Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်း-မကွေးနယ်စပ်ဖက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

ချင်း-မကွေးနယ်စပ်ဖက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

0
By Editor on April 27, 2023 Headline

မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်က ၇ ဦးသေဆုံးခဲ့သည်ဟု CDF-Mindat က ယမန်နေ့က သတင်းထုတ်ပြန်သည်။

ကျောက်ထုမြို့နယ်မှ မင်းတပ်မြို့နယ်စပ်ဘက် ရေရှင်ဖက်ကို ဦးတည်ကာ စစ်ကြောင်းထိုးလာသော အင်အား အယောက် ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို Chinland Defense Force-Mindat ၊ Chinland Defense Force-Kanpetlet နှင့် ယော The Youth Force စသည့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီ ၂၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိနစ် ၃၀ ခန့်အကြာ ပြင်းထန်စွာဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်းစီဖက်မှ တပ်သား ၇ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသည့်အပြင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၆၀ မမ ဗုံးသီးတစ်လုံး၊ ၄၀ မမ တစ်လုံးတို့အပါင်ဝင် MA1 ကျည်ပေါက် နှစ်ခုနှင့် နာဂါပို့ကျည် လေးခု သိမ်းဆည်းခဲ့ရမိခဲ့သည်ဟု CDF-Mindat က ဆိုသည်။

ယင်းတိုက်ပွဲတွင် CDF-Mindat အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ကျောက်ထုမြို့မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် မင်းတပ်မြို့အကျော် ၄ မိုင်ခန့်အကွာရှိ ကန်ပက်လက်လမ်းခွဲတွင် CDF-Mindat အဖွဲ့နဲ့ ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ ဧပြီ ၂၆ ရက်နေ့ မနက် ၇ နာရီအချိန်တွင် ထပ်မံ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း CDF-Mindat က ဆိုသည်။

ဧပြီ ၂၂ ရက်နေ့ကလည်း မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်ရင်းမှ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၃ ဖက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနီးတစ်ဝိုက် ရွာရှိ ပြည်သူနေအိမ် ၃ လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.