Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“လုံခြုံရေးအရ စိန်ခေါ်မှုရယ်၊ ငွေကြေးအရ စိန်‌ခေါ်မှုရယ်၊ ဒီဟာတွေက ကျွန်တော်တို့ အဓိက ကြုံတွေ့လာနိုင်တယ်”

“လုံခြုံရေးအရ စိန်ခေါ်မှုရယ်၊ ငွေကြေးအရ စိန်‌ခေါ်မှုရယ်၊ ဒီဟာတွေက ကျွန်တော်တို့ အဓိက ကြုံတွေ့လာနိုင်တယ်”

0
By Editor on June 28, 2022 Featured

တစ်နိုင်ငံလုံးတွင် CDM လှုပ်ရှားမှု အားအကောင်းဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် စစ်ကောင်စီက ဇွန်လဆန်းပိုင်းကစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသော ချင်းပြည်သူအများစုက မိမိတို့၏ သားသမီးများကို ကျောင်းအပ်နှံခြင်း မရှိခဲ့ကြပေ။

မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် စစ်ကောင်စီက ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ တွန်းဇံ၊ မတူပီ၊ ပလက်ဝ မြို့ပေါ်တို့မှာသာ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူ တစ်သောင်းကျော်ကျော်လောက်သာရှိကြသည်ဟု ပညာရေးဌာနက စာရင်းအရ သိရသည်။

ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ကျော်ကြာ စာသင်ကျောင်းနှင့် ဝေးခဲ့ကြရသည့် ကလေးငယ်များအတွက် ကျောင်းပညာရေးများ ဆုံးရှုံးမှုမရှိစေရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဦးဆောင်မှုဖြင့် ၎င်းတို့ထိန်းချုပ်ရာနယ်မြေတွင် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုစတင်ခဲ့ကြသည်။ ယခုစာသင်နှစ်တွင်လည်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေတွင် ပညာရေးကျောင်းများ စတင်ဖွင့်လှစ်လာခဲ့ကြသည်။

ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ် စသည့် နယ်မြေ ၃ ခုတွင် ပြန့်ကျက်နေထိုင်ကြသည့် မရာနယ်မြေဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC) က အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်နေပြီး အခြေခံပညာဆရာဖြစ်သင်တန်းကို မကြာသေးခင်ကပဲ ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC) ၏ အထွေထွေအတွင်းရေးမှူး ဦး Khai Sa ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီကနေ အခြေခံပညာ ဆရာဖြစ်သင်တန်းပြုလုပ်ခဲ့တဲ့ အခြေအနေလေး ပြောပါပေးလို့ရမလား။

ဖြေ။ ။ အခု ပြည်တွင်းစစ်ကာလ ၂ နှစ်ကာလဖြတ်သန်းလာတဲ့နေရာမှာ ကျောင်းနေရွယ်ကလေးတွေ ပညာသင်ကြားရေးဟာ တော်တော်လေး ပြသနာရှိနေတော့ မြေပြင်မှာတကယ့် တကယ်လိုအပ်နေတဲ့ ကလေးတွေရယ်၊ ကျောင်းသားမိဘတွေရဲ့ တောင်းဆိုချက်က များလာတဲ့အချိန်မှာ ကျွန်တော်တို့ ဒီမရာနယ်မြေ အုပ်ချုပ်ရေးကောင်စီကနေ ပညာရေးဌာနာကိုလွှဲပြီးတော့ အဲ့ဒီကနေ အခု ပထမအကြိမ် ရက်တိုသင်တန်းက ဇွန် ၁၃ ရက်ကနေ ၂၄ ရက်နေ့အထိ ဆရာ/မများ မွန်းမံသင်တန်းဆိုပြီးတော့ ကျွန်တော်တို့က ပေးတာဖြစ်ပါတယ်။

မေး။ ။ မရာနယ်မြေဆိုတာကို နည်းနည်း ရှင်းပြလို့ရမလား။ ဘယ်နေရာဒေသတွေလဲဆိုတာလေ။ ရွာပေါင်း ဘယ်လောက်လောက်ရှိလဲပေါ့။

