Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်နှင့်ဗုံးကြဲသော စစ်ကောင်စီယာဉ်မောင်းများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်မြေကွက် ချီးမြင့်မည်ဟု CDF-Mindat ပြော

မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်နှင့်ဗုံးကြဲသော စစ်ကောင်စီယာဉ်မောင်းများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်မြေကွက် ချီးမြင့်မည်ဟု CDF-Mindat ပြော

0
By Editor on April 21, 2023 Headline

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လေယာဉ်မောင်းသူများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်ဖိုးရှိသော မြေကွက် ချီးမြှင့်မည်ဟု CDF-Mindat က ကြေညာသည်။

ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ပြီး စစ်ကောင်စီသည် မင်းတပ်မြို့နယ် ကျေးရွာများအတွင်းရှိ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိပြီး ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ပြည်သူ့အိုးအိမ် ပျက်စီးမှုများစွာနှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက် ခိုက်သော စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များအား စုံစမ်းဖော်ထုတ်လျှက်ရှိသည်ဟု CDF-Mindat က ဆိုသည်။

ယင်းစုံစမ်းမှုအရ ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် လေယာဉ်မောင်းသူ ၂ ဦးမှာ ဗိုလ်မှူးနေဝင်းကျော်နှင့် ဗိုလ်မှူးသက်လင်းမောင် တို့ဖြစ်ကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က အထူးအားကိုးသည့် Pilot များဖြစ်ကြောင်း ကြားသိရသည်ဟု CDF-Mindat ကြေညာချက်တွင် ဖော်ပြထားသည်။

ထို လေယာဉ်မောင်းနှင်းသူ နှစ်ဦးတို့မှာ နေပြည်တော်၊ တံတားဦးနှင့် မှော်ဘီမြို့နယ် စသည့် ၃ နေရာအတွင်းရှိ Yak အုပ် စစ်ဆင်ရေးကို ဦးဆောင်အုပ်ချုပ်တာဝန်ယူနေသူ ဒု-ဗိုလ်မှူးကြီး ရဲဇော်နိုင်လက်အောက်တွင် တာဝန်ယူထမ်းဆောင်နေကြသူများဖြစ်ကြကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် မင်းတပ်မြို့နယ် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒု-ဗိုလ်မှူးကြီးရဲဇော်နိုင်နှင့် လေယာဉ်မောင်းသူ (Pilot) နှစ်ဦးတို့နှင့်တူ ပူးပေါင်းသူများအား အပြစ်ပေးစီရင်ကာ သက်သေပြနိုင်သည့် အဖွဲ့အစည်းများကို ကျပ်ငွေ ၅၀၀ သိန်း တန်ဖိုးနှင့်ညီမျှသော မြေတကွက်အား ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ Chin Defense Force – Mindat က ထုတ်ပြန်ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.