Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၁၁ ချက် မီဇိုရမ်အစိုးရက ထပ်မံထုတ်ပြန်

စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၁၁ ချက် မီဇိုရမ်အစိုးရက ထပ်မံထုတ်ပြန်

0
By Editor on October 3, 2022 Khonumthung

မြန်မာ့နိုင်ငံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၁၁ ချက်ကို အိုင်ဇောလ်မြို့ ကောမီရှင်နာမင်းကြီး (Deputy Commissioner) က စက်တင်ဘာလ ၂၈ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်လိုက်သည်။

အိုင်ဇောလ်မြို့ Deputy Commissioner မှ ထုတ်ပြန်ကြေညာလိုက်သော ယင်းစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို မြန်မာဘာသာဖြင့် ဆီလျှော်အောင် ပြန်ဆိုထားပါသည်။

၁။ ရပ်ကွက် (သို့) ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ရပ်/ကျေးအဆင့်ဖွဲ့စည်း ထားသော စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အကြောင်းကြားရမည်။ ရပ်/ကျေးအဆင့်စစ်ဘေးရှောင်ကော်မတီများနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များဖြည့်သွင်းကာ နယ်မြေအရာရှိထံကြားနာပြီးနောက် ကော်မီရှင်နာမင်းကြီးရုံးသို့ အိုင်ဇောလ်မြို့တွင် စစ်ဘေးရှောင်အသိမှတ်ပြုကဒ် (identity Card) ပြုလုပ်ရမည်ဖြစ်သည်။

၂။ အိုင်ဇောလ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်း (Relief Camp) များတွင်နေထိုင်ကြမည့် မည်သူမဆို Deputy Commissioner ၏ ခွင့်ပြုချက် (သို့မဟုတ်) ၎င်း၏ ကိုယ်စားပြုတစ်ဦးဦးထံမှ ခွင့်ပြုချက်အရင်ရှိထားရမည်။

၃။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မီဇိုရမ်ပြည်နယ်အတွင်း ပြဌာန်းထားသော ဥပဒေနှင့် ရပ်၊ရွာ စည်းမျည်းစည်းကမ်းများအား ဆန့်ကျင်ပြီး နေထိုင်ခြင်းမပြုရ။ ထို့အပြင် အိန္ဒိယ၏ ဥပဒေများကိုလည်း လိုက်နာရမည်ဖြစ်ပြီး မည်သူမျှမချိူးဖောက်ရ။

၄။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် မိမိတို့သဘောဆန္ဒဖြင့် ဆိုင်ခန်းများ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရ။ တည်ဆဲဥပဒေများကို လိုက်နာရမည်။

၅။ မြန်မာစ်စဘေးရှောင်များအနေဖြင့် (စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူများသာ) အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်မည်ဆိုပါက စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ (သို့မဟုတ်) ရပ်၊ကျေး စစ်ဘေးရှောင်ကော်မတီများထံ အကြောင်းကြားပြီး ထိုမှတဆင့် အိုင်ဇောလ်မြို့ Deputy Commissioner ရုံးသို့ ထပ်မံအကြောင်းကြားကာ ကော်မီရှင်နာမင်းကြီးက ပြောင်းရွှေ့ခွင့် (Permit) ပေးရမည်။

၆။ ခရီးသွားလိုသည့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် Deputy Commissioner ၏ ခွင့်ပြုချက် (သို့မဟုတ်) ရပ်၊ ကျေး စစ်ဘေးရှောင်ကော်မတီများ (သို့မဟုတ်) စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ (Movement Permit) ပြောင်းရွှေ့သွား လာခွင့်လက်မှတ်ရှိထားရမည်။

၇။ မြန်မာစစ်ဘေးရှောင်ပြည်သများအနေဖြင့် မီဇိုရမ်ပြည်နယ်တည်ဆဲဥပဒေ ‘the Mizoram Land Revenue Act, 2013’ အရ မည်သူမျှ အိမ်ခြံမြေ ဝယ်ယူခွင့်မရှိသည့်အပြင် ပိုင်ဆိုင်ခွင့်လည်း မရှိစေရ။ အိမ်ခြံမြေပိုင်ရှင်များကလည်း ဥပဒေကိုချိူးဖောက်ပြီး အိမ်ခြံမြေရောင်းဝယ်ခြင်း၊ လွှဲအပ်ခြင်းမရှိစေရ။

၈။ မြန်မာစစ်ဘေးရှောင်များအနက် မော်တော်ဆိုင်ကယ်၊ ယာဉ်များ ပါလာသူရှိသည့်အတွက် သက်ဆိုင်ရာ ရပ်၊ကျေး စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အသိပေးအကြောင်းကြားရမည်။

၉။ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော စစ်ဘေးရှောင်ပြည်သူများအနက် တရားဝင်လမ်းကြောင်းဖြင့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာသူ၊ ဥပဒေဘောင်အတွင်း မော်တော်ယာဉ်မောင်းနှင်ခွင့်ရှိသူ International Driving Permit (IDP) လိုင်စင်ကိုင်ဆောင်ထားသူမှလွှဲ၍ မည်သူကမှ မည်သည့်ယာဉ်အမျိုးအစားကိုမဆို မောင်းနှင်ခွင့်မရှိစေရ။

၁၀။ မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် တရားမဝင်သည့်လမ်းကြောင်းဖြင့် Aadhar Card/Voters-ID/Driving License စသည့်တို့ကို ပြုလုပ်ခွင့်မရှိစေရ။

၁၁။ အထက်ပါ စည်းမျည်းစည်းကမ်းနှင့် အသိပေးမှုများကို မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာကြရန် အသိပေးတောင်းဆိုပါသည်။ ယင်းစည်းကမ်းသတ်မှတ်ချက်များအား လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အပြစ်ပေးအရေးယူခံရမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.