Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြို့နယ် ၄ ခုမှ ဒိုင်ရ်တပ်ဖွဲ့များဖြင့် CDF – Daai ပြန်လည်ထူထောင်ရန် မတူပီနှင့်ကန်ပက်လက် ဒိုင်ရ်တပ်ရင်းများ တပြိုက်နက် နှုတ်ထွက်

မြို့နယ် ၄ ခုမှ ဒိုင်ရ်တပ်ဖွဲ့များဖြင့် CDF – Daai ပြန်လည်ထူထောင်ရန် မတူပီနှင့်ကန်ပက်လက် ဒိုင်ရ်တပ်ရင်းများ တပြိုက်နက် နှုတ်ထွက်

0
By Editor on July 16, 2024 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မြို့နယ် ၄ ခုက ဒိုင်ရ်ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် CDF – မတူပီနှင့် CDF – ကန်ပက်လက်မှ ဒိုင်ရ်တပ်ရင်းများ တပြိုက်နက် နှုတ်ထွက်လိုက်ကြောင်း သိရသည်။

ဒိုင်ရ်ချင်းမျိုးနွယ်စု စုစည်းမှုမှတစ်ဆင့် ဒိုင်ရ်ဒေသန္တရကောင်စီ – DRC ၏ ဦးဆောင်မှုအောက်ရှိ CDF – Daai အဖြစ် ပူးပေါင်းရပ်တည်မည်ဖြစ်၍ CDF- ကန်ပက်လက်မှ Kkei Sing (ဒိုင်ရ်) တပ်ရင်းနှင့် CDF- မတူပီ၊ တပ်မဟာ -၂၊ လီစန်းတပ်ရင်း (ဒိုင်ရ်) တို့က ဇူလိုင်လ ၁၅ ရက်တွင် တပြိုက်နက် နှုတ်ထွက်လိုက်ကြခြင်းဖြစ်သည်။

“တပြိုက်နက် နှုတ်ထွက်တဲ့ပုံစံလည်း ဟုတ်တော့ဟုတ်ပါတယ်။ ပြည်သူညီလာခံရဲ့ ဆုံးဖြတ်ချက်အရပေါ့။ ဒိုင်ရ်ဒေသန္တရကောင်စီရဲ့ ဦးဆောက်မှုအောက်မှာ တပ်တစ်ခုထဲ ပြန်တည်ဆောက်ဖို့ဖြစ်တယ်။ Daai – CDF ရဲ့ လက်အောက်ကို ဝင်သွားတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ DRC ရဲ့ ပြန်လည်စုစည်းမှုအောက်မှာ ကျနော်တို့ သွားတဲ့ပုံစံဖြစ်ပါတယ်” ဟု CDF- ကန်ပက်လက်၊ Kkei Sing တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသနှင့် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော Kkei Sing တပ်ရင်းသည် ဒိုင်ရ်ဒေသန္တရကောင်စီ၏ ဦးဆောင်မှုအောက်ရှိ CDF- Daai အဖြစ် ပူးပေါင်းရပ်တည်မည်ဖြစ်၍ CDF – ကန်ပက်လက်၏ တပ်ရင်းအဖြစ်မှ တရားဝင်နှုတ်ထွက်ပြီးဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့မှာ Kkei Sing တပ်ရင်းက ထုတ်ပြန်ထားသည်။

“နှုတ်ထွက်တယ်ဆိုကတည်းက ဟိုမှာ Daai – CDF ခေါင်းစဉ်မှာ ပူးပေါင်းပြီးသားဖြစ်ပါတယ်။ ပူးပေါင်းမှုတွေမှာ နိုင်ငံရေးရော၊ စစ်ရေးရောက ယူနစ်တစ်ခုအနေနဲ့ အကုန်လုံးက ဒိုင်ရ်ဒေသန္တရကောင်စီရဲ့ ကွပ်ကဲမှုအောက်မှာ လိုက်နာဖို့ သွားဖို့ဖြစ်ပါတယ်။ ဒိုင်ရ်ပြည်သူလူထုရဲ့ညီလာခံ ဆုံးဖြတ်ချက်အရ အဲဒီအတိုင်း သွားကြဖို့ပါပဲ” ဟု Kkei Sing တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အလားတူ CDF – မတူပီ၊ တပ်မဟာ – ၂၏ တပ်ရင်းတစ်ခုဖြစ်သော လီစန်းတပ်ရင်းကလည်း ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ဒိုင်ရ်မျိုးနွယ်စု စုစည်းမှုမှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်၍ CDF – မတူပီမှသော်လည်းကောင်း၊ CDF- မတူပီ၊ တပ်မဟာ – ၂ မှသော်လည်ကောင်း နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေး၊ ချင်းပြည်တည်ဆောက်ရေးတို့တွင် တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် လေးစားလျက် ညီအစ်ကို အိမ်နီးချင်းကောင်းများအဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နှုတ်ထွက်လိုက်သော တပ်ရင်းများက ထုတ်ပြန်ထားသည်။

ဒိုင်ရ်မျိုးနွယ်စုများသည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်စသည့် မြို့နယ် ၄ ခုတွင် ပြန့်နှံ့နေထိုင်ကြပြီး နွေဦးတော်လှန်ရေးဖြစ်ပွားသည့်နောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့များတည်ထောင်သည့်အချိန်တွင် သက်ဆိုင်ရာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့လက်အောက်တွင် တပ်ရင်းတစ်ခုအနေဖြင့် ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်အခြေစိုက် CDF – Daai တပ်ဖွဲ့သည်လည်း ဒိုင်ရ်ဒေသန္တရ ကောင်စီ – DRC လက်အောက်တွင် ပြန်လည်ဖွဲ့စည်းမည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ်တွင် ပါဝင်ထားပြီဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အခြေစိုက်၊ CDF- မင်းတပ်မှ ဒိုင်ရ်တပ်ဖွဲ့များ ဇူလိုင်လ ၁၅ ရက်က မိခင်တပ်ရင်းမှ နှုတ်ထွက်ခြင်း ရှိ၊ မရှိကို ခိုနူမ်းသုန်းအနေဖြင့် ဆက်သွယ်မေးမြန်းနေပြီး အတည်ပြုနိုင်သေးခြင်း မရှိသေးပါ။

ဒိုင်ရ်မျိုးနွယ်စု၏ အုပ်ချုပ်ရေးအစုအဖွဲ့အသီးသီးနှင့် ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးတို့ကို ပြန်လည်စုစည်းသည့်ကာလအတွင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဇူလိုင်လ ၁၂ ရက်မှစတင်၍ နှုတ်ထွက်ပါကြောင်း CDF- Daai အဖွဲ့မှ ချင်းပြည်ကောင်စီ ဥက္ကဌထံသို့ နှုတ်ထွက်စာ ပေးပို့ထားသည်။

ဒိုင်ရ်ဒေသနှင့် ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံး၏ နိုင်ငံရေးအခန်းကဏ္ဍနှင့်ပတ်သက်၍ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း CDF- Daai က ထုတ်ပြန်ထားသည်။

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ် ၄ ခုတွင် ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရသော ဒိုရ်နယ်မြေများနှင့် ဒိုင်ရ်မျိုးနွယ်စုများ ပေါင်းစည်းနိုင်ရေးတို့ကို ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.