Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမေရိကန်အခြေစိုက် Angel Group မှ CNF/ CNA ရဲမေများအတွက် မော်တော်ဆိုင်ကယ် ၉ စီးနှင့် အမျိုးသမီးအသုံးအဆောင်များ လှူဒါန်း

အမေရိကန်အခြေစိုက် Angel Group မှ CNF/ CNA ရဲမေများအတွက် မော်တော်ဆိုင်ကယ် ၉ စီးနှင့် အမျိုးသမီးအသုံးအဆောင်များ လှူဒါန်း

0
By Editor on April 4, 2024 Khonumthung

(004SS)

အမေရိကန်အခြေစိုက် Angel Group မှ CNF/ CNA ရဲမေများအတွက် မော်တော်ဆိုင်ကယ် ၉ စီးနှင့် အခြားလိုအပ်သော အမျိုးသမီး အသုံးအဆောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့တွင် Angel Group မှ Scooter အမျိုးအစား မော်တော်ဆိုင်ကယ် ၃ စီးအား လှူဒါန်းခဲ့ခြင်းဖြစ်ရာ လွန်ခဲ့သော မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင်လည်း Kenbo ဆိုင်ကယ်များ လှူဒါန်းခဲ့ပြီးဖြစ်ကာ စုစုပေါင်း ဆိုင်ကယ် ၉ စီး လှူဒါန်းခဲ့ကြောင်း ၎င်းအဖွဲ့အစည်း၏ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် အကျီများ၊ ဖိနပ်များ၊ အဝတ်အထည်များ၊ အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အစားအစာများ၊ အတွင်းခံများနှင့် လိမ်းဆေးများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဤရဲရင့်သော၊ ကိုယ်ကျိုးမဖက်သော အမျိုးသမီးများသည် အရာရာကို စတေးခဲ့ပြီး၊ သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုလေးစားပါတယ်” ဟု Angel Group က ၎င်းတို့စာမျက်နာတွင် ဖော်ပြသည်။

ထိုသို့ တိုင်းပြည်နှင့် လူမျိုးများအတွက် တဖက်တလှမ်းမှ ပါဝင်ချင်သူများအနေဖြင့် Angel Group သို့ လစဉ် အမေရိကန် \ဒေါ်လာ 20$ လှူဒါန်းခြင်းအားဖြင့် ၎င်းတို့၏လှုပ်ရှားမှုများတွင် ပါဝင်နိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။

Angel Group သည် ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ချင်းအမျိုးသမီးအဖွဲ့ငယ်တစ်ဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး ရဲမေများကို ထောက်ပံ့ရန်အတွက် ဖွဲ့စည်းသည့် ကူညီ‌ေရးအဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.