Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်မြို့နယ် ကျန်းမာရေးဌာနမှ Non-CDM ၆၀ ဦးကို အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက် ပအဖ ကြေညာ

ကန်ပက်လက်မြို့နယ် ကျန်းမာရေးဌာနမှ Non-CDM ၆၀ ဦးကို အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက် ပအဖ ကြေညာ

0
By Editor on August 30, 2023 Khonumthung

(06SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကျန်းမာရေးဌာနမှ Non-CDM (၆၀) ဦးကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဩဂုတ် ၂၈ ရက်မှာ ကြေညာလိုက်သည်။

“လောလောဆယ်တော့ အကျင့်ပျက်ဝန်ထမ်းလို့ သူတို့ကို သတ်မှတ်လိုက်တဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေးအောက်မှာ နယ်လှည့်ဆေးကုသမှုတွေရော ကျန်းမာရေးဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ သူတို့ကို လုံးဝ အသုံးပြုမှာ မဟုတ်ပါဘူး။ သူတို့ကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာမှ ပူးပေါင်းပါဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ အခု blacked list ထုတ်ပြန်သူတွေကို ပြည်သူ့ အုပ်ချုပ်ရေးရဲ့ ဆေးကုသမှုတွေနဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံးကို လုပ်ကိုင်ခွင့်လည်း ပေးမှာ မဟုတ်ပါဘူး။ နောင်တချိန်မှာ ပြည်သူ့အုပ်ချုပ်ရေးရဲ့ ဝန်ထမ်းစာရင်းထဲမှာ လည်း ထည့်မှာ မဟုတ်ပါဘူး” ဟု ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကန်ပက်လက်မြို့ ပအဖမှ CDM/Non – CDM စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးတွေ့ရှိရသဖြင့် အမည်ပျက်ဝန်ထမ်းများအဖြစ် ကြေညာခြင်းဖြစ်သည်ဟု သိရသည်။

သို့သော် ယခုစာရင်းမှာ ပါဝင်နေသော CDM ဝန်ထမ်းများ ရှိပါက ခိုင်လုံသောအထောက်အထားဖြင့် CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု သိရသည်။

ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ဌာန ၁၁ ခုရှိပြီး ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များကလွဲ၍ ကျန်သော ကျေးရွာပေါင်း ၁၀၀ ကျော်တွင် CDM ကျန်းမာရေးဝန်ထမ်း ၁၀၀ နီးပါးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဟု သိရသည်။

ကျန်းမာရေးဝန်ဆောင်မှုကို မိုဘိုင်းကျန်းမာရေးစနစ်နှင့် အထိုင် ကျန်းမာရေးဆေးခန်းများဖွင့်လှစ်၍ တမြို့နယ်လုံးနီးပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟု ကန်ပလက်-ပအဖမှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကန်ပက်လက်မြို့နယ်မှ ဌာနအသီးသီးက Non-CDMများကို အမည်ပျက်စာရင်းထည့်သွင်းခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ဇူလိုင် ၄ ရက်ကလည်း ကန်ပက်လက်မြို့နယ်၊ ပညာရေးဌာနမှ ဝန်ထမ်း ၈၀၀ ကျော်ထဲက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော Non CDM ဝန်ထမ်း ၃၂၂ ဦးကိုလည်း အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.