Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျည်ဆံကုန်လည်း တူမီးနဲ့ ဆက်လက်ရင်ဆိုင်မယ် – CDF-Kanpetlet

ကျည်ဆံကုန်လည်း တူမီးနဲ့ ဆက်လက်ရင်ဆိုင်မယ် – CDF-Kanpetlet

0
By Editor on March 7, 2022 Headline

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ်ဘက်ကို သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာနေပြီး CDF-Kanpetlet တပ်ဖွဲ့က လက်နက် နဲ့ ကျည်ဆံမလုံလောက်မှုကြောင့် ဆုတ်ခွါစနစ်နဲ့ခုခံတော်လှန်နေရပြီး လက်နက်ကျည်ဆံကုန်သွား လည်း တူမီးသေနတ်နဲ့ဖြစ်ဖြစ် ခုခံကာကွယ်သွားမယ်လို့ CDF-Kanpetlet တပ်မမှူးကပြောပါတယ်။

“အခုက ကျနော်တို့ တတ်နိုင်သလောက် ရှိတဲ့လက်နက်လေးနဲ့ ခုခံတယ် ဒါပေမယ့် ကျည်ဆံကုန်တဲ့အခက်အခဲတွေဖြစ် လာတယ် ကာကွယ်ရေးအတွက်အတော်လေးအခက်ခဲဆုံးအခြေအနေဖြစ်လာတယ် စစ်ကောင်စီဘက်ကလည်း ဘယ်လို ရည်ရွယ်ချက်နဲ့ ကန်ပက်လက်ကိုဦးတည်နေသလဲတော့မသိဘူး ဒါပေမယ့်ကျနော်တို့ ကျည်ဆံကုန်ရင်လည်း ရှိတဲ့ တူမီးနဲ့ဖြစ်ဖြစ် ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ခုခံဖို့ပြင်ဆင်နေကြတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ် ရှင်းလက်မွန်ဘက်ကို ကျောက်ထုဘက်ကနေ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး CDF-Kanpetlet တပ်ဖွဲ့တို့နဲ့ မတ်လ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက် ၇ ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

“ကျနော်တို့ကန်ပက်လက်CDF တပ်ရင်းတစ်ရင်းအထိုင်ချတဲ့နေရာ အဲဒီမှာ စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင်လာကြတယ် တိုက်ပွဲဖြစ်ကြတာ သူတို့ ၇ ယောက်လောက်သေတယ် ကန်ပက်လက်ဘက်ကို ဦးတည်ပြီးမှ စစ်ကြောင်းထိုးလာကြတယ်” လို့ CDF-Kanpetlet တပ်မမူးကပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာနဲ့ ဆောမြို့နယ်ဆွဲလွဲကျင်းရွာအကြား မှာ စစ်ကောင်စီတပ်နဲ့ CDF-Kanpetlet တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ သေဆုံးသွားတဲ့ သူတို့တပ်သားတွေရဲရုပ်အလောင်းတွေကို လမ်းဘေးတဲအိမ်တစ်အိမ်မှာ စုထားပြီး တဲအိမ်နဲ့အတူ မီးရှို့ခဲ့ကြတယ်လို့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.