(05MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့၀င် ၃ ဦးအပါအ၀င် ချင်းလူမျိုး ၄ ဦးကို မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော်နဲ့အတူ ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီးရမိသည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့က ထုတ်ပြန်သည်။
အာသံရိုင်ဖယ်တပ်နှင့် Tuipang ရဲတပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ ရှီဟာခရိုင် Zawngling ကျေးရွာအနီးတွင် ဇူလိုင် ၁၃ ရက်နေ့က ရှာဖွေစစ်ဆေးရာမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င် ၃ ဦးနှင့် အခြားတစ်ယောက် စုစုပေါင်း ၄ ဦးကို ဖမ်းဆီးခဲ့သည် အာသံရိုင်ဖယ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ India Today က ဖော်ြပသည်။
၎င်းတို့ထံမှ ရူပီးငွေ ၉ သိန်းကျော်နဲ့ညီမျှသော မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော်နဲ့ ဆိုင်ကယ် ၃ စီး၊ စကားပြောစက်တစ်လုံး သိမ်းဆည်းရမိသည်ဟု ဆိုသည်။
အာသံရိုင်ဖယ်တပ်ဖွဲ့၏ ဖော်ြပချက်အရ အဆိုပါငွေကြေးသည် လက်နက်၀ယ်ယူရန်ဖြစ်ပြီး ၎င်းတို့ကို Tuipang ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
လွန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Vaikhawtlang ရွာဟောင်းတွင် အာသံရိုင်ဖယ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့က မြန်မာနိုင်ငံသား ၂ ဦးအပါအ၀င် လူ ၄ ဦးထံမှ ဖောက်ခွဲရေးအတွက် အသုံးပြုသော ခဲယမ်းများ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။