Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၄ နှစ်တာ တော်လှန်ရေးအတွင်း CDF ပလက်ဝ ရဲဘော် ၈ ဦး ကျဆုံး၊ ၁၇ ဦး ဒဏ်ရာရ

၄ နှစ်တာ တော်လှန်ရေးအတွင်း CDF ပလက်ဝ ရဲဘော် ၈ ဦး ကျဆုံး၊ ၁၇ ဦး ဒဏ်ရာရ

0
By Editor on April 30, 2025 Headline

ULA/AA နှင့် CDF – ပလက်ဝကြား အလုပ်သဘော ဆက်ဆံရေး တည်ဆောက်ထားဟု ဆို

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ပလက်ဝသည် တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၈ ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်က CDF – ပလက်ဝတပ်ဖွဲ့၏ ၄ နှစ်ပြည့် တပ်ဖွဲ့တည်ထောင်ခြင်း အခမ်းအနားကို လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပခဲ့သည်။

“ကျဆုံးတဲ့ ရဲဘော်က ၈ ဦးလောက် ရှိတယ်။ ဒဏ်ရာ ရတာ၊ ကိုယ်အင်္ဂါစွန့်လွတ်ရတာတွေလည်း ပါတယ်။ ၁၇ ဦး ဝန်းကျင်လောက် ရှိပါတယ်။ စခန်းတွေ၊ မြို့သိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲပေါင်းက ၃၀ ကျော် ဆင်နွှဲခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေ မပါဝင် တဲ့အခါမှာ ချင်းပြည်နယ်က အိမ်နီးနားချင်းက ချင်းတပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီးမှ စကစကို တိုက်ခိုက်ခဲ့တာ ရှိသလို၊ တခြား မဟာမိတ်တွေနဲ့လည်း စကစကို ပစ်ခတ်ခဲ့တာတွေ ရှိခဲ့တယ်” ဟု CDF – Paletwa စစ်ဦးစီးချုပ် Salai Jashua က ပြောသည်။

တော်လှန်ရေး ၄ နှစ်တာအတွင်း မတူပီမြို့နယ်ထဲက စစ်ဆင်ရေးများ၊ တွန်းဇန်၊ ကျီခါး စခန်းသိမ်းတိုက်ပွဲများ၊ ထန်တလန် စခန်းသိမ်းတိုက်ပွဲအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲပေါင်း ၃၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

CDF – ပလက်ဝ တပ်ဖွဲ့ကို စစ်ဦးစီးချုပ် ကွပ်ကဲမှုအဖြစ် ပြင်ဆင်ဖွဲ့စည်းထားပြီး တပ်ရင်း ၄ ရင်း၊ စစ်ရေးကဏ္ဍဖြစ်သည့် ဦးရေထောက်ပြုလုပ်ရန်အပါအဝင် ဌာန ၆ ခုဖြင့် ဖွဲ့စည်းထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် ဒေသအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော် ULA/ AA နှင့်လည်း အလုပ်သဘော ဆက်ဆံရေးကို ကောင်းမွန်စွာ တည်ဆောက်ထားသည်ဟု သိရသည်။

“(AA)သူတို့နဲ့က ကျနော်တို့က တင်းမာတဲ့ အခြေအနေမှာတော့ မရှိပါဘူး။ ဒါပေမယ့် မဟာမိတ်အဆင့် အထိလည်း မဟုတ်ဘူး။ နှစ်ဦး နှစ်ဖက် အပြန်အလှန် အလုပ်လုပ်လို့ ရအောင် တည်ဆောက်ထားတဲ့ ဆက်ဆံရေး တခုတော့ ရှိပါတယ်။ ကျနော်တို့ပြည်သူ တွေရဲ့ အကျိုးကို ရှေ့ရှုပြီးတော့ ပလက်ဝကို ရေရှည်အတွက်ရော၊ လက်ရှိအဆင်ပြေဖို့ အတွက်ရော နှစ်ဦးနှစ်ဖက်၊ အပြန်အလှန် လေးစားမှုနဲ့ အလုပ်လုပ်နေပါတယ်။ အဲလိုမျိုး ဆက်ဆံရေးက ကျနော်တို့ဆီမှာ ရှိပါတယ်” ဟု CDF – Paletwa စစ်ဦးစီးချုပ် Salai Jashua က ပြောသည်။

ချင်းပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံးအနေဖြင့် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် စခန်းသိမ်း တိုက်ပွဲများတွင် CDF – ပလက်ဝသည် တတ်နိုင်သည့် ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် သိရသည်။

CDF ပလက်ဝ တပ်အင်အား တည်ဆောက်နိုင်ရေးအတွက်လည်း ရန်ပုံငွေ ကမ်ပိန်းတခုကို လက်ရှိကာလတွင် ပြုလုပ်နေပြီး ပြည်တွင်းပြည်ပ ပြည်သူများ ကူညီထောက်ပံ့ပေးကြရန်လည်း CDF – Paletwa စစ်ဦးစီးချုပ်က မေတ္တာရပ်ခံသည်။

“ကမ်ပိန်း လုပ်ရခြင်းက အင်အားတည်ဆောက်ဖို့ဖြစ်ပါတယ်။ အင်အားတည်ဆောက်တယ်ဆိုတာ ကျနော်တို့အတွက်ပဲ မဟုတ်ဘူး။ ချင်းပြည် တပြည်နယ်လုံးကနေ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းပြီးမှ စစ်အာဏာ ရှင်စနစ်ကို တိုက်ထုတ်ရမှာ ဖြစ်လို့ ကိုယ့်အဖွဲ့အစည်းက အင်အားရှိမှ အဲဒီအရာကို လုပ်ဆောင်နိုင်မှာမို့ ပြည်သူတွေအနေနဲ့လည်း ပလက်ဝက လွတ်မြောက်ဧရိယာ ဖြစ်ပါတယ်ဆိုပြီးမှ ဒီ့အတိုင်း ထားတာ မဟုတ်ပဲနဲ့ ကျနော်တို့ကလည်း အာဏာရှင်စနစ် လွတ်မြောက်ရေး တထောင့်တနေရာကနေ အုပ်တချုပ်၊ သဲတပွင့်အနေနဲ့ ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်မှာမို့ ပံ့ပိုကူညီပေးဖို့ တောင်းဆိုလိုပါတယ်” ဟု CDF – Paletwa စစ်ဦးစီးချုပ်က ပြောသည်။

CDF – ပလက်ဝသည် ကျပ်သိန်း ၅၀၀၀ ကမ်းပိန်းကို ပြုလုပ်နေပြီး ကမ်ပိန်းကာလ ရက်ပြည့်ရန် ၁၅ ရက်သာ လိုအပ်ချိန်တွင် ၁၉.၈ ရာခိုင်နှုန်းသာ ရရှိထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.