Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရွှေအောင်သာကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်း သေဆုံး

ရွှေအောင်သာကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်း သေဆုံး

0
By Editor on July 3, 2023 Khonumthung

(03PT)

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ အများပြား ဒဏ်ရာရှိပြီး CDF-Mindat က ထုတ်ပြန်သည်။

ရွှေအောင်သာကျေးရွာရှိ နှော်စေတီကုန်းအနီးတစ်ဝိုက်တွင် ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီမိနစ် ၂၀ မှ ၈ နာရီခွဲအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် (CDF-Mindat) တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ အများပြား ဒဏ်ရာရရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်အဖွဲ့ဖက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိတယ်လို့ CDF-Mindat က ဆိုသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ Jet-Fighter ယဉ်အမျိုးစား နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၇ နှစ်ကြိမ် လုပ်ဆောင်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိခိုက်အကျဆုံးမရှိကြောင်း သိရသည်။

ထို့အပြင် မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်သေဆုံးအခြေအနေ အတည်မပြုနိင်သေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.