Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNF ဌာနချုပ်အနီး တလန်လိုကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ အရပ်သား ၂ ဦးသေဆုံး

CNF ဌာနချုပ်အနီး တလန်လိုကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ အရပ်သား ၂ ဦးသေဆုံး

0
By Editor on April 28, 2023 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်လိုကျေးရွာကို စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီကျော်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သား ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းမှ ၇ မိုင်ခန့်ကွာဝေးသော တလန်လိုကျေးရွာကို စစ်ကောင်စီတိုက်လေယာဉ်က ယနေ့မွန်းလွဲပိုင်း ၃ နာရီခွဲခန့်တွင် လာရောက်ဗုံးကြဲသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တလန်လိုကျေးရွာက CDM ဆရာမ Dimte နှင့် Pu Hram Ceu တို့ သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် လူနေအိမ်အနည်းဆုံး ၅ လုံးထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းမှာ ဟားခါး-ထန်တလန်ကြား သီမြစ်ချောင်းအနီးက ၎င်းတို့စခန်းငယ်တစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် ယခုကဲ့သို့ အရပ်သားများနေထိုင်သော ကျေးရွာကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့သည် ယနေ့မနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က သီမြစ်ချောင်းအနီး စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ခဲ့ကြပြီး နောက်ထပ်စခန်း ၂ ကို ထပ်မံသိမ်းပိုက်ရန် တိုက်ခိုက်စဉ်မှာ စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြန်ဆုပ်ခွါခဲ့ရသည်ဟု သိရသည်။

သီမြစ်ချောင်းအနီး စခန်းသိမ်းတိုက်ပွဲတွင် CNA ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီဖက်ကလည်း အကျအဆုံးများနိုင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ တစ်လအတွင်းမှာ ချင်းပြည်နယ်တွင် တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီဖြစ်သည်။

Photo- Salai William Hlawnceu

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.