Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အင်တာနက်လိုင်းဖြတ်တောက်မှုကြောင့် ပလက်ဝမြို့နယ် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ အခက်တွေ့

အင်တာနက်လိုင်းဖြတ်တောက်မှုကြောင့် ပလက်ဝမြို့နယ် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ အခက်တွေ့

0
By Editor on July 2, 2019 Headline

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြားတိုက်ပွဲဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် (၈) ခုနှင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ယနေ့အချိန်ထိ အင်တာနက်လိုင်းများ အသုံးပြု၍မရသေးသည့်အတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်ကြုံနေကြရသည်။

အင်တာနက်လိုင်းဖြတ်တောက်ခြင်းများကြောင့် ငွေလွှဲငွေထုတ်လုပ်ငန်းများ လုပ်ကိုင်၍မရတော့သည့်အပြင် ပြည်သူများအနေဖြင့် သတင်းအချက်အလက် သိရှိခွင့် မရတော့ကြောင်း ပလက်ဝမြို့နယ်လူ မှုကူညီရေး ပရဟိတအဖွဲ့မှ ဦးဝေတန်းကပြောသည်။

“ကျနော်တို့က ပိုက်ဆံလွှဲတာတို့ဘာတို့ကျရင်ထုတ်လို့မရဘူး အဲဒါတစ်ချက် သတင်းအချက်အလက်ဒေတာတွေကျနော်တို့ သိခွင့်မရတာ အဲဒါလေးတွေပေါ့ ကျနော်တို့က အလှူရင်ဖိတ်ခေါ် လို့မရတာ အဲဒီသုံးချက်အခက်အခဲဖြစ်စေတယ် အလုပ်ကိစ္စငွေလွှဲတဲ့အခါမှာလည်း စာတော့ဖုန်းမှာဝင်တယ် အင်တာနက်လိုင်းမရတာခါကျတော့ ငွေကထုတ်လို့မရဘူးဖြစ်နေတယ် အဲလိုအခက်အခဲလေးတွေကြုံရတယ် ကျနော်တို့ ပလက်ဝမှာ wave money ရှိတယ် CB လည်းရှိတယ် နောက် မြန်မာ့စီးပွားရေးဘဏ်ရှိတယ် မြန်မာ့စီးပွားရေးဘဏ်ကတော့ အဆင်ပြေလားမသိဘူး wave money ကတော့ အဆင်မပြေဘူးဖြစ်နေတယ် ” ဟု ဦးဝေတန်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့ကစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး ၊ ကျော်တော်၊ မင်းပြား၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြေပုံ နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် အင်တာနက်လိုင်းများကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အင်တာနက်လိုင်းများ ပိတ်လိုက်သည့်အတွက်ကြောင့် အစိုးရ၀န်ထမ်းများအနေဖြင့် ဌာနဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုကြုံတွေ့နေကြရပြီး အမြန်ဆုံးပြန်ဖွင့်ပေးစေချင်သည်ဟု ပလက်ဝမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။

“ကျနော်တို့ အင်တာနက်နဲ့ပဲ အလုပ်လုပ်တာပေါ့နော် အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အီးမေးလ်တွေပို့တာကအစ အင်တာနက်ကိုအသုံးပြုတာဖြစ်တယ် အဲဒီတော့ အခုဆိုရင်တော့ ရက်တော်တော်လေးကြာသွားပြီ တစ်ပတ်ကျော်ပေါ့နော် အဲလိုဖြစ်တော့ အလုပ်လုပ်ရတာ နည်းနည်းလေးတော့ အခက်အခဲရှိတယ်၊ လုပ်ငန်းနှောင့်နှေးတာရယ်၊ မြန်မြန်ဆန်ဆန်လုပ်လို့မရဘူး အရင်က အင်တာနက်လိုင်းရတဲ့အချိန်မှာ ဓာတ်ပုံတွေ အစီရင်ခံစာတွေလေးတွေပို့ရတာအဆင်ပြေတယ်လေ အခုက Fax ကလည်းအဆင်မပြေဘူး စာတိုက်ကပို့ပေးတာအလုပ်ကြန့်ကြာတာပေါ့” ဟု အဆိုပါဝန်ထမ်းကပြောသည်။

ယခုကဲ့သို့ အင်တာနက်လိုင်းပိတ်လိုက်သည့်အပေါ် ပြောဆိုဝေဖန်မှုများမြင့်တက်လာနေပြီး အင်တာနက်လိုင်း များအမြန်ဆုံးပြန်လည်ဖွင့်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇွန်လ (၂၉) ရက်နေ့က တောင်းဆိုခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.