Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဟားခါး-မတူပီလမ်း ယာယီပိတ်ထား

CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဟားခါး-မတူပီလမ်း ယာယီပိတ်ထား

0
By Editor on May 11, 2023 Khonumthung

(03PT)

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်လုံခြုံရေးအခြေအနေကြေင့် ဟားခါး-မတူပီကားလမ်းကိုလည်း ယာယီပိတ်ထားလိုက်သည်ဟု သိရသည်။

CDF- Senthang ဌာနနချုပ်တပ်စခန်းနှင့် ခွါပီးကျေးရွာတို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်လာခဲ့သည်ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မေလ ၈ ရက်နေ့က ဗုံးကြဲထားတယ်။ ပြီးတော့ နောက် သုံးရက်လောက်ကြာတော့ ပြန်လည် ဗုံးကြဲသွားတယ်ဆိုတော့ နောက်‌ခေါက်ပြန်ပြီးတော့ မကြဲနိုင်ဘူးလို့ ပြောလို့မရသေးဘူးပေါ့နော်။ အဲ့တာကြောင့်မို့ ပြည်သူတွေ လုံခြုံဖို့အဓိကထားပြီးတော့ ခေတ်တ ပိတ်ထားတာပေါ့နော်“ ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ယနေ့မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု ရှိ/မရှိ မြေပြင်ဆက်သွယ်မှု အခက်ခဲကြောင့် တိကျသိရှိထားခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် ဟားခါး-မတူပီကားလမ်းကိုလည်း ယနေ့ မေလ ၁၁ ရက်နေ့ကစ၍ ယာယီပိတ်ပင်ထားသည်ဟု CDF-Senthang က ထုတ်ပြန်သည်။

CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာနှင့် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က Mi-35 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.