ဖြေ။ ။ မရာနယ်မြေကြတော့လေ အားလုံးသိကြတဲ့အတိုင်း မြို့နယ် ၃ မြို့နယ်မှာ မရာတွေက နေထိုင်ကြတယ်ပေါ့၊ ထန်တလန်မြို့နယ်မှာ ၁၃ ရွာရှိတယ်၊ မတူပီမြို့နယ်မှာကြ‌တော့ နည်းနည်းများတယ်။ ပြီးရင် ပလက်ဝနယ်မှာလည်း များတယ်ပေါ့ အားလုံး ကျေးရွာပေါင်းက ၆၄ ရွာရှိတယ်၊ မရာနယ်မြေမှာ ကျေးရွာပေါင်း ၆၄ ရှိတဲ့ထဲမှာမှ ကျွန်တော်တို့ ဒီ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီမှာ တိုက်နယ် ၆ ခု ဖွဲ့စည်းထားတယ်။ ပလက်ဝမြို့နယ်မှာ တိုက်နယ် ၂ ခု၊ မတူပီမြို့နယ်မှာ ၃ ခု၊ ထန်တလန်မြို့နယ်မှာကြတော့ တိုက်နယ် (၁) ခု စုစုပေါင်း တိုက်နယ် ၆ ခု၊ အဲ့ဒီမှာ မရာအုပ်ချုပ်ရေးက တိုက်နယ်မြေကို ကြီးကြပ်ရတယ်၊ အဲ့ဒီတိုက်နယ် ၆ ခုရဲ့ အောက်မှာမှ ကျေးရွာအုပ်ချုပ်ရေးကော်မတီဆိုပြီး နောက်ထပ် ပြန်ဖွဲ့တယ်။ အဲ့လို ဆင့်ကဲဆင့်ကဲနင့် ပြန်သွားတယ်။ မရာနယ်ဆိုတာက မရာလူမျိုးတွေနေထိုင်တဲ့ ဒီကျေးရွာတွေပေါ့နော် သူတို့အဲ့ကျေးရွာမှာဆိုရင်လည်း နယ်လေးတွေရှိတာပေါ့ ပိုင်နက်နယ်မြေတွေရှိတာပေါ့။ အဲ့တာတွေကို စုပေါင်းပြီးတော့ ကျွန်တော်တို့က မရာနယ်မြေအုပ်ချုပ်ရေးကောင်စီဆိုပြီးတော့ဖွဲ့စည်းတာပေါ့။

မေး။ ။ ဆိုတော့ ခုဆို ဆရာဖြစ်သင်တန်း ပြုလုပ်ပြီးပြီပေါ့နော်၊ ဘယ်လိုဆက်လက်လုပ်ဆောင်ကြဖို့ အစီစဉ်ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့အခုက သတန်းလည်းဖွင့်ပြီးပြီ အဲ့ဒီသင်တန်းမပေးခင်ကတည်းက တစ်ချို့ကျောင်းတွေ ဖွင့်နေပြီ၊ ကျွန်တော်တို့က ဖွင့်ခိုင်းတာရှိတယ်။ CDM ဝင်တဲ့ဆရာ/မတွေနင့် တက္ကသိုလ်ကျောင်းသားတွေရယ် ၁၀ တန်းအောင်တဲ့သူတွေ။ ကျွန်တော်တို့က ဆရာ/မ လိုအပ်ချက်အရ တက္ကသိုလ် ကျောင်းသူ/သားတွေ သို့မဟုတ်ရင် ၁၀ တန်းအောင်တဲ့သူတွေကို ကျွန်တော်တို့က အစားထိုးပြီးတော့ ကျွန်တော်တို့က သင်တန်းပေးတယ်။ အယောက် ၁၀၀ ကျော်ပေါ့နော်။ ကျွန်တော်တို့က အခု သင်တန်းပေးပြီးသားဆိုတော့ ကျောင်းက စဖွင့်တော့မယ်။ တစ်ချို့ကတော့ ဖွင့်နေပြီ၊ တစ်ချို့ကတော့ သင်တန်းကိုစောင့်ပြီးတော့ မဖွင့်သေးတဲ့ ကျောင်းလည်းရှိတယ်။ သင်တန်းဆင်း ဆရာ/မတွေက ကျေးရွာအသီးသီးကို ရောက်ရင် ကျောင်းစဖွင့်မယ်။ အဲ့ဒီနေရာ မှာ ဥပမာ ကျေးရွာတစ်ရွာမှာ ကျောင်းသားလူဦးရေနင့်တွက်ချက်ပြီးတော့ ဆရာ/မ ၇ ယောက်လို တယ်ဆိုရင် ၅ ယောက်ကို MATC မှလစာပေးပြီး ကျန် ၂ ယောက်ကိုကျတော့ ကျေးရွာက ပေးရမယ်။ ဆရာ/မ ၄ ယောက်လိုတယ်ဆိုလို့ရှိရင် ၃ ယောက်ကို ကျွန်တော်တို့ MATC တာဝန်ယူတယ်၊ ရွာက ကျန်တစ်ယောက်ကို တာဝန်ယူတယ်။ အဲ့လို စနစ်တကျလေးလုပ်ပြီး စလုပ်ရှားနေတယ်။

