Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်းငင်ရွာတွင် စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွား

သိုင်းငင်ရွာတွင် စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွား

0
By Editor on July 12, 2023 Khonumthung

(04SS)

ကလေးမြို့မှ ချင်းတောင်သို့သွားသည့် ကားလမ်းမပေါ်ရှိ သိုင်းငင်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ သိုင်းငင်ကျေးရွာတွင်တပ်ဆွဲသည့် စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ယနေ့မနက် ၅ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ယနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှ ၉ နာရီကျော်အထိ စစ်ကောင်စီတပ်က ကလေးမြို့ကနေ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ဆက်တိုက် လှမ်းပစ်နေကြောင်း လည်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် စစ်တပ်ကား ၆ စီးဖြင့် ကလေးမြို့မှ ချင်းတောင်သို့ တက်သွားကြသည်ဟု သိရသည်။

ခရီးသွားလူငယ်များအား PDF ဟု စွပ်ဆွဲကာ ဖမ်းဆီးနေသည့် သိုင်းငင်ကျေးရွာ စစ်ကောင်စီကင်းစခန်းအား သွားရောက်ပစ်ခတ်မည်ဟု လွန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် CDM-Siyin မှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သိုင်းငင်ကျေးရွာသည် ကလေးမြို့မှ ချင်းတောင် တီးတိန်-ရိခေါဒါရမ်နှင့် ဖလမ်း-ဟားခါးဘက်သို့သွားသည့် လမ်းစုံလမ်းခွတွင်တည်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲကာ ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်သည့်အတွက် ယခုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

ကလေး-သိုင်းငင်ကြား ပြည်သူများသည် ၎င်းထုတ်ပြန်သည့်နောက် လုံခြံုသည့်နေရာသို့ ပြောင်းရွှေ့နေကြပြီးဖြစ်ကာ စစ်ကောင်စီတပ်က ကလေးမြို့-ချင်းတောင် တီးတိန်၊ ဖလမ်း လမ်းမအား ယာဉ်ထွက်ခွင့် ပိတ်ပင်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.