Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါး-ထန်တလန်အကြားတိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ၃ ဦးကျဆုံး
Photo- The Chin Journal

ဟားခါး-ထန်တလန်အကြားတိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ၃ ဦးကျဆုံး

0
By Editor on July 19, 2023 Khonumthung

(04SS)

ချင်းပြည်နယ် ဟားခါး-ထန်တလန်အကြား သီးမြစ်လွင်ပြင်အနီးတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖက်က ရဲဘော် ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်ခန့်ကစ၍ သီးမြစ်လွင်ပြင်နှင့် ဗန်ခမ်းတောင်ကြားတွင် အင်အား ၁၅၀ ၀န်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဖက်က လက်နက်ကြီးများ အလွန်အကျွံအသုံးပြု ပစ်ခတ်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ နှင့် နီးစပ်သောသတင်းရင်းမြစ်ကဆိုသည်။

အဆိုပါတိုက်ပွဲတွင် CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် Salai Zoram Thang, Salai Cung Lian Uk နှင့် ချင်းအမျိုးသားတပ်မတော် CNA က ရဲဘော် Salai Bawi Hu Thawng တို့ကျဆုံးခဲ့ပြီး နောက်ထပ်ရဲဘော် ၇ ဉီး ခန့်လည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဖက်ကလည်း အနည်းဆုံး ၁၀ ဉီးခန့်ကျဆုံးမှုရှိသည်ဟုသိရသော်လည်း သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့နယ်အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လွန်ခဲ့သည့် မေလကုန်ပိုင်းကတည်းက စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးတ၀◌ိုက်တွင် ယနေ့ချိန်ထိတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.