Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၈၀ ခန့် သေဆုံးပြီး ၈၀ ခန့်မှာ ချင်းရဲဘော်များ ဖြစ်သည်ဟု ICA ထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၈၀ ခန့် သေဆုံးပြီး ၈၀ ခန့်မှာ ချင်းရဲဘော်များ ဖြစ်သည်ဟု ICA ထုတ်ပြန်

0
By Editor on March 4, 2025 Headline

(006SV)

ချင်းပြည်နယ်နှင့် ချင်းပြည်နယ် ပြင်ပရှိ ချင်းလူမျိုးများ နေထိုင်ရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ချင်းလူမျိုး ၂၈၀ ဦး သေဆုံးပြီး လူနေအိမ်၊ ဘာသာရေးနှင့် အစိုးရအဆောက်အဦး ၁၄၀၀ ကျော်ပျက်စီးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA ကထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ဖေဖော်ဝါရီလအထိ ၄ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် ချင်းလူမျိုးများအပေါ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀ ပြုလုပ်ခဲ့ရာ ချင်းအရပ်သားပြည်သူ ၂၀၀ ကျော် နှင့် ချင်းတော်လှန်ရေး အဖွဲ့ဝင် ၈၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၄၅၀ ကျော်ရှိသည်ဟု ICA က မတ်လ ၄ ရက်က ထုတ်ပြန်သည်။

“စစ်ကောင်စီဟာ မြေပြင်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိလာချိန်မှာ စစ်ကောင်စီဘက်က အခြေအနေ မဟန်တာ၊ အထိ အခိုက်များတာတို့ကြရင် လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားတာကို တွေ့ရတယ်။ နောက်တခုက သူတို့ လုံးဝထိန်ချုပ် ချင်တယ်လို့ ယူဆရတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုတယ်” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက ပြောသည်။

ချင်းပြည်နယ်အတွင်း ချင်းအရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးပြီး တော်လှန်ရေးအဖွဲ့ဝင် ၅၆ ဦးထက်မနည်း သေဆုံးကြောင်း၊ ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုများ နေထိုင်သော ဒေသတွင်လည်း ချင်းအရပ်သား ၁၀၀ ကျော် သေဆုံးပြီး ချင်းတော်လှန်ရေး အဖွဲ့ဝင် ၂၀ ထက်မနည်းတို့သည် လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်ပြင်ပဆိုသည်မှာ စစ်ကိုင်း၊ မကွေးနှင့် ရခိုင်တို့က ချင်းလူမျိုးများ၏ လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ပြုစုဖော်ပြခြင်းဖြစ်သည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေထဲ ချင်းအမျိုးသမီး ရဲဘော်တွေလည်း ပါပါတယ်။ Camp Victoria ကို လေကြောင်းတိုက်ခိုက်လို့ ချင်းအမျိုးသမီး ရဲဘော်တွေ သေဆုံးတာ ရှိတယ်။ တချို့နေရာတွေမှာ လည်း အမျိုးသမီးရဲဘော်တွေ သေဆုံးရတာ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ တော်လှန်ရေး ချင်းအမျိုးသမီး ရဲဘော်တွေက ၁၀ ဦးနီးပါးတော့ ရှိပါတယ်” ဟု ဗန်ဆွီစံက ပြောသည်။

လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုမှာ ၇၁ ရာခိုင်နှုန်းရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ သေဆုံးမှုမှာ ၂၉ ရာခိုင်နှုန်းသာရှိသည့်အတွက် စစ်ကောင်စီသည် အရပ်သားပြည်သူကို ဦးတည်၍ လေကြောင်းတိုက်ခိုက် မှုပြုလုပ်ခြင်းဖြစ်သည်ဟု ICA က ဆိုသည်။

နေအိမ်အဆောက်အဦး ၁၃၈၄ လုံး ၊ ဘာသာရေးအဆောက်အဦး ၃၉ လုံး၊ အစိုးရအဆောက်အဦး ၄၀ ကျော်တို့ လေကြောင်း ဗုံးကြဲမှုကြောင့် ပျက်စီးရသည်ဟု သိရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀ ပြုလုပ်ရာတွင် ဗုံအလုံးရေ ၁၃၀၀ ကျော်ကြဲချတိုက်ခိုက်သည်ဟု သိရသည်။

(လေကြောင်းတိုက်ခိုက်မှု ရေတွက်ရာတွင် တရက်မှာ တိုက်ပွဲတနေရာကို တကြိမ်ဟု ရေတွက်သည်)

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီသည် ချင်းပြည်နယ်နှင့် ချင်းပြည်ပြင်ပတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု အပါအဝင် ပုံစံမျိုးစုံဖြင့် ကျူးလွန်မှုကြောင့် ချင်းလူမျိုး ၉၈၃ ဦးအထိ သေဆုံးမှု ရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် ချင်းလူမျိုးများအပေါ်တွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေတို့ဖြင့် ကာကွယ်ပေးထားသော လူပုဂ္ဂိုလ်များ၊ အရာဝတ္တုများ၊ အဆောက်အဦးများ၊ နေရပ်ရွှေ့ပြောင်းသူများ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို ထပ်တလဲလဲ ချိုးဖောက်နေသည်ဟု ICA က ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.