Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ်ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ရိခေါဒါရ်မြို့သို့သွားရောက်

မီဇိုရမ်ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ်ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ရိခေါဒါရ်မြို့သို့သွားရောက်

0
By Editor on July 7, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော Advocacy Group for peace ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် CNO/CNDF နှင့် CDF-Hualngoram တို့တိုက်ပွဲဖြစ်ပွားရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့သို့ သွားရောက်ခဲ့ကြသည်ဟုသိရသည်။

မီဇီုရမ်ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ် ပြည်နယ်လွတ်တော်အမတ် Pu Lalmuanpuia Punte ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် ဇူလိုင် ၆ ရက်နေ့က ရိခေါဒါရ်မြို့နှင့် ဇိုခေါထာရ်ကျေးရွာသို့သွားရောက်ပြီး CNDF နှင့် CDF-Hualngoram တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်ဟု All India Radio News က ဖော်ပြသည်။

ထိုသို့တွေ့ဆုံရာမှာ ညီအကိုအချင်းချင်းကြား ပြန်လည်ခြေဖျက်၍မရသော အမှားမျိုးကျူးလွန်ခြင်းမပြုကြရန် နှင့် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အပြစ်ကျူးလွန်ခြင်းမလုပ်မိစေရန် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ခေါင်းဆောင် Pu Lalmuanpuia Punte က မှာကြားခဲ့သည်ဟုသိရသည်။

ထို့အပြင် မီဇိုရမ်အစိုးရအနေဖြင့်လည်း အဖွဲ့အစည်း ၂ ခုအကြား ပဋိပက္ခများအဆုံးသတ်ကာ ငြိမ်းချမ်းရေးပြန်လည် ရရှိစေရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။

ယခုခရီးစဉ်တွင် Pu Lalmuanpuia Punte နှင့်အတူ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ဥက္ကဌ Pu H. Lalthianghlima, တွဲဖက်အတွင်းရေးမှူး Lalhmingsanga တို့လည်း ပါဝင်သည်ဟု သိရသည်။

HPO/CDF-Hualngoram ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို CNO/CNDF က ဝင်ရောက်တိုက်ခိုက်ရာမှာ ဇူလိုင် ၅ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့က ပြည်သူ ၃၀၀၀ ကျော် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်က ဗဟိုမီဇိုးလူငယ်များအသင်း (CYMA) ခေါင်းဆောင်များကလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ CNO/CNDF နှင့် HPO/CDF-Hualngoram ခေါင်းဆောင်များကို ဇူလိုင်လ ၅ ရက်နေ့ညက တွေ့ဆုံပြီး နှစ်ဖက်တပ်ဖွဲ့ များအပစ်ခတ်ရပ်စဲကြရန် ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.