Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်မှာ ဆောက်လက်စ မီးရထားလမ်းတံတားပြိုကျမှု ၂၀ ထက်မနည်းသေဆုံး

မီဇိုရမ်ပြည်နယ်မှာ ဆောက်လက်စ မီးရထားလမ်းတံတားပြိုကျမှု ၂၀ ထက်မနည်းသေဆုံး

0
By Editor on August 24, 2023 Khonumthung

(05MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် ဆိုင်းရန်ကျေးရွာအနီးတွင် ဆောက်လက်စ မီရထားလမ်းတံတားပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်း ၉ နာရီခွဲ၀န်းကျင်ခန့်မှာ ဘိုင်ရဘီး-ဆိုင်းရန်ကြား ဆက်သွယ်မည့် ဆောက်လက်စ မီးရထားလမ်းတံတား အမှတ် ၁၉၆ သည် ရုတ်တရက်ပြိုကျခဲ့ပြီး ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသူ ၂၆ ဦးသေဆုံးကာ ယနေ့ညနေပိုင်း ၅ နာရီခွဲအထိ ရုပ်အလောင်း ၁၈ လောင်း ထုတ်ယူရရှိပြီဟု မီဇိုရမ်ကလာသောသတင်းများတွင် ဖော်ပြသည်။

ယင်းတံတားသည် ဆိုင်းရန်ကျေးရွာ Zero point အနီး Kurung ချောင်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ကိုလည်း အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယ၀န်ကြီးချုပ်၊ ပြည်ထဲရေး၀န်ကြီး နှင့် မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်တို့ကလည်း သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ၀မ်းနည်းပူဆွေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေသို့ မီဇိုရမ်ပြည်နယ် လမ်းပန်းပို့ဆောင်ရေး၀န်ကြီးနှင့် လွှတ်တော်အမတ်တချို့တို့လည်း ရောက်ရှိခဲ့ကြပြီး တံတားပြိုကျမှုအခြေအနေများကို လေ့လာခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.