Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု CDF-Hakha Council ပြော

ဟားခါးမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု CDF-Hakha Council ပြော

0
By Editor on September 21, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့နယ်၏ နယ်မြေ စုစုပေါင်း ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha Council က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၄၁၉ ဦးသေဆုံးခဲ့ပြီး ၁၉၀ ကျော်လည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF-Hakha Council ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Hakha တပ်ဖွဲ့သည် ချင်းပြည်နယ်တွင် မြို့တွင်းစစ်ဆင်ရေး အများဆုံးဖော်ဆောင်သည့် တပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်းစစ်ဆင်ရေး အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့သည်ဟု သိရသည်။

CDF-Hakha Council အနေဖြင့် တော်လှန်ရေးအရှိန်မြှင့်တင်ပြီး ပိုမိုတောင့်တင်းအင်အားကောင်းလာစေရေးအတွက် ဟားခါးမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်အယောက် (၃၀၀) ဦးတက်ရောက်ပါဝင်သော ညီလာခံ ကိုလည်း ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။

ယင်းညီလာခံဆုံးဖြတ်ချက်အရ ချင်းလူမျိုးနင့် ချင်းပြည်သည် မတရားအာဏာရှင်အုပ်ချုပ်ရေးနှင့် လူမျိုးကြီးဝါဒ အုပ်ချုပ်ရေးမှ လွတ်မြောက်သည်အထိ တော်လှန်ရေးဆက်လက်ပြုလုပ်ရန်၊ ချင်းအမျိုးသားတပ်ဦး CNF/A နှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားမည်ဟု သိရသည်။

CDF-Hakha Council သည် Mie ဒေသ၊ Senthang ဒေသ၊ Zokhua ဒေသနင့် ဟားခါးမြို့ပေါ်ဒေသ စသည့်ဒေသ (၄) ခုဖြင့် စုဖွဲ့ထားသည်နှင့်အညီ တော်လှန်ရေးကာလအတွင်း CDF-Hakha Council သည်သာ အဆိုပါဒေသ ၄ ခု၏ တရားဝင်ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ပြီး အခြား မည်သည့်လက်နက်ကိုင်အဖွဲ့ (သို့) အုပ်ချုပ်ရေးအဖွဲ့မျှ ဖွဲ့စည်းခြင်းမပြုရဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မတရားဖမ်းဆီးခြင်းခံရသူ ၃၃၇ ဦးထိရှိခဲ့ပြီး ယင်းအနက် ၃၀၉ ဦးမှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ ၂၈ ဦးမှာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံကြရဆဲဟု CDF-Hakha Council က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး နေအိမ် ၂၇ လုံး မီးရှို့ဖျက်ဆီးခံရသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.