Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိ-ဇိုေခၚထား နယ္စပ္တံတားအ၀င္ဂိတ္တြင္ Corona Virus စစ္ေဆးမႈမ်ား စတင္ျပဳလုပ္

ရိ-ဇိုေခၚထား နယ္စပ္တံတားအ၀င္ဂိတ္တြင္ Corona Virus စစ္ေဆးမႈမ်ား စတင္ျပဳလုပ္

0
By Editor on January 28, 2020 Headline

Zawgyi

By လားႏြန္ – တရုတ္ႏိုင္ငံတြင္ျဖစ္ပြားေနေသာ Corona Virus ေရာဂါႀကိဳတင္ကာကြယ္သည့္အေနျဖင့္ အိႏိၵယ-ျမန္မာအမွတ္ (၂) နယ္စပ္ကုန္သြယ္ေရး ရိ-ဇိုေခါထား နယ္စပ္ဂိ္တ္အ၀င္အထြက္တြင္ ရိေခၚဒါရ္ၿမိဳ႕ က်န္းမာေရးဦးစီးဌာနမွ ဦးေဆာင္ၿပီး က်န္းမာေရးစစ္ေဆးမႈမ်ားကို ဇန္န၀ါရီလ (၂၇) ရက္ေန႔ကစတင္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ခ်င္းျပည္နယ္ ရိေခၚဒါရ္ၿမိဳ႕ လ.၀.က ဦးစီးမွဴး ဦးေမာင္ေမာင္က “မေန႔ကစျပီးေတာ့လုပ္ေနၾကတယ္ အခုလည္းလုပ္ေနၾကတယ္ က်န္းမာေရးဌာနနဲ႔ ပူးေပါင္းျပီးေတာ့လုပ္တယ္ ဂိတ္မွာ က်န္းမာေရးဌာနက သူတို႔က စစ္ေဆးျပီးေတာ့ စာရင္းေကာက္တာ၊ မေန႔ကေတာ့ စလုပ္တယ္ က်န္းမာေရးဌာနကသံုးေယာက္နဲ႔ ဒီေန႔ေတာ့ ဌာနဆိုင္ရာ တစ္ခ်ိဳ႕လည္းပါ၀င္ျပီးေတာ့လုပ္ၾကတယ္ အ၀င္ထြက္ေလာေလာဆယ္ေတာ့ စစ္ေဆးတာေတြေတာ့ရိွတာေပါ့ေနာ္ စစ္ေဆးမႈတင္းၾကပ္တယ္ဆိုတာေတာ့မရိွဘူး ပံုမွန္သြားလာေနၾကပါတယ္” ဟု ခိုႏူမ္းသုန္ကိုေျပာသည္။

တရုတ္ႏိုင္ငံတြင္လက္ရိွျဖစ္ပြားေနသည့္ Corona virus ေၾကာင့္ တရုတ္ႏိုင္ငံတြင္ လူဦးေရ (၃) ေထာင္ေက်ာ္ ေရာဂါကူးစက္ခံေနရျပီး ေသဆံုးသူ (၈၀) ေက်ာ္ေသဆံုးၿပီျဖစ္သည္။

ယင္းေၾကာင့္ တရုတ္ႏိုင္ငံႏွင့္ နယ္နိမိတ္ျခင္းထိစပ္ေနသည့္ နယ္စပ္ျမိဳ႕မ်ားတြင္ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိၾကသည္။

ရိေခၚဒါရ္က်န္းမာေရးဦးစီးဌာနမွ ဆရာမတင္တင္လွက “နယ္စပ္ဂိတ္တံတားနားမွာပဲ စစ္ေဆးမႈေတြလုပ္ေနတယ္၊ က်မတို႔ေလာေလာဆယ္ေတာ့ ဒီနယ္စပ္ဂိတ္မွာလာတဲ့ ခရီးသည္ေတြကို ေဟာေျပာပြဲေတြလုပ္တယ္ ျပီးလို႔ရိွရင္ ဒီေရာဂါနဲ႔ပတ္သက္ျပီး ဘယ္လိုမ်ိဳးေတြမွျဖစ္ႏိုင္တယ္ လကၡဏာေတြ ေရာဂါရဲ႕ ျဖစ္ပံုေလးေတြေျပာေပးတယ္ လာတဲ့ခရီးသည္တိုင္းကိုေျပာတယ္ က်မတို႔ စစ္ေဆးတဲ့ စက္ကရိယာေတြနဲ႔လည္း စစ္ေဆးမႈေတြလုပ္တယ္ ေတာက္ေလွ်ာက္စစ္ေဆးသြားမွာပါ” ဟု ဆရာမတင္တင္လွကေျပာသည္။

