Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းများ စတင်ကောက်ယူ၊ India For Myanmar က အပြင်းအထန်ကန့်ကွက်ရှုတ်ချ
ပုံစာ- မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်စခန်းတချို့

အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းများ စတင်ကောက်ယူ၊ India For Myanmar က အပြင်းအထန်ကန့်ကွက်ရှုတ်ချ

0
By Editor on August 1, 2023 Headline

(03PT)

အိန္ဒိယနိုင်ငံတွင် ၀င်ရောက်ခိုလိုနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းများကို အိန္ဒိ ယအစိုးရက စတင်ကောက်ယူနေသည့်အပေါ် India For Myanmar အဖွဲ့က အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ချက်ချင်းရပ်တန့် ရန် တောင်းဆိုလိုက်သည်။ 

အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် မြန်မာနိုင်ငံစစ်ရေးကြောင့် မဏိပူရ်ပြည် နယ်နှင့် မီဇို ရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်း (Bio matric) ကို ဇူလိုင် ၂၉ ရက်နေ့မှစတင်ကာ စက်တင်ဘာလအထိ အပြီး ကောက်ယူရန် သက်ဆိုင်ရာပြည်နယ် အစိုးရတို့က စတင်ဆောင်ရွက် နေကြပြီဟုသိရသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ဒီ Biometric ကို တစ်ခြား မတရားတဲ့ နည်းလမ်းနဲ့သုံးမှာကို စိုးရိမ်တယ်။ ဒီနိုင်ငံရေးကြောင့် စစ်ရှောင်လာတဲ့သူတွေ၊ ဥပမာ CDM တွေ၊ ရဲ၊ စစ်သား၊ စစ်ရှောင် တွေ၊ နိုင်ငံ‌ရေးကိစ္စကြောင့် ဝရမ်းပြေးလာတဲ့သူတွေ၊ ဒီအိန္ဒိယဖက်မှာ ခိုလှုံလာတဲ့သူတွေကို ဖမ်းဆီးပြီးတော့မှ မြန်မာ နိုင်ငံကို ပြန်ပို့မှာကို စိုးရိမ်တယ်၊ နောက်ပြီး‌တော့ မူးယစ်ဆေးဝါးမှုကိစ္စအပါဝင် မဏိပူရ်ပြည်နယ် ပဋိပက္ခက မြန်မာနိုင် ငံသားတွေ ကြောင့်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိခဲ့ပြီဆိုတော့ ဒီလို ရာဇတ်မှုတွေ‌ပေါ်မှာ အဲ့ဒီ Biometric ကို အသုံးချပြီးတော့မှ စွပ်စွဲချက်တွေဖြစ်လာမှာကိုလည်းစိုးရိမ်စရာရှိတယ်။ ဒီလိုစိုးရိမ်ချက်တွေကြောင့် ကျွန်တော်တို့ ကွန့် ကွက်ရတာဖြစ်တယ်” ဟု ပြောသည်။ 

Biometric (ဇီဝမှတ်တမ်း) ကောက်ယူခြင်းဆိုသည်မှာ လူတဦးချင်းစီ၏ မတူညီသော တမူထူးခြားသော ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) အပြုအမူဆိုင်ရာလက္ခဏာများကို နည်းပညာအသုံးပြု သိမ်းဆည်းပြီး လူတဦးချင်းစီအား ခွဲခြားမှတ်တမ်းတင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဇီဝဗေဒဆိုင်ရာ အချက်အလက်များတွင် လက်ဗွေများ၊ မျက်နှာပုံများ၊ မျက်လုံးစကင်န်များ၊ DNA ပရိုဖိုင်၊ အသံများနှင့် အခြားအရာများ ပါဝင်သည်ဟုသိရသည်။ 

စစ်ဘေးရှောင်မြန်မာပြည်သားအား အတင်းအဓမ္မ ဇီဝမှတ်တမ်းကောက်ယူခြင်းသည် ပုဂ္ဂလိက လွတ်လပ်ခွင့် (Right to Privacy) ကို ချိုးဖောက်ခြင်းဖြစ်ပြီး မှတ်တမ်းများကို စုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းသည် လူတဦးချင်စီ၏ ကိုယ်ရေးကိုယ်တာဘဝများသို့ ဝင်ရောက်ချယ်လှယ်ခြင်း ဖြစ်ကြောင်း India For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မည်သို့သောအချက်အလက်မဆို ကောက်ယူပါက ကြိုတင်အသိပေးထားသော သဘောတူညီမှု (Informed Consent) နှင့် မိမိဆန္ဒအလျောက် (Voluntary) ဒုက္ခသည်များက အချက်အလက်ပေး သည့် ဖြစ်စဉ်ဖြစ်ရမည်ဟုလည်း India For Myanmar ကဆိုသည်။

ထို့အပြင် အိန္ဒိယနိုင်ငံသို့အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အတွက် စီးပွားရေး၊ လူမှုရေးအဆင်မပြေမှုများ ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံခံစားနေရသည့် မြန်မာပြည်သူများအား စာနာစိတ်ကင်းမဲ့စွာ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးစီ၏ စိတ်ဆန္ဒကိုလျှစ်လျူရှု၍ အတင်းအဓမ္မ ဇီ၀မှတ်တမ်း ကောက် ယူခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချသည်ဟု India For Myanmar ကဆိုသည်။ 

ဒုက္ခသည်များအား ဇီ၀မှတ်တမ်းကောက်ယူမှုသည် ထောက်လှမ်းရေးနည်းပညာအသုံးပြု၍ ပြည်သူများ၏ လှုပ်ရှားမှု များအား စောင့်ကြည့်ခြင်းဖြစ်ပြီး မြန်မာစစ်အုပ်စုနှင့် အနီးကပ်သံတမန်ဆက်ဆံရေးရှိနေသည့် အိန္ဒိယ အစိုးရထံသို့ အချက်အလက်များပေးအပ်ရန် မြန်မာဒုက္ခသည်များအနေဖြင့် အာဏာအလွဲသုံးစားပြုလုပ်ခံရမည် ကို စိုးရိမ်ပူပန်မှု တိုးပွားနေသည်ဟုလည်းသိရသည်။ 

ဆလိုင်းဒိုခါရ်က “ဒီရရှိတဲ့ အချက်လက်လေးတွေကို အိန္ဒိယအစိုးရအနေနဲ့ စကစနဲ့ပူးပေါင်းပြီးတော့မှ အချက်လက် တွေကို ပူးပေါင်းသွားမှာကို စိုးရိမ်တယ်။ နောက်ပြီးတော့ အခုချိန်မှာလည်း နောက်တစ်ချက်ရှိတာက စကစဖက်ကနေ Biometric ကောက်ထားတာတွေရှိတယ်။ ရွေးကောက်ပွဲအကြောင်းပြပြီးတော့ကောက်တယ်။ ဒါပေမဲ့ ဒီအချက်ကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် တိုက်တိုက်ဆိုင်ဆိုင်နဲ့ Biometric ကို စကစ နဲ့ အိန္ဒိယအစိုးရ ပူးပေါင်းပြီးတော့မှ မြန်မာနိုင်ငံသားတွေအပေါ်မှာ ကောက်ခံသလိုဖြစ်တယ်’’ ဟု ပြောသည်။ 

ပုံစာ- မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်စခန်းတချို့

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.