မေး။ ။ တချိူ့နေရာမှာ ကျောင်းတွေစဖွင့်ပြီး အများစုကတော့ မကြာခင်ဖွင့်တော့မှာပေါ့လေ အဲဒီနေရာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိလာနိုင်လဲ။

ဖြေ။ ။ ဒီဟာနင့်ပက်သက်ပြီးတော့ တော်တော်လေးတော့ စိန်ခေါ်မှုများတယ်။ ပြသနာအကြီးဆုံးက လုံခြုံရေးပြသနာတွေ ဖြစ်လာနိုင်တယ်၊ တစ်ဖက်ကလည်း ဖိအားပေးလာမှာ သေချာတယ်။ ကျွန်‌တော်တို့က ပညာရေးကို အပြည့်ဝကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ ဒေသခံတပ်ဖွဲ့တွေရဲ့အင်အား တော်တော်လေးလိုတယ်။ ကျွန်တော်တို့ အင်အားမရှိလို့ရှိရင် အဲဒီကျောင်းတွေမှာရှိတဲ့ ပညာရေး အကောင်ထည်ဖော်နေတဲ့ဟာတွေကို စစ်ကောင်စီဘက်က ဖိအားပေးလာလို့ရှိရင် ကျွန်တော်တို့ဘက်က ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ အဲဒါမျိုးတွေက မြို့နယ်တိုင်း၊ အုပ်ချုပ်‌ရေးအဖွဲ့တိုင်းက ကြုံတွေ့နေတဲ့ အဓိက စိန်ခေါ်မှုတစ်ချက်ပေါ့။

