္ဒိယဗဟိုအစိုးရထံ ယခင်ကတည်းကတင်ပြတောင်းဆိုချက်ကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် ရထားပို့ဆောင်ရေးဝန်ကြီးကို မကြာသေးခင်ကတွေ့ဆုံဆွေးနွေးခဲ့သည်ဟု All India Radio News က ဖော်ပြသည်။

ထိုသို့တွေ့ဆုံရာမှာ ရထားပို့ဆောင်ရေးဝန်ကြီးက Sairang/Sihhmui မှ Zorinpui အထိ ရထားလမ်းဖောက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပဏမစစ်တမ်းကောက်ယူမှုပြီးဆုံးပြီဖြစ်ကြောင်း၊ သို့သော်လည်း မြေပုံကိုတော့ နောက်ဆုံး အတည်ပြုချက်မရသေးကြောင်း ပြောဆိုခဲ့သည်ဟု Pu K. Vanlalvena ကပြောသည်။

အဆိုပါ ပဏာမစစ်တမ်းကောက်ယူချက်အရ Sairang/Sihhmui ရထားဘူတာ မှ မြန်မာနယ်စပ် Zorinpui အထိ ကီလိုမီတာ ၂၂၃ ရှည်လျားမည့် ရထားလမ်း ဖောက်လုပ်ရမည်ဟုသိရသည်။

ရထားလမ်းဖောက်လုပ်ပြီးစီးပါက မီဇိုရမ် ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့ ထိုမှတဆင့် ခရိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းအထိ ဆက်သွယ်နိုင်မည့် Kaladan Multi-Modal Transit Transport Project (KMMTTP) အတွက်လည်း များစွာအကျိုးရှိမည်ဟုသိရသည်။

ယခုလက်ရှိတွင် အိန္ဒိယပြည်မဘက်နှင့် မီဇိုရမ်ပြည်နယ်တို့ ဆက်သွယ်နိုင်မယ့် Sairang/ Sihhmui ရထားလမ်းစီမံကိန်းမှာ ပြီးစီးပြီဖြစ်ကာ ဇူလိုင်လ ၃၁ ရက်မတိုင်ခင် ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။ လက်ရှိမှာတော့ ပြည်မဘက်မှ ရထားများ Sairang/Sihhmui ဘူတာသို့ အစမ်းပြေးဆွဲနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.