Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးၿမိဳ႕ ပိုးေတြ႔လူနာအမွတ္ (၁၅၀) ႏွင့္ ထိေတြ႔ခဲ့သူ (၅၀) နီးပါးကို Facility Quarantine ျဖင့္ထားရွိ

ဟားခါးၿမိဳ႕ ပိုးေတြ႔လူနာအမွတ္ (၁၅၀) ႏွင့္ ထိေတြ႔ခဲ့သူ (၅၀) နီးပါးကို Facility Quarantine ျဖင့္ထားရွိ

0
By Editor on May 1, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူလွ်က္ရွိသည့္ Covid-19 လူနာအမွတ္ (၁၅၀) ႏွင့္ ထိေတြ႔မႈရွိခဲ့ၾကသူ အေယာက္(၅၀) နီးပါးကို Facility Quarantine ျပဳလုပ္ထားသည္ဟု ဟားခါးၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴး ဦးျမင့္ဦးကေျပာသည္။

လူနာအမွတ္(၁၅၀) ႏွင့္ထိေတြ႔ခဲ့သူအမ်ားစုမွာ သူမ၏ေက်းရြာ သီဖူးလ္ေက်းရြာကျဖစ္ၾကၿပီး ဟားခါးၿမိဳ႕ႏွင့္ ထန္တလန္ၿမိဳ႕တြင္ေနထိုင္သူမ်ားလည္းပါ၀င္ကာ ဟားခါးေကာ္လိပ္အေဆာင္တြင္ Facility Quarantine အျဖစ္ (၂၁) ထားရွိၾကမည္ျဖစ္သည္။

ဟားခါးၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴး ဦးျမင့္ဦးက “ သူနဲ႔ထိေတြ႔ခဲ့သူအားလံုးက ၄၈ ဦးရွိတယ္ အခု သူတို႔ကဟားခါးေကာ္လိပ္အေဆာင္မွာထားတယ္၊ အခုသူနဲ႔အနီးစပ္ဆံုးလူေတြကို က်ေနာ္တို႔ျပန္ေရြးထုတ္ျပီးေတာ့ က်န္းမာေရးဌာနမွေရြးခ်ယ္တဲ့သူေတြကို အဓိကစမ္းစစ္ၾကည့္မွာေပါ့၊ သူနဲ႔စပ္ဆက္တဲ့သူေတြ မကူးဆက္ဖို႔ကလည္း အေရးၾကီးတယ္ေလ၊ သူသြားလည္တဲ့အမ်ိဳးေတြေရာ သယ္ငယ္ခ်င္းေတြေရာ ျပီးေတာ့ သီဖူးလ္ကို လာလည္တဲ့သူေတြလည္း သူနဲ႔ပတ္သက္ခဲ့တဲ့သူေတြ အကုန္လံုးပါတယ္ သီးဖူးလ္ရြာကလည္းပါတယ္ ၊ ထန္တလန္က သူနဲ႔ကားေပၚအတူစီးလာတဲ့သူေတြ (၈) ေရာက္ပါတယ္” ဟု ေျပာသည္။

လူနာအမွတ္ ၁၅၀ သည္ တရုတ္ႏုိ္င္ငံမွ ျပန္လည္ေရာက္ရွိလာသူျဖစ္ၿပီး ဟားခါးၿမိဳ႕ န.တ.လ ေက်ာင္းတြင္ Facility Quarantine ၀င္ေရာက္ကာ ဧၿပီလ ၂၉ ရက္ေန႔က ေရာဂါပိုးေတြ႔ရွိေၾကာင္း က်န္းမာေရးႏွင္ ့အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

သူမသည့္ တရုတ္ႏုိင္ငံမွျပန္ေရာက္လာသည့္အခ်ိန္တြင္ Quarantine ခ်က္ခ်င္း၀င္ေရာက္ျခင္းမရွိဘဲ ကေလးၿမိဳ႕တြင္ ၁၀ ရက္တည္းခိုခဲ့သလို သူမ၏ ေက်းရြာတြင္လည္း တစ္ပတ္ခန္႔ေနထိုင္ခဲ့သည္။ ထုိ႔ေၾကာင့္ ယခုအခါ သူမႏွင့္ထိေတြ႔မႈရွိခဲ့ သည့္ ပုဂၢိဳလ္မ်ားကို စံုစမ္းစစ္ေဆးကာ Facility Quarantine အျဖစ္ထားရွိၾကျခင္းျဖစ္သည္။

အိမ္ေျခ (၆၀) ခန္႔ရွိေသာ သီးဖူးလ္ေက်းရြာသည္ ဟားခါးၿမိဳ႕ႏွင့္ (၁၀) မိုင္ခန္႔ကြာေ၀းသည္ဟုသိရသည္။

ခ်င္းျပည္နယ္လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္က “သူႏွင့္ဆက္စပ္တဲ့သူေတြ Quarantine ခ်ရတာ အမ်ားၾကီးေတာ့ပါသြားတယ္၊ သီဖူးလ္ကေတာ့ lockdown ခ်ဖို႔မရိွေလာက္ပါဘူး ဘာျဖစ္လို႔လဲဆိုလို႔ရိွရင္ အခု Lockdown ကက်ေနာ္တို႔သိပ္မခ်ေတာ့တာက Lockdown မခ်ပဲနဲ႔ အဲဒီေနရာေတြ ကန္႔သတ္ရင္လည္းအဆင္ေျပတယ္ ကန္႔သတ္လုိက္ရင္ Positive ရွိတဲ့အိမ္ေလးကို က်ေနာ္တို႔ Lockdown မခ်ေတာ့ပဲနဲ႔ ကန္႔သတ္ထားတယ္” ဟု ေျပာသည္။