နောက်တစ်ချက်က ပြည်သူလူထုကလည်း စီးပွားရေးတော်တော်လေးကျဆင်းလာတယ် အားလုံးသိပြီးသားအတိုင်းပဲ၊ ကမ္ဘာ့စီးပွားရေးလည်း အခြေနေမကောင်းဘူး ကျဆင်းလာတယ်ဆိုတော့ ကျွန်တော်တို့ ငွေရေး ကြေးရေးအရပေါ့ ကျွန်တော်တို့အခု လုပ်အားပေးဆရာ/မ၊ စေတနာဝန်ထမ်းတွေကို တစ်လ ကျပ်တစ်သိန်းပေးဖို့ ရည်မှန်းထားတယ်။ ကျွန်တော်တို့ MATC ကနေ ကုန်ကျခံမည့် ဒီဆရာ/မတွေရဲ့ Budget လစာက တစ်လကို သိန်း ၂၀၀ နှင့်အထက် ၃၀၀ သိန်းနီးပါးရှိတယ်။ အဲ့တာကို ကျွန်တော်တို့က ကုန်ကျပေးရမှာဖြစ်တယ်။ ဆိုတော့ ဒီကုန်ကျငွေကို ကျွန်တော်တို့က ဘယ်လိုရှာရမလဲဆိုတာကိုလည်း ပြသနာအကြီးကြီး ဖြစ်လာတာပေါ့။ လုံခြုံရေးအရ စိန်ခေါ်မှုရယ်၊ ငွေကြေးရေးအရ စိန်‌ခေါ်မှုရယ်၊ ဒီဟာတွေက ကျွန်တော်တို့ အဓိက ကြုံတွေ့လာနိုင်တယ်။ ပြီးလို့ရှိရင် NUG ကနေ ချမှတ်ပေးတဲ့ ပုံနိပ်တွေရယ် ကျောင်းသုံးစာအုပ်တွေရယ် ကျွန်တော်တို့က စီစဉ်ပေးရမှာ။ အခု တတ်နိုင်လောက် စီစဉ်ပေးနေတယ်ပေါ့ ကျောင်းသား/သူတွေကိုကြတော့ အစုံအလင်းမပေးနိုင်သေးဘူး ဒါ ပွင့်ပွင့်လင်းလင်းပြောတာ။ ဆရာ/မတွေကိုကြတော့ စုံစုံလင်လင်ပေးလိုက်နိုင်ပါတယ်။ ဒီမရာနယ်မြေအနေနင့် ကျန်တဲ့အဖွဲ့စည်း၊ ကျန်တဲ့အုပ်ချုပ်ရေးအဖွဲ့တွေလည်း ကြုံတွေ့ရမည့်ပြသနာကြီးပေါ့နော်။

မေး။ ။ မရာနယ်မြေထဲမှာ ကျောင်းဘယ်နှစ်ကျောင်းဖွင့်ပြီလဲ ကျောင်းသား/ကျောင်းသူတွေကကော ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ မရာနယ်မြေထဲမှာ ကျွန်တော်တို့ ကျောင်းနေရွယ်ကလေးတွေကြတော့ ထောင်ဂဏန်းရှိတယ်၊ ကျောင်းတစ်ချို့ကဖွင့်တယ် ကျေးရွာ (၇) ရွာလောက်ဖွင့်တယ်။ အနည်းစုပေါ့နော် ကြိုတင်ဖွင့်ထားတာ၊ ကျန်ကျေးရွာ ၄၀ ကျော်က ဒီသင်တန်းကို စောင့်နေတယ် ကျွန်တော်တို့က ၁ လ ကျော်ကျော် ပြင်ဆင်ထားတယ်။ ဒီမေလကတည်းက ပြင်ဆင်ထားတာ။ အခု သူတို့ ကျောင်းစဖွင့်တာနှင့် လာတဲ့ကလေးတွေရဲ့စာရင်းတွေ ကျွန်တော်တို့ကရမှ အတိကျ ထုန်ပြန်လို့ရမှာ။ အခု ကျွန်တော်တို့ဖွင့်နိုင်မှာက မူလတန်းနှင့် အလယ်တန်းအဆင့်ပဲရှိမယ်၊ အထက်တန်းအဆင့်ကတော့ တိုက်နယ်တစ်ခုမှာ ကျေးရွာ အခြေနေပေးတဲ့နေရာမှာပဲ ကျောင်းကိုဖွင့်ပြီးတော့ အဲ့ဒီမှာ တိုက်နယ်အသီးသီးမှာရှိတဲ့ အထက်တန်းကျောင်းသား တွေကို အဲ့ဒီကျောင်းတစ်ကျောင်းမှာပဲ ဆရာ/မ အင်အားလုံလုံလောက်လောက်လေးနင့် သင်ကြားပေးဖို့ ကျွန်တော်တို့ စီစဉ်နေတယ်။

