(04SS)
ယောဒေသ အနောက်ဂန်ဂေါရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးေပါင်းတပ်ဖွဲ့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက် ၃ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒါဏ်ရာရရှိကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၇ ရက်နေ့ညေနအေစာပိုင်းတွင် စိုင်ဒူးရွာမှ အနောက်ဂန့်ဂေါရွာဘက်သို့ ဝင်ရောက်လာသည့် ဂန့်ဂေါမြို့ အခြေချ ခလရ ၅၀မှ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပျူစောထီး အင်အား ၈၀ ဝန်းကျင်နှင့် CDF -KKG ၊ CDF- Hakka ၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ပူးပေါင်းတပ်ဖွဲ့တို့ အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
“သူတို့အနောက်ဂန်ဂေါရောက်တော့ ၃ ဖွဲ့ကညှိပြီးတောမှ ပစ်ကြတယ်၊ အဲမှာ ပြည်သူတွေက လက်နက်ကြီးနဲ့ ရွာထဲကိုမပစ်ဖို့၊ မလိုအပ်ရင်မသုံးဖို့ ပြောထားလို့ လက်နက်ငယ်နဲ့ပဲဝင်ပစ်တာဗျ။ အဲမှာ သူတို့ဘက် သေနတ်ဒါဏ်ရာရတဲ့ထဲမှာ ရာထူးကြီးတဲ့တစ်ယောက်လဲပါတယ် လို့ပြောတယ်၊ ၃ ယောက်သေတာ သေချာတယ်ဗျ၊ တိုက်ပွဲမှာက သူတို့က ရွာထဲမှာ အခြေချထားတာ အဲတာဝင်ပစ်ကတာဆိုတော့ လက်နက် သိမ်းဆည်းရမိတာတော့မရှိဘူးဗျ။ ပြောရရင် ကျွန်တော်တို့ကျတော့ လက်နက်မပြည့်စုံတာလဲပါတာပေါ့၊ သူတို့ဘက်က လက်နက်မျိုးစုံနဲ့ပြီးတော့ လူအင်အားလဲ မမျှဘူးပေါ့၊ ကျွန်တော်တို့ဘက်က တစ်ယောက် ရင်ဘတ်မှာ ကြည်စမှန်လို့ ဒါဏ်ရာရထားတယ်၊ မစိုးရိမ်ရပါဘူးဗျ။” ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ပြန်ကြားရေးတာ၀◌န်ခံ ရဲဘော် လူလှက ပြောသည်။
ထို့နောက် ဂန့်ဂေါ ခလရ (၅၀) စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သား လင်မယားနှစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ မစိုးရိမ်ရဒါဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးေနာက် အနောက်ဂန့်ဂေါ ၊ ရှုံးရှီကျေးရွာ နှင့်တချို့ကျေးရွာများမှ ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အလွန်ခက်ခဲနေကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့သည် အနောက်ဂန်ဂေါရွာသို့ စစ်ကြောင်းထိုးနေစဉ် အနောက်ဂန့်ဂေါသွားရာ ကြိုးတံတားဖြတ်သန်းနိုင်ရန်အတွက် လုံဟော့ရွာသား အရပ်သားပြည်သူ ၂၀ ကျော်အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယခုတွင် ၎င်းတို့အား ပြန်လည်လွတ်ပေးခဲ့ပြီဟု သိရသည်။