လက္ရိွ ခ်င္းျပည္နယ္တြင္ Facility Quarantine ျပဳလုပ္ထားသူ စုစုေပါင္း ၁၈၆ ဦးရိွျပီး Covid-19 ပိုးေတြ႔လူနာ ၅ ဦးရွိသည္။ ျမန္မာႏုိင္ငံတြင္ ပထမဆံုး Covid-19 ပိုးေတြ႔ရွိခဲ့သည့္ တီးတိန္ၿမိဳ႕နယ္မွ လူနာအမွတ္(၁) သည္ ဧၿပီလ ၃၀ ရက္ေန႔နံနက္ပိုင္းက ႏွစ္ႀကိမ္ဆက္တိုက္ေရာဂါလကၡဏာမျပေတာ့ဘဲ က်န္းမာေရးေကာင္မြန္သည့္ အတြက္ ေဆးရံုမွဆင္းသြားၿပီျဖစ္သည္။

Photo Credit: Chin land Post

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျှက်ရှိသည့် Covid-19 လူနာအမှတ် (၁၅၀) နှင့် ထိတွေ့မှုရှိခဲ့ကြသူ အယောက်(၅၀) နီးပါးကို Facility Quarantine ပြုလုပ်ထားသည်ဟု ဟားခါးမြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြင့်ဦးကပြောသည်။

လူနာအမှတ်(၁၅၀) နှင့်ထိတွေ့ခဲ့သူအများစုမှာ သူမ၏ကျေးရွာ သီဖူးလ်ကျေးရွာကဖြစ်ကြပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့တွင်နေထိုင်သူများလည်းပါဝင်ကာ ဟားခါးကော်လိပ်အဆောင်တွင် Facility Quarantine အဖြစ် (၂၁) ထားရှိကြမည်ဖြစ်သည်။

ဟားခါးမြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြင့်ဦးက “ သူနဲ့ထိတွေ့ခဲ့သူအားလုံးက ၄၈ ဦးရှိတယ် အခု သူတို့ကဟားခါးကော်လိပ်အဆောင်မှာထားတယ်၊ အခုသူနဲ့အနီးစပ်ဆုံးလူတွေကို ကျနော်တို့ပြန်ရွေးထုတ်ပြီးတော့ ကျန်းမာရေးဌာနမှရွေးချယ်တဲ့သူတွေကို အဓိကစမ်းစစ်ကြည့်မှာပေါ့၊ သူနဲ့စပ်ဆက်တဲ့သူတွေ မကူးဆက်ဖို့ကလည်း အရေးကြီးတယ်လေ၊ သူသွားလည်တဲ့အမျိုးတွေရော သယ်ငယ်ချင်းတွေရော ပြီးတော့ သီဖူးလ်ကို လာလည်တဲ့သူတွေလည်း သူနဲ့ပတ်သက်ခဲ့တဲ့သူတွေ အကုန်လုံးပါတယ် သီးဖူးလ်ရွာကလည်းပါတယ် ၊ ထန်တလန်က သူနဲ့ကားပေါ်အတူစီးလာတဲ့သူတွေ (၈) ရောက်ပါတယ်” ဟု ပြောသည်။

လူနာအမှတ် ၁၅၀ သည် တရုတ်နိ်ုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဟားခါးမြို့ န.တ.လ ကျောင်းတွင် Facility Quarantine ဝင်ရောက်ကာ ဧပြီလ ၂၉ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင် ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သူမသည့် တရုတ်နိုင်ငံမှပြန်ရောက်လာသည့်အချိန်တွင် Quarantine ချက်ချင်းဝင်ရောက်ခြင်းမရှိဘဲ ကလေးမြို့တွင် ၁၀ ရက်တည်းခိုခဲ့သလို သူမ၏ ကျေးရွာတွင်လည်း တစ်ပတ်ခန့်နေထိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါ သူမနှင့်ထိတွေ့မှုရှိခဲ့ သည့် ပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးကာ Facility Quarantine အဖြစ်ထားရှိကြခြင်းဖြစ်သည်။

အိမ်ခြေ (၆၀) ခန့်ရှိသော သီးဖူးလ်ကျေးရွာသည် ဟားခါးမြို့နှင့် (၁၀) မိုင်ခန့်ကွာဝေးသည်ဟုသိရသည်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “သူနှင့်ဆက်စပ်တဲ့သူတွေ Quarantine ချရတာ အများကြီးတော့ပါသွားတယ်၊ သီဖူးလ်ကတော့ lockdown ချဖို့မရှိလောက်ပါဘူး ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခု Lockdown ကကျနော်တို့သိပ်မချတော့တာက Lockdown မချပဲနဲ့ အဲဒီနေရာတွေ ကန့်သတ်ရင်လည်းအဆင်ပြေတယ် ကန့်သတ်လိုက်ရင် Positive ရှိတဲ့အိမ်လေးကို ကျနော်တို့ Lockdown မချတော့ပဲနဲ့ ကန့်သတ်ထားတယ်” ဟု ပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင် Facility Quarantine ပြုလုပ်ထားသူ စုစုပေါင်း ၁၈၆ ဦးရှိပြီး Covid-19 ပိုးတွေ့လူနာ ၅ ဦးရှိသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် တီးတိန်မြို့နယ်မှ လူနာအမှတ်(၁) သည် ဧပြီလ ၃၀ ရက်နေ့နံနက်ပိုင်းက နှစ်ကြိမ်ဆက်တိုက်ရောဂါလက္ခဏာမပြတော့ဘဲ ကျန်းမာရေးကောင်မွန်သည့် အတွက် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.