Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အသွားလာမပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ က သတိပေး

ကလေးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အသွားလာမပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ က သတိပေး

0
By Editor on July 19, 2023 Khonumthung

(03PT)

ကလေးမြို့နယ်တွင် ည ၈ နာရီမှ မနက် ၄ နာရီအကြား ကားနှင့် ဆိုင်ကယ်တို့ဖြင့် အသွားလာမပြုလုပ်ကြရန် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CNO/CNDF Upper Chindwin Region က ဇူလိုင် ၁၅ ရက်နေ့မှာ အသိပေး ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ညအချိန်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူသေဆုံးမှုတိုးလာကာ လူနေအိမ်များလည်းထိခိုက်ပျက်စီးမှု များပြားလာခြင်းကြောင့် ပြည်သူများ၏ လုံခြုံရေးအတွက် ညတွင်း အသွားလာ မပြုလုပ်ကြရန် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း CNO/CNDF -Upper Chindwin Region က ဆိုသည်။

“ည ၈ နာရီကျော်ရင် မြောက်ပိုင်းရော၊ တောင်ပိုင်းရော တောင်ပေါ်ကနေ ဆင်းလာတဲ့ကားတွေ မြို့ထဲဝင်လာတဲ့အခါမှာ စကစဖက်ကနေ အမြောက်ကြီးနဲ့ထုတဲ့အခါကျတော့ လိုင်းဆွဲတဲ့ကားတွေရော၊ ကျွန်တော်တို့ မြို့တွင်းကားတွေရော အဲ့လိုမျိုး အသွားလာ နည်းနည်း ဆင်ခြင်ကြဖို့ထုတ်ပြန်လိုက်တာပါ” ဟု CNO/CNDF -Upper Chindwin Region တာဝန်ရှိသူကဆိုသည်။

ညမထွက်ရန်အမိန့်ကို ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်အတိုင်းလိုက်နာကြရန် CNO/CNDF-Upper Chindwind Region က တောင်းဆိုထားသည်။

လွန်ခဲ့သည် ဇူလိုင်လ ၆ ရက်နေ့က စစ်ကောင်စီ၏လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တာဟန်ရပ်ကွက်က အမျိုးသမီးတစ်ဦး‌ သေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် ဇူလိုင် ၁၄ ရက်ကလည်း စီးစံကျေးရွာက လင်မယား နှစ်ဦး သေဆုံးကာ အရပ်သားပြည်သူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.