မေး။ ။ ကျောင်းနေရွယ် ကလေးငယ်ပမာဏနဲ့ ဆရာ/ဆရာမဦးရေကကော လုံလောက်မှုရှိနိုင်မလား။ ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ အခုနပြောသလို တချို့ CDM ဝင်ဆရာ/မတွေက ဒီလွတ်မြောက်နယ်မြေကို ရောက်ကုန်တယ်။ အဲ့လိုရောက်ကုန်တော့ ကျွန်တော်တို့ တချို့ကို ပြန်ခေါ်တယ်။ တချို့ကတော့ မိသားစုအခက်ခဲမှုကြောင့် ခေါ်လို့မရဘူး။ မရတဲ့အနေထားမှာ တက္ကသိုလ်ကျောင်းသားတွေ၊ ၁၀ တန်းအောင်ကျောင်းသား/သူတွေ၊ ဆရာဖြစ်သင်တန်း မပြီးသေးတဲ့သူတွေကို ကျွန်တော်တို့က အားဖြည့်ပြီးတော့ သင်တန်းပေးတယ်။ အခုလောလောဆယ်ကြတော့ ကျွန်တော်တို့ ဆရာ/မ လိုအပ်ချက် ၇၀ ရာခိုင်နှုန်းကို ရရှိထားပြီ။ တော်တော်လေးတက်ကြွတယ်။ နောက်ထပ် ၃၀ ရာခိုင်နှုန်းကကြတော့ ၂ လအတွင်း ပြန်ပြီးမှ ရှာရအုံးမယ်။ အဲ့ဒီဟာတွေကိုလည်း ကျွန်တော်တို့က အပတ်စဉ် (၂) သင်တန်းပေးဖို့ အခုအတည်းက ကြိုတင်ပြင်ဆင်ထားတာ ရှိပါတယ်။

မေး။ ။ စစ်ဘေးရှောင်အရေးနဲ့ဖြစ်ဖြစ်၊ ကျောင်းနေရွယ် ကလေးငယ်တွေအတွက်ပဲဖြစ်ဖြစ် တခြား ဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့က တစ်ဖက်ကနေ တိုက်ပွဲတွေဆင်နွဲတယ်။ အဲဒီဆင်နွဲတဲ့နေရာမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေရှိလာတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစစ်ဘေးရှောင်တွေရဲ့ ပြသနာကို လစ်လျှူရှုလို့မရဘူး ဘာဖြစ်လို့လည်းဆိုလို့ရှိရင် စစ်‌ကြောင့် စစ်ဘေးရှောင်ရှိလာတယ်၊ အဲ့ဒီနေရမှာ မိခင်နင့် ကလေးတွေရှိမယ်၊ ကျောင်းနေရွယ်ကလေးတွေရှိမယ် အဲ့တာလေးတွေကို ကျွန်တော်တို့က ကောင်းကောင်းလေး ထိန်းသိမ်းပေးရမယ်၊ ပြုစုရမယ်၊ စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့က တိုက်ပဲတိုက်နေမယ် ပြည်သူလူထုကို လစ်လျှူရှုနေမယ်ဆိုရင် ပြည်သူတွေရဲ့ ထောက်ခံမှုက ရေရှည်မှာ ထိန်းနိုင်မှာမဟုတ်တော့ဘူး။ မြင်နေရမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့မှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရမယ်။

ကိုယ့်လူမျိုးတစ်ခုတည်းကြည့်ပြီး ဆောင်ရွက်လို့မရသလို ကိုယ့်မြို့နယ်တစ်ခုတည်းကြည့်ပြီးတော့ ဆောင်ရွက်လို့မရဘူး။ နောက်တစ်ချက်က အရပ်ဘက်ဖွဲ့စည်းတွေက မျိုးနွယ်စုအလိုက် ဖွဲ့စည်းတဲ့ဟာတွေရှိတယ်၊ လူမျိုးအလိုက် ဖွဲ့စည်းတဲ့ဟာတွေရှိတယ် ပြည်နယ်အလိုက် ဖွဲ့စည်းတဲ့ဟာလည်းရှိတယ်၊ ဒီဟာတွေကလည်း ကိုယ့်လူမျိုး၊ ကိုယ့်ရွာ၊ ကိုယ့်မြို့နယ်ထဲကိုပဲ ဦးစားမပေးပဲနင့် ကျန်တဲ့‌နေရာဒေသ လိုအပ်တဲ့နေရာမှာ လူမျိုး ဘာသာမခွဲခြားပဲနင့် ကျွန်တော်တို့က ချိတ်ဆက်ပြီးတော့ ကူညီဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.