Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNF ဌာနချုပ်အနီး တလန်လိုကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ အရပ်သား ၂ ဦးသေဆုံး

CNF ဌာနချုပ်အနီး တလန်လိုကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ အရပ်သား ၂ ဦးသေဆုံး

0
By Editor on April 28, 2023 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်လိုကျေးရွာကို စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီကျော်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သား ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းမှ ၇ မိုင်ခန့်ကွာဝေးသော တလန်လိုကျေးရွာကို စစ်ကောင်စီတိုက်လေယာဉ်က ယနေ့မွန်းလွဲပိုင်း ၃ နာရီခွဲခန့်တွင် လာရောက်ဗုံးကြဲသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တလန်လိုကျေးရွာက CDM ဆရာမ Dimte နှင့် Pu Hram Ceu တို့ သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် လူနေအိမ်အနည်းဆုံး ၅ လုံးထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းမှာ ဟားခါး-ထန်တလန်ကြား သီမြစ်ချောင်းအနီးက ၎င်းတို့စခန်းငယ်တစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် ယခုကဲ့သို့ အရပ်သားများနေထိုင်သော ကျေးရွာကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့သည် ယနေ့မနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က သီမြစ်ချောင်းအနီး စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ခဲ့ကြပြီး နောက်ထပ်စခန်း ၂ ကို ထပ်မံသိမ်းပိုက်ရန် တိုက်ခိုက်စဉ်မှာ စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြန်ဆုပ်ခွါခဲ့ရသည်ဟု သိရသည်။

သီမြစ်ချောင်းအနီး စခန်းသိမ်းတိုက်ပွဲတွင် CNA ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီဖက်ကလည်း အကျအဆုံးများနိုင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ တစ်လအတွင်းမှာ ချင်းပြည်နယ်တွင် တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီဖြစ်သည်။

Photo- Salai William Hlawnceu

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.