Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

မင်းတပ်-မတူပီလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

0
By Editor on April 7, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သို့ အင်းအားဖြည့်တင်းရန် မင်းတပ်ဘက်မှ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တို့ ယနေ့မနက်ပိုင်းက မင်းတပ်-မတူပီလမ်း မိိုင်တိုင် ၈၇ တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု CDF- Matupi က ထုတ်ပြန်သည်။

မတူပီမြို့မှ ၁၅ မိုင်ခန့်အကွာ မင်းတပ်-မတူပီလမ်းတွင် ယနေ့နံနက်ပိုင်း ၆ နာရီ ၄၀ ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့တို့ တစ်နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

CDF-Matupi ပြန်ကြားရေးတာဝန်ခံက “ဒီမနက်် ခြောက်နာရီကျော်ကနေစပြီးတော့မှ ၁ နာရီနီးနီး ထိတွေ့မှုရှိတယ်။ သူတို့က ညကမိုင်တိုင် ၈၆ မှာအိပ်တယ်ဆိုတော့ အဲ့ကနေပြန်ထွက်မှာ ထိတွေ့မှုဖြစ်တယ်။ ကျွန်တော်တို့ဖက်က အထိအခိုက်မရှိဘူး။ စကစဖက်တော့ ၅ ဦးကျဆုံးတယ်” ဟု ပြောသည်။

မတူပီမြို့အခြေစိုက် တပ်ရင်းစခန်းများမှ မတူပီ-မင်းတပ်လမ်းပေါ်ရှိ ချန်းပြန်း (က) ရွာဟောင်းဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်သမ်းပစ်ခတ်လျှက်ရှိပြီး CDF- Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီယာဉ်တန်းသည်လည်း ၂ ရက် ၃ ရက်အတွင်း မတူပီမြို့သို့ ဝင်ရောက်လာနိုင်သည်ဟု သိရသည်။

တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၈၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် စစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန်အတွက် မင်းတပ်မြို့မှ မတ်လ ၂၅ ရက်နေ့ကတည်းက ထွက်ခွါလာပြီး လမ်းခရီးတစ်လျှောက်တွင် CDF-Mindat တပ်ဖွဲ့နှင့်အကြိမ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မင်းတပ်နှင့် မတူပီမြို့သည် ၁၀၂ မိုင်ခန့်သာကွာဝေးပြီး စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့မှ စတင်ထွက်ခွါလာသည်မှာ ၁၃ ရက်ခန့်ရှိပြီဖြစ်သော်လည်း ၈၇ မိုင်အထိသာ ရောက်ရှိနိုင်သေးသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၇၇ တွင် နေအိမ်တစ်လုံးနှင့် မိုင်တိုင် ၈၄ (ရမ်တီန်းကျေးရွာ) တွင် နေအိမ် ၂ လုံးတို့ကို မီးရှို့ဖျက်စီးခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“၇၇ မိုင်မှာ မီးရှို့တာက တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို အိမ်မှာ တခါတည်းထည့်ပြီးတော့ အိမ်ပါတခါတည်း မီးရှို့တယ်လို့ ကျွန်တော်တို့ သတင်းရရှိပါတယ်။ စုစုပေါင်းအိမ်မီးရှို့တာတော့ ၃ လုံးပေါ့” ၎င်းကပြောသည်။

ရမ်တိန်းကျေးရွာသည် မတူပီမြို့မှ ၁၈ မိုင်ခန့်ကွာဝေးပြီး လူဦးရေ ၃၀၀ ခန့်နှင့် အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.