Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့အနီး တောတောင်ဒေသများအတွင်း သွားလာခြင်းကန့်သတ်

ဟားခါးမြို့အနီး တောတောင်ဒေသများအတွင်း သွားလာခြင်းကန့်သတ်

0
By Editor on February 9, 2026 Headline

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ တောတောင်ဒေသများအတွင်း အများပြည်သူများ သွားလာလှုပ်ရှားခြင်း မပြုကြရန် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha) က ယမန်နေ့၊ ဖေဖော်ဝါရီ ၈ ရက်တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။

အဆိုပါ ကန့်သတ်ချက်မှာ ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ စတင်ကာ နောက်ထပ် ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်း သိရသည်။

လတ်တလော နယ်မြေအတွင်း ဖြစ်ပေါ်နေသော လုံခြုံရေး အခြေအနေများကြောင့် ပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ သွားလာမှု ကန့်သတ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ဒီလို ထုတ်ပြန်ချက်မျိုးက ကျွန်မတို့ ပြည်သူတွေအနေနဲ့ လိုက်နာသင့်တယ်။ သူတို့ဘာကြောင့်ထုတ်ပြန်တာလဲ ဆိုတာ မသိပေမဲ့ ပြည်သူ့အသက်အန္တရယ်အတွက် စိုးရိမ်စရာရှိလို့ဖြစ်မှာပဲ။ ဟားခါးကတော့မထင်မှတ်တဲ့ချိန် တိုက်ပွဲငယ်တွေလဲ ဖြစ်ဖြစ်သွားတယ်ဆိုတော့ သတိထားသင့်တယ်။” ဟု ဟားခါးမြိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဟားခါးမြို့နယ်အတွင်း မိဘပြည်သူများအနေဖြင့် အဆိုပါ ထုတ်ပြန်ချက်ကို လေးနက်စွာ လိုက်နာပြီး ပူးပေါင်းဆောင်ရွက် ပေးကြရန်လည်း CDF-Hakha က မေတ္တာရပ်ခံထားသည်။

ယခင်ကလည်း ဟားခါးမြို့ပေါ်နှင့် အနီးအနားဝန်းကျင်များတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွါးလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.