Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မကွေးတောင်ပိုင်းရှိ ရပ်ရွာနေလူထုကို အရှိချင်းတပ်နှင့် PIA တို့ ကျန်းမာရေးစောင့်ရှောက်မှုပေး၊ ငှက်ဖျားဆေး အပါအဝင် ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတောင်ပိုင်းရှိ ရပ်ရွာနေလူထုကို အရှိချင်းတပ်နှင့် PIA တို့ ကျန်းမာရေးစောင့်ရှောက်မှုပေး၊ ငှက်ဖျားဆေး အပါအဝင် ဆေးဝါးအကူအညီလိုအပ်နေ

0
By Editor on August 17, 2023 Khonumthung

(06SV)

မကွေးတိုင်းတောင်ပိုင်းရှိ တောင်ပေါ် ကျေးရွာနေ ပြည်သူလူထုကို အရှိုချင်းကာကွယ်ရေးတပ်နှင့် ပြည်သူ့လွတ်လပ် ရေးတပ်မတော်တို့မှ ရဲဘော်များက ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIA) တို့က မကွေးတောင်ပိုင်းရှိ ကျေးရွာနေ ပြည်သူများကို တပ်ရင်းများရှိ ဆေးဝါးများနှင့် အခမဲ့ကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်နေသည်ဟု အရှိချင်းကာကွယ်ရေးတပ်မှ ပြန်ကြားရေးမှူး ဆလိုင်ခနီးလေဗွေက ပြောသည်။ 

“စတင်ကုသပေးနေတာက ဂျူလိုင်လကတည်းကပါ။ ငှက်ဖျားရောဂါတွေ အဖြစ်များနေတာလည်း တွေ့ရတယ်။ လောလောဆယ် ငှက်ဖျားဆေး မရှိဘူး။ ငှက်ဖျားဖြစ်နေတဲ့ လူတွေအတွက် အခက်အခဲဖြစ်နေတယ်။ အဓိကက ဆေးဝါးတွေ လိုအပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေကို အတတ်နိုင်ဆုံး ဆက်လက်ကူညီသွားဖို့ ရှိတယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ပါဝင်အားဖြည့်ပေးကြပါဦး” ဟု သူက ပြောသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုနှင့် ထိခိုက်မှု များစွာရှိနေသော ယင်းဒေသက ကျေးရွာနေ ပြည်သူများမှာ ဆေးဝါးနှင့် ဆေးကုသရန် အလွန်ပင်ခက်ခဲနေကြောင်း၊ ယခု ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျံမှုများကြောင့် ပြည်သူများမှာ ပိုမိုအခက်အခဲကြုံတွေ့နေရပြီး အရေးပါ်အကူအညီများ လိုအပ်နေသည်။

ပူးပေါင်းတပ်ဖွဲ့သည် မကွေးတောင်ပိုင်းက ကျေးရွာ ၅ ရွာမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး တခြားကျေးရွာများကိုလည်း ဆက်လက်ပေးရန်ရှိသည်။

ယင်းဒေသတွင် ငှက်ဖျား၊ တုပ်ကွေး၊ ယားနာတွေကို အများဆုံး ကုသပေးခဲ့ရသည်။

ယင်းဒေသက ကလေးများသည် သံမချရသေးသော ကလေး အများအပြားကို တွေ့ရှိရသည့်အတွက် သံချရန် ဆေးဝါးများလည်း လိုအပ်နေသည်။

စစ်ကောင်စီတပ်၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ကျေးရွာနေ ပြည်သူများမှာ ဆေးဝါးနှင့် ရိက္ခာများ ရရှိနိုင်ရေးလည်း အလွန်ခက်ခဲနေသည်ဟု အရှိုချင်းကာကွယ်ရေးတပ်မှ သိရသည်။

တော်လှန်ရေးကာလအတွင်း လူထုဝန်ဆောင်မှုပေးရေး လုပ်ငန်းများကို တတ်နိုင်သလောက် ဖြည့်ဆည်းပေး၍ လူထုကို ကာကွယ်မှုပေးရန် ကြိုးစားအားထုတ်နေသည်ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIA) က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.