Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်နှင့် ဆောမြို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံး

ကန်ပက်လက်နှင့် ဆောမြို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံး

0
By Editor on September 15, 2021 Khonumthung

ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် ဆောမြို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Kanpetlet မှ ထုတ်ပြန်ထားသည်။

“မနေ့က ဆောနဲ့ ကန်ပက်လက်ကြားမှာ ဆောကနေတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကန်ပက်လက်ဖက်ကနေ ကျွန်တော်တို့က ဖြတ်တိုက်တဲ့သဘောပါပဲ၊ စစ်ကောင်စီဖက်က ၁၀ ဦးထက်မနည်း ကျတာပေါ့၊ ဒီနေ့မှာတော့ ကျွန်တော်တို့ကို မြေပြင်အခြေအနေကို တိုက်ပွဲလက်တွေ့ဝင်နေတဲ့ ကျွန်တော်တို့စီကို သတင်းမပို့သေးဘူး၊ ထိတွေ့မှုတွေရှိတယ်လို့ပြောတယ်၊ အထိအခိုက်တွေ ဘယ်လိုဖြစ်တယ်ဆိုတာတွေကို မသိရသေးဘူး” ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက တစ်ဦးကပြောသည်။

CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲတွင် စစ်ကောင်စီဖက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပြီး ပစ်ခတ်မှုတွေရှိခဲ့သော်လည်း CDF-Kanpetlet ဘက်မှ အထိအခိုက်မရှိကြောင်းလည်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်လည်း CDF-Kanpetlet နှင့် စစ်ကောင်စီ ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦး သေဆုံးမှုရှိခဲ့သည်ဟု သိရပြီး ယနေ့ မနက်ပိုင်းတွင်လည်း ကန်ပက်လက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကို လတ်တလော မသိရှိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.