Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးကျောင်းသားသမဂ္ဂ (MZP) နှင့် ICNCC တို့ ချင်းအရေးတွေ့ဆုံဆွေးနွေး

မီဇိုးကျောင်းသားသမဂ္ဂ (MZP) နှင့် ICNCC တို့ ချင်းအရေးတွေ့ဆုံဆွေးနွေး

0
By Editor on August 8, 2024 Khonumthung

(005MK)

မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တို့ ချင်းညီညွတ်ရေးကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သော အဆိုပါတွေ့ဆုံမှုတွင် ချင်းမျိုးနွယ်စု အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် အတူတကွ ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု MZP က ထုတ်ပြန်သည်။

ချင်းမျိုးနွယ်စုအချင်းချင်းကြား သဘောထားကွဲလွဲမှုနှင့် တဖက်နှင့်တဖက်ရန်ဆောင်နေကြသည့်အခြေအနေမျိုး ဖြစ်ပေါ် နေသည်ကို မလိုလားကြောင်း၊ အချင်းချင်းကြားပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးအတွက် ICNCC အဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်သည်ဟု MZP ကဆိုသည်။

ဆွေးနွေးပွဲတွင် ညီအကိုချင်းချင်းကြား မူဝါဒမတူညီမှုကြောင့် လက်နက်ဖြင့်ဖြေရှင်းသောနည်းလမ်းများအသုံးမပြုကြရန်၊ ပြန်လည်သင့်မြတ်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တော်လှန်ရေး အောင်မြင်ပြီး အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်လာသည့်အထိ တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်ဟု MZP က ထုတ်ပြန်သည်။

နောက်ပိုင်းတွင်လည်း ချင်းလဲန်းကောင်စီ နှင့် ချင်းညီနောင်အပြင် အခြားသော အဖွဲ့အစည်းများကိုလည်း ဆက်လက်တွေ့ဆုံသွားမည်ဟု MZP ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.