Corona virus သည္ ၂၀၁၉ ဒီဇင္ဘာလ (၃၀) ရက္ေန႔က တရုတ္ႏိုင္ငံ၊ ၀ူဟန္ျမိဳ႕တြင္ ပထမဆံုး အေၾကာင္းအရင္းမသိ ျပင္းထန္နမိုးနီးယားလူနာသတင္းအျဖစ္ WHO ကိုအေၾကာင္းၾကားထားျပီး ၂၀၂၀ ဇန္န၀ါရီလ (၇) ရက္ေန႔မွာ (2019-nCoV) ဟု တရုတ္အာဏာပိုင္မ်ားမွ ထုတ္ျပန္ထားသည္။

Corona အဆုတ္ေရာင္ဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ ျမန္မာႏုိင္ငံမွ ေက်ာင္းသား/ေက်ာင္းသူ (၆၀) ေက်ာ္ ေသာင္တင္လ်က္ရွိၿပီး ယင္းအထဲတြင္ ခ်င္းေက်ာင္းသား (၅) ဦးႏွင့္ ၎တို႔၏ မိသားစု၀င္ (၂) ဦးလည္း ပါ၀င္သည္ဟု သိရသည္။

Unicode

By လားနွန် – တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော Corona Virus ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ရိ-ဇိုခေါထား နယ်စပ်ဂိ်တ်အဝင်အထွက်တွင် ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဇန်နဝါရီလ (၂၇) ရက်နေ့ကစတင် လုပ်ဆောင်နေကြောင်း သိရသည်။

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ လ.ဝ.က ဦးစီးမှူး ဦးမောင်မောင်က “မနေ့ကစပြီးတော့လုပ်နေကြတယ် အခုလည်းလုပ်နေကြတယ် ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီးတော့လုပ်တယ် ဂိတ်မှာ ကျန်းမာရေးဌာနက သူတို့က စစ်ဆေးပြီးတော့ စာရင်းကောက်တာ၊ မနေ့ကတော့ စလုပ်တယ် ကျန်းမာရေးဌာနကသုံးယောက်နဲ့ ဒီနေ့တော့ ဌာနဆိုင်ရာ တစ်ချို့လည်းပါဝင်ပြီးတော့လုပ်ကြတယ် အဝင်ထွက်လောလောဆယ်တော့ စစ်ဆေးတာတွေတော့ရှိတာပေါ့နော် စစ်ဆေးမှုတင်းကြပ်တယ်ဆိုတာတော့မရှိဘူး ပုံမှန်သွားလာနေကြပါတယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

တရုတ်နိုင်ငံတွင်လက်ရှိဖြစ်ပွားနေသည့် Corona virus ကြောင့် တရုတ်နိုင်ငံတွင် လူဦးရေ (၃) ထောင်ကျော် ရောဂါကူးစက်ခံနေရပြီး သေဆုံးသူ (၈၀) ကျော်သေဆုံးပြီဖြစ်သည်။

ယင်းကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် နယ်စပ်မြို့များတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြသည်။

ရိခေါ်ဒါရ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမတင်တင်လှက “နယ်စပ်ဂိတ်တံတားနားမှာပဲ စစ်ဆေးမှုတွေလုပ်နေတယ်၊ ကျမတို့လောလောဆယ်တော့ ဒီနယ်စပ်ဂိတ်မှာလာတဲ့ ခရီးသည်တွေကို ဟောပြောပွဲတွေလုပ်တယ် ပြီးလို့ရှိရင် ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတွေမှဖြစ်နိုင်တယ် လက္ခဏာတွေ ရောဂါရဲ့ ဖြစ်ပုံလေးတွေပြောပေးတယ် လာတဲ့ခရီးသည်တိုင်းကိုပြောတယ် ကျမတို့ စစ်ဆေးတဲ့ စက်ကရိယာတွေနဲ့လည်း စစ်ဆေးမှုတွေလုပ်တယ် တောက်လျှောက်စစ်ဆေးသွားမှာပါ” ဟု ဆရာမတင်တင်လှကပြောသည်။

Corona virus သည် ၂၀၁၉ ဒီဇင်ဘာလ (၃၀) ရက်နေ့က တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပထမဆုံး အကြောင်းအရင်းမသိ ပြင်းထန်နမိုးနီးယားလူနာသတင်းအဖြစ် WHO ကိုအကြောင်းကြားထားပြီး ၂၀၂၀ ဇန်နဝါရီလ (၇) ရက်နေ့မှာ (2019-nCoV) ဟု တရုတ်အာဏာပိုင်များမှ ထုတ်ပြန်ထားသည်။

Corona အဆုတ်ရောင်ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူ (၆၀) ကျော် သောင်တင်လျက်ရှိပြီး ယင်းအထဲတွင် ချင်းကျောင်းသား (၅) ဦးနှင့် ၎င်းတို့၏ မိသားစုဝင် (၂) ဦးလည်း ပါဝင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.