Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတပ်က သာစည်ရွာကို မီးတင်ရှို့ ‌အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပြာကျ၊ ထောင်နှင့်ချီသောပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရ
ပုံစာ - ကလေးမြို့တောင်ပိုင်း သာစည်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက် ပြည်သူ ၁ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်က သာစည်ရွာကို မီးတင်ရှို့ ‌အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပြာကျ၊ ထောင်နှင့်ချီသောပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရ

0
By Editor on August 24, 2023 Khonumthung

(04SS) 

ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာကို စစ်ကောင်စီတပ်က တစ်ပါတ်ကြာ မီးရှို့မှုကြောင့် ခန့်မှန်ခြေ ပြည်သူနေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားသည့်အပြင် ‌သာစည်ရွာနှင့် အနီးတဝိုက်ရွာများမှ ထောင်နှင့်ချီသော ပြည်သူများမှာ ဘေးလွှတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ကလေးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ 

ကလေးမြို့မှ ၃ မိုင်ခန့်ကွာ‌ဝေးပြီး ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာတည်ရှိသော သာစည်ကျေးရွာကို လွန်ခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ် ပျူစောထီး အဖွဲ့များပူးပေါင်းကာ ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ကလေးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

“၁၄ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက သာစည်ရွာထဲကို စတင်ဝင်ရောက်စီးနင်းလာတာပေါ့နော်၊ ဒီ ၁၄ ရက်နေ့မှာပဲ စတင်မီးရှို့ဖျက်ဆီးလာတာ ဒီနေ့နဲ့ဆို တစ်ပါတ်ရှိပြီပေါ့၊ ဒီတစ်ပါတ်အတွင်းမှာ အိမ်ခြေပေါင်း ၁၀၀ ကျော်မီးရှုခံရပြီဗျ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တဲ့အခါမှာ အိမ်တစ်အိမ်ကတော့ တောက်ရှောက် မီးလောင်သွားတယ်။ အဲဒီနောက် သာစည်ရွာထဲကို စစ်ကောင်စီက‌ရောက်လာပြီးတော့မှ လူကိုယ်တိုင်မီးရှို့ နေကြတယ်ဗျ” ဟု ၎င်းကပြောသည်။

သာစည်ရွာနှင့် အနီးတဝိုက်ရှိရွာများသည် စစ်ကောင်စီတပ်ဖွဲ့မှ မကြာခဏစစ်ကြောင်းထိုး‌လေ့ရှိသည့် ရွာများဖြစ်ပြီး ပြည်သူများမှာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်ရသည်မှာ အကြိမ်ပေါင်းမနည်းတော့ကြောင်း သူက ဆက်ပြောသည်။ 

လွန်ခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း သာစည်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာပေါင်း ၅ ရွာ‌‌ေကျာ်မှ ထောင်နှင့်ချီသောပြည်သူများသည် ကလေးမြို့ တောင်ပိုင်း စစ်ရှောင်စခန်း၊ နီးစပ်ရာကျေးရွာနှင့် ကလေးမြို့ပေါ်တွင် စစ်ဘေး‌တိမ်းရှောင်နေကြရကာ စားရေးသောက်ရေးအတွက် အခက်ကြုံနေကြရကြောင်း သိရသည်။

“လက်ရှိမှာကတော့ လုံခြုံစိတ်ချရတဲ့ နေရာမှာပေါ့နော်၊ စစ်ဘေးရှောင်တွေက နေရေးထိုင်ရေးမှာတော့ အဆင် ပြေနေတဲ့ အခြေအနေမှာရှိတယ်၊ သို့ပေမဲ့လည်း ရိက္ခာပိုင်းမှာတော့ အင်မတန်မှ အခက်အခဲ‌နဲ့ ရင်ဆိုင်နေရ တယ်ဗျ။ ဘာလို့လဲဆိုတော့၊ ကျွန်တော်တို့ဌာနကလဲ ကူညီပေးနိုင်တဲ့အခြေအနေမှာ မရှိသေးဘူးဗျ၊ ကျွန်တော် တို့လည်း အတတ်နိုင်ဆုံးရုန်းကန်ပြီးခါမှ ကူညီပေးတာတွေရှိတယ်။ အခုနောက်ပိုင်းတော့ မကူညီပေးနိုင်သေး ဘူး၊ ပြည်တွင်းပြည်ပက အကူအညီတွေ ကျွန်တော်တို့စီမရောက်သေးလို့ပေါ့နော် အဲလို အခက်အခဲတွေတော့ ရင်ဆိုင်နေရတယ်ဗျ“ ဟု စစ်ဘေးရှောင်များကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ သာစည်ရွာမီးရှို့သည့်အပြင် ရွာသား ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဟု သိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့က စစ်‌ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သာစည်ရွာသားတစ်ဦးနှင့် နွား ၂ ကောင် သေဆုံးခဲ့ပြီး အသက် ၅၇ နှစ် ဦးမန်းစိန် ညာဘက်လက်၊ ခြေထောက်နှင့် ဝမ်းဗိုက်တွင် ဒါဏ်ရာ အပြင်းအထန်ရခဲ့ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့မှ ဓါတုလက်နက်ဟုယူဆရသော လက်နက်များအသုံးပြုခြင်းကြောင့် တော်လှန်ရေးရဲဘော် ၇ ဦးနှင့် ပြည်သူ အယောက် ၂၀ တို့ထိခိုက်ပြီး အချိန်မီ ကုသနိုင်ခဲ့ခြင်းကြောင့် ယခုချိန်တွင် ပြန်လည်ကျန်းမာလာပြီဟု သိရသည်။

“အဲဒါက သူတို့ ပစ်လိုက်တဲ့ လက်နက်ကြီးပေါ့နော် ၆၀ မမ လိုဟာကို ပစ်လိုက်တယ် မြေပြင်မှာ ကျသွားတဲ့အခါ အခိုးတွေအများကြီး ထွက်လာတယ်ပေါ့ အဲဒီအခိုးငွေ့တွေ ရှူရှိုက်မိတဲ့ ရဲဘော်တွေက ချက်ချင်းကို မူးလဲသွားတာပေါ့။ အဲတော့ ဆေးဝါး‌တွေနဲ့ ချက်ချင်း ကုသပေးနိုင်ခဲ့လို့ အခုဆိုရင် အားလုံးအဆင်ပြေသွားကြပြီဗျ” ဟု စစ်ဘေးရှောင်များကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူက ပြောသည်။ 

ယခုလက်ရှိ ကလေးမြို့တောင်ပိုင်း သာစည်ရွာအနီးတွင် ထိတွေ့တိုက်ပွဲမဖြစ်သော်လည်း စစ်ရေးတင်မာလျက်ရှိရာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.