Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ နယ်စပ်အရေးနှင့်ပတ်သက်သော အိန္ဒိယဗဟိုအစိုးရ၏ အမိန့်စာမိတ္တူကို ZORO မီးရှို့ဖျက်ဆီး

အိန္ဒိယ-မြန်မာ နယ်စပ်အရေးနှင့်ပတ်သက်သော အိန္ဒိယဗဟိုအစိုးရ၏ အမိန့်စာမိတ္တူကို ZORO မီးရှို့ဖျက်ဆီး

0
By Editor on January 29, 2025 Khonumthung

(005MK)

အိန္ဒိယ-မြန်မာ နယ်စပ်အကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာခွင့်ကန့်သတ်လိုက်သည့် အိန္ဒိယဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရတို့၏ အမိန့်ထုတ်ပြန်စာ မိတ္တူကို ZORO အဖွဲ့က ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) က အိန္ဒိယ-မြန်မာ နယ်စပ် အရေးနှင့်ပတ်သက်၍ အိန္ဒိယဗဟိုအစိုးရသဘောထားကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မှာ ယင်းအမိန့်ထုတ်ပြန်စာ မိတ္တူကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးသည့်အခမ်းအနားကို ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့အပါအဝင် Champhai, Lunglei, Kolasib, Serchhip, Minbung, Vaphai နှင့် မဏိပူရ်ပြည်နယ် Tengnopal, Chandel ခရိုင်တို့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ခန့်ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံ ပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ နှစ်နိုင်ငံ ပြည်သူများ နယ်စပ်ကတဆင့် ဝင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်တင်းကြပ်လိုက်သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပြည်သူများသည် ဆွေးမျိုးတွေ့ဆုံခြင်း၊ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အားကစား၊ ကျန်းမာရေး၊ အစည်းအဝေး၊ ယဉ်ကျေးမှုဖလှယ်ခြင်း စသည့် ကဏ္ဍများအတွက် Border Pass (နယ်စပ်ဖြတ်ကျော်ခွင့် ကဒ်ပြား) များရယူပြီးမှသာ ဖြတ်သန်း သွားလာခွင့်ရှိမည်ဖြစ်သည်။

Border Pass ရယူနိုင်သည့်သူများမှာ နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင်နေထိုင်သူများသာဖြစ်ပြီး ယင်းကဒ်၏ သက်တမ်းမှာလည်း ၇ ရက်သာအသက်ဝင်မည်ဖြစ်သည်။ ၇ ရက်ပြည့်သည့်အခါ ကဒ်ထုတ်ယူခဲ့သည့်နေရာတွင် ပြန်လည်အပ်နှံပြီး မိမိနေရပ်ကို ပြန်သွားရမည်ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံတကာနယ်နိမိတ်၏ ပိုင်ခြားမှုကြောင့် တစ်နိုင်ငံစီဖြစ်သွားကြရသည့် ဌာနေတိုင်း ရင်းသားလူမျိုးများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး FMR စနစ်ကို အမြန်ဆုံးပြန်လည်ခွင့်ပြုကာ နှစ်နိုင်ငံပြည် သူများ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ပြန်လည်ခွင့်ပြုရန် ZORO အဖွဲ့က တောင်းဆိုထားသည်။

Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး(ချင်း) မျိုးနွယ်စုများ ပြန်လည် ပေါင်းစည်းနေထိုင် ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.