(05MK)
မဏိပူရ်ပြည်နယ်တွင်း လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခအ၀၀ ခံစားနေကြရသော သွေးချင်းညီအကို ချင်း-ကူကီးအနွယ်၀◌င် လူနည်းစုတောင်တန်းများနှင့်အတူ ထပ်တူခံစားပြီး ၎င်းတို့နှင့်အတူရပ်တည်ကြောင်းပြသသည့်အနေဖြင့် လာမည်ဇူလိုင် ၂၅ ရက်နေ့၌ မီဇိုရမ်တပြည်နယ်လုံးတွင် ချီတက်ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်က အင်အားကြီးသောအရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် Central Young Mizo Asso ciation (CYMA), Mizo Upa Pawl (MUP), Mizo Hmeichhia Insuihkhawm Pawl (MHIP), Mizo Zirlai Pawl (MZP), Mizo Student Union (MSU) စသည့် ၅ ဖွဲ့ဖြင့်စုဖွဲ့ထားသော NGO Co-ordination Committee က မဏိပူရ်အရေးနှင့်ပတ်သက်၍ ဇူလိုင် ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံမှုတွင် မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခအ၀၀ ခံစားနေကြရသော မိမိတို့သွေးချင်း ညီအကို (Zohnahthlak ချင်း-လူရှိုင်း-ကူကီးအနွယ်၀◌င်များ) များနှင့်အတူ ထပ်တူခံစားကာ ၎င်းတို့နှင့်အတူရပ်တည်ကြောင်း မီဇိုရမ်တပြည်နယ်လုံးတွင် ဆန္ဒဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါနေ့တွင် မီဇိုရမ်ပြည်သူတရပ်လုံးအနေဖြင့် ပူးပေါင်းပါ၀◌င်ကြရန်လည်း NGO Co-ordination Committee က တောင်းဆိုထားသည်။
ဆန္ဒဖော်ထုတ်မည့်နေ့တွင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အိမ်တိုင်းအိမ်တိုင်းတွင် ၀မ်းနည်းခြင်းပြသသည့်အနေဖြင့် စောင်အနက်များ ဖြန့်ကျက်ချိပ်ထားကြရန်နှင့် ယင်းနေ့ တွင် အစိုးရ၀◌န်ထမ်း၊ ကျောင်းသား ကျောင်းသူ၊ စီးပွား ရေး လုပ်ငန်းရှင်များ၊ မော်တော်၊ ဆိုင်ကယ် ယာဉ်လိုင်း ဖြင့် အသက်မွေး၀◌မ်းကျောင်းပြုသူများအားလုံး မိမိတို့လုပ်ငန်းကို ထားခဲ့ပြီး အားလုံးပါ၀◌င်ကြရန် NGO Co-ordination Committee တောင်းဆိုထားသည်။
ထို့အပြင် မီဇိုရမ်မှာရှိနေကြသော ကသည်းလူမျိုးများအနေဖြင့်လည်း မိမိတို့လုံခြုံရေးအတွက် သတိထားကြရန် လည်း NGO Co-ordination Committee တောင်းဆိုထားသည်။
မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်း သားများ အတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည်တောင်းဆိုလာခဲ့ရာ မှ ယခုကဲ့သို့ပဋိပက္ခများစတင်လာခဲ့ခြင်းဖြစ်သည်။
ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင်တောင်တန်းသားများက စည်းလုံးညီညွတ်ရေးချီတက်ပွဲ “Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည့်အပြီးတွင် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား ပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီဟု Indigenous Tribal Leaders’ Forum (ITLF) က ပြောဆိုသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် ကူကီး (ချင်း) အမျိုးသမီး ၂ ဉီးကို ကသည်းလူအုပ်ကြီးက ဖမ်းဆီးကာ အ၀တ်ဗလာ ကိုယ်လုံးတီးဖြင့် ဖမ်းဆီးခေါ်ဆောင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာရုပ်သံ ပြန့်နှံ့လာခဲ့သည်။
အိန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ ယင်းဖြစ်ရပ်သည် မဏိပူရ်ပြည်နယ်တွင် အဓိကရုဏ်း စတင်ဖြစ်ပွားခါက မေလ ၄ ရက်နေ့က မဏိပူရ်ပြည်နယ် Kangpokpi ခရိုင် B Phainom ကျေးရွာတွင် ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးတို့မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည်ဟု သိရသည်။
အဆိုပါရုပ်သံတွင် ကသည်းလူအုပ်ကြီးက အ၀တ်ဗလာ ကိုယ်လုံးတီးဖြင့် ကူကီး (ချင်း) အမျိုးသမီး ၂ ဉီးကို ဖမ်းဆီးခေါ် ဆောင်လာြပီးနောက် လယ်ကွင်းပြင်ထဲသို့ခေါ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။
ယင်းဖြစ်စဉ်ကို မဏိပူရ်ပြည်နယ်ရဲစခန်းတွင် အမှုတိုင်ချက်ဖွင့်ခဲ့သော်လည်း ၂ လ ကျော်လာသည်အထိ ဘာအရေးယူဆောင်ရွက်မှုမှမရှိခဲ့ပေ။
ယခု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အဆိုပါရုပ်သံ ထွက်ပေါ်လာမှ အလွန်တုန်လှုပ်ချောက်ချားဖွယ် အကျည်းတန်ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာက သိရှိလာခဲ့ရကြခြင်းဖြစ်သည်။
အဆိုပါ ကူကီး (ချင်း) အမျိုးသမီး ၂ ဉီး၏ ဖြစ်စဉ်နဲ့ပတ်သက်၍ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကလည်း အလွန်တုန်လှုပ်ကာ အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ပြစ်မှုကျူးလွန်သူများကို ထိုက်တန်သော ပြစ်ဒဏ်များ ချမှတ်ရန်နှင့် လက်ပိုက်ကြည့်နေ၍ မရတော့ကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ြပထားသည်။