Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

0
By Editor on June 16, 2025 Headline

(004SS)

ချင်းပြည်နယ် ဟွာလ်ငိုးရမ်း‌ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ကောင်းမွန်စွာလည်ပါတ်နိုင်ရန်နှင့် ပြည်သူများ ပိုမိုလုံခြုံ မှုရှိစေရန် HPO/CDF-Hualngo ram က ဟွာလ်ငိုးရမ်ဒေသကို State of Emergency အဖြစ်‌ ယနေ့ကြေညာလိုက်သည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့တွင် HPO/ CDF- Hualngoram ၏ Office Bearer အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဟွာလ် ငိုးရမ်း၏ လက်ရှိအခြေ အနေကို ဆွေးနွေးသုံးသပ်ပြီးနောက် State of Emergency ကြေညာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ CNO/ CNDF ဘက်က ထိုးစစ်ဆင်လာတာတွေများနေလို့။ “ရိ”အပေါ်ကရွာ Khawthlir ရွာမှာ CNO/ CNDF က ဂိတ်အသစ် ဖွင့်လာတော့ ပြီးခဲ့တဲ့ တစ်ပါတ်လုံးမှာ ပြည်သူတွေကို အသွားအလာစီစစ်တာတွေ လုပ်နေ တယ်။ ဈေးသွားဈေးလာလုပ်နေတဲ့ သူတွေကို အရင်က စစ်ကောင်စီလိုမျိုး ဖုန်းတွေကို ဖွင့်ကြည့်ပြီး စစ်တာတွေများနေတော့ ပြည်သူတွေ ဒုက္ခရောက်နေတယ်။ ဟွာလ်ငိုးရမ်ဒေသထဲမှာ ဒီလိုဖြစ်နေတာ HPO/CDF-Hualngoram အနေနဲ့ ဘာမှ မလုပ်တော့ဘူးလား။ ပြည်သူတွေ အရမ်းဒုက္ခ‌ရောက်နေတယ်။ ဖြေရှင်းပေးပါ ဆိုတော့ ကျွန်တော်တို့ အနေနဲ့လဲ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လိုအပ်သလိုအရေးယူလို့ရအောင် State of Emergency ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်” ဟု HPO/CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဤကြေညာချက်ကို ဇွန်လ ၁၆ ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက်မထုတ်ပြန်မီအထိ အကြုံးဝင်မည်ဟု သိရသည်။

Khuathlir ကျေးရွာရှိ CNO/CNDF ၏ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွား လာသည့်ပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးသည့်အပြင် ငွေကြေးများ တောင်ခံကာ ငွေကြေးမပေးနိုင်သူများအား ဖြတ်သန်းခွင့်မပေးဘဲ ပြန်လွှတ်သည်ဟု ၎င်းကပြောသည်။

ဟွာလ်ငိုးရမ်အတွင်းရှိ အချို့သော CNO/CNDF စစ်ဆေးရေးဂိတ်များတွင် ပြသာနာမဖြစ်သော်လည်း Khawthlir ဂိတ်တွင်မူ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်မရှိသည်မှာ တစ်ပါတ်ခန့်ရှိပြီဟု ဆိုသည်။

“အခု Khawthlir မှာက သူတို့ ဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကို ဟိုမေးဒီမေး လူမျိုးခွဲခြားသလိုနဲ့ CDF- Hualngoram supporter ဆို ပိုက်ဆံတောင်းတာတို့၊ ဖြတ်ခွင့်မပေးတာတို့ ရှိနေလို့။ အခုလို ပြည်သူတွေကို အနှောက်အယှက်ပေးတဲ့ အစုအဖွဲ့တွေကို ဘယ်လို အရေးယူမယ်ဆိုတာတော့ order မရှိပါဘူး။ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ပြည်သူတွေ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ဖို့ CDF-Hualngoram က လိုအပ်သလို စီစဉ်ဆောင်ရွက်နိုင်အောင် HPO က အခွင့်အလမ်းပေးထားတာဖြစ်ပါတယ်” ဟု HPO/CDF-Hualngoram မှ ပြော‌ရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ယခုလိုတုန့်ပြန်ပြောဆိုသည်။

“Khawthlir မှာ ကျွန်တော်တို့ ဂိတ်ထားထားတာ ကြာပါပြီ CDF – Hualngoram လဲသိမှာပါ၊ ဒါပေမဲ့ အရင်တုန်းကတော့ လုံခြုံရေးကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်တာတော့ နည်းတာပေါ့နော်။ ကျွန်‌တော်တို့အဖွဲ့နှစ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားတဲ့နောက်မှာ စစ်ဆေးတာတွေလုပ်တယ်။ ငွေကြေးကောက်ခံတာ ဘာတစ်ခုမှမရှိပါဘူး။ ရှိခဲ့လို့ရှိရင်လည်းပြည်သူတွေ CNO/CNDF ထံတိုင်ကြားလို့ရပါတယ်။ ဘယ်ပြည်သူမဆို လွတ်လွတ်လပ်လပ်သွားလာလို့ ရပါတယ်။ ကျနော်တို့လုံခြုံရေးအရ ဖုန်းစစ်ဆေးတာတော့ရှိပါတယ်။ ဒီနေ့ပြောတဲ့ပုံစံလိုမျိုး ပိုက်ဆံမပေးလို့သွားခွင့်မပေးတာမရှိပါဘူး။ သူတို့ကပဲ khawthlir မှာရှိတဲ့သူတွေကို တီအိုဘက်ကို ဝင်ခွင့်မပေးဒါပဲရှိပါတယ်” ဟု ဆလိုင်းတီမီကပြောသည်။

Khawthlir ရွာသည် အိန္ဒိယ- မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှ ဖလမ်းမြို့ဘက်သို့ သွားလာရာတွင် အဓိက အသုံးပြုသော လမ်းမပေါ်တွင်